အပိုင်း (၂၀) သဘောကောင်းတဲ့ ယောက္ခမလောင်း

723 86 15
                                    

အပိုင်း (၂၀)

🍀Perth တယောက် ကားလေးကို ခြံဝန်းလေးထဲ မောင်းဝင်လာခဲ့သည်
Saint ကတော့ ယောက္ခမလောင်းနှင့် တွေ့ရတော့မှာမို့ ရင်တုန်နေ ရင်း perth က သူ့ကို ဘယ်လိုပုံစံနှင့် မိတ်ဆက်ပေးမလဲကို ရင်တုန်နေမိသည်
Perth: လာလေ ကိုကိုရဲ့ ဘာ ခုမှ တွန့်နေတာလဲ baby မားနဲ့ မိတ်ဆက်ပေးမို့ကို
Saint: သြော် baby ရဲ့ ကိုကိုသာ မိန်းကလေးဆိုရင် ရင်တုန်ပါ့မလား ယောကျာ်းလေးဆိုတော့ baby မား သဘောမတူ ရင် ဘယ်လိုလုပ်မလဲ
Perth: ကိုကိုကလည်း baby က မားကို ပိုင်ပါတယ်ဆိုမှ
Saint: အင်းပါ baby ပြောတာပဲ ယုံလိုက်မယ်
ပြောသာ ပြောလိုက်ရသည် saint ရင်ကတော့ တုန်နေတုန်းပါ
Perth ကတော့ သူ့ကို အိမ်ထဲသို့ လက်ဆွဲခေါ်လာပြီး
"မားရေ မား သား ရောက်ပြီနော် မား ဘယ်မှာလဲ"
" မား ဒီမှာ သားလေးရေ လာခဲ့မယ်"
မားရဲ့အသံကို မီးဖိုထဲက ကြားလိုက်သောကြောင့် saint ကို ဧည့်ခန်းထဲ ထိုင်ခိုင်းခဲ့ပြီး သူက မားရှိရာသို့ ဝင်လာသည်
Perth: မား ဘာတွေလုပ်
Mae: သားအကြိုက်တွေကို ချက်နေတာကို စီမံနေတာပေါ့
Perth:  ကျွန်တော်ပြောတဲ့ ကျွန်တော်ဘဝ အတွက်ရေးကြီးဆုံး လူပါလာပြီ မား ဘယ်လိုပဲ ဖြစ်ဖြစ် မားလက်ခံပေးမယ်မလား
Mae:  မားက သားစိတ်ချမ်းသာဖို့ပဲ အကျင့်စာရိတ္တကောင်းရင် မားက အကုန်လက်ခံတယ်
(တမီးလည်း စိတ်ထားဖြူ သဘောကောင်းလေးပါ မား ဈေးဗန်း)
Perth: အင်း မား ကတိတည်ရမယ်နော် ဖြူစင်တာတော့ ပြောမနေနဲ့
Mae: အံမယ် မားကနော် သားကို ယောကျာ်းလေးမို့နော်  မိနိးကလေးသာဆိုရင် ဒီနေ့တွေ့လာတဲ့ ကောင်လေးနဲ့ သဘောတူမိမှာ ကောင်လေးက တအားချောသလို အရမ်းလည်း ယဉ်ကျေးတယ် သားရဲ့ မားတောင် သဘောကျ
Perth: မားနော် သားထက် ဘယ်သူ့ကို သဘောကျနေတာလဲ စိတ်ကောက်ပြီ
Mae: ကဲတော်တော့ ဧည့်သည်ကို ရှေ့မှာ တယောက်ထဲ ထားခဲ့ပြီး လာသွားမယ်
ပြောပြောဆိုဆို perth နှင့် perth အမေတို့ ဧည့်ခန်းသို့ ထွက်လာခဲ့သည်

🍀 perth မား မြင်လိုက်သည်က ဧည့်ခန့်းမှာ ထိုင်နေတာ ကောင်လေး တယောက်မို့ ရုတ်တရက် perth ကို လှည့်ကြည့်ရင်း မျက်လုံး ပြူးကြည့်လိုက်သည် perth က ပခုံးလေး တွန့်ပြလိုက်သည် အသံတိုးတိုးလေးဖြင့် perth ကိုကပ်မေးလိုက်သည်
Mae:  သားပြောတာ သူလား
Perth: အင်း ဟုတ်တယ် မား မြင်ရင် ချစ်သွားမှာပါ
Mae pov
ဘုရားရေ ငါ့သားက ကြိုက်တာ ယောကျာ်းလေးတဲ့လား ဒီကောင်လေး အတော်များ ချောနေလို့လား ဘာဖြစ်ဖြစ်လေ ငါ့သား စိတ်ချမ်းသာဖို့က အရေးကြီးပါတယ် 😔
Perth: လာလေ မား
Mae: အင်း
Perth:  ကိုကို ဒါ baby မေမေလေ မား ဒါ သားရဲ့ ကိုကို
Saint တယောက် မတ်တပ်လေး ထရပ်ပြီး ရှေ့က baby မားဆိုသူကို မော့ကြည့်လိုက်ရာ....
Saint: ဟင် အန်တီပါလား
Mae: သြော် သားပဲ သားက အန်တီ့သားရဲ့
Perth: မား သားဘဝရဲ့ အရေးကြီးတဲ့ သူက သူပဲလေ သားရဲ့ ချစ်သူပါ
Perth စကားကြောင့် saint ရှက်သွားသည်
Mae: သြော် အင်းပါ သားတို့ ထိုင်လေ မားက ခုနေ့မှ ဘန်ကောက်ကို ပြန်ရောက်တာ သားနဲ့လည်း တွေ့ရင်း သားက မိတ်ဆက်ပေးရမယ့် သူရှိတယ်ဆိုလို့ တခါထဲ ခေါ်ရတာ သား saint ရဲ့ နောက်ရက်တွေက မားက မသေချာဘူးလေ
Saint: ဟုတ်ကဲ့ မား ရပါတယ် ကျွန်တော် သိပါတယ် မားက အရမ်း အလုပ်တွေများနေမှာ ခုလို အချိန်ပေးတာပဲ ကျေးဇူးပါ မား
Perth: အဟမ်း အဟမ်း သားရှိသေးတယ်နော်
Mae: ဒီကောင်လေးက နောက်ပြီ
Perth: မား ဒါ ကိုကိုက မားအတွက်ဝယ်လာပေးတဲ့ လက်ဆောင်
ပြောပြောဆိုဆို perth က သူ့အမေ လက်ထဲ လက်ဆောင်ဗူးလေးနှင့် ပန်းစည်းလေး ထည့်ပေးလိုက်သည်
Mae: သားရယ် အားနာစရာ ဘာလို့ ယူလာတာလဲ ဒီတိုင်းလာလည်း ရပါတယ် perth သားကမပြောပြဘူးလား
Perth: ပြောတာပဲ မားရေ ကိုကိုက လူတိုင်းအပေါ် အာ့လိုပဲ
Mae: သိပါတယ် ဆိုင်မှာဆုံခဲ့ကတည်းက အာ့ကတည်းက ရည်ရည်မွန်မွန်လေးမို့ မားက သဘောကျနေတာ
Saint: ဟုတ် မားကိုလည်း အရမ်းသဘောကောင်းလို့ ကျွန်တော်က သဘောကျနေတာပါ
Perth: ဟင်အာ့ဆို မနက်က ကိုကိုပြောတဲ့ အန်တီက မားပေါ့ ဒါဆို မား ပြောတဲ့  သူက. ကိုကိုပဲပေါ့ တိုက်ဆိုင်လိုက်တာ
(အေးဟာ နာလည်း သဘောကောင်းပါတယ် တွေ့ချင်တယ် အာ့မျိုး)
Mae: ဟုတ်ပ ရေစက်ပေါ့ သားတို့ရေ ကဲကဲ စကားကောင်း နေကြတာ မား ပြင်ထားတာလေးတွေ မအေးခင် စားကြရအောင်လေ
Perth: ဟုတ် မား ကိုကို လာလေ မားလက်ရာက ရှယ်နော်
Saint: အင်းပါ baby ရဲ့
Mae: သား perth ကြွားစိန်လုပ်နေပြီ သား saint ကကြိုက်ဦးမှပါနော်
(အရမ်း သဘောကောင်းတဲ့ ယောက္ခမလောင်းကြီး 😁)

ချစ်ခြင်းတရားသာ မှန်ခဲ့လျှင် (Completed)Where stories live. Discover now