အခန်း (၁၃) ကျောင်းတော်ဆီက ရင်ခုန်သံ

865 92 16
                                    

အခန်း (၁၃)

🍀Perth တယောက် ညက ရင်ခုန်မှု့ကြောင့် ညကအစော မအိပ်နိုင်သော်လည်း ဒီနေ့ တက္ကသိုလ်စတတ်ရမှာ ဖြစ်သောကြောင့် မနက်အစောထပြီး ပြင်ဆင်နေသည် Camp လည်း ဝင်ရမည် ဖြစ်သောကြောင့် အဝတ်အစားများကိုပါ အိတ်ထဲစီထည့်နေသည်
တီးတောင်
အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံကြောင့် အခန်းထဲမှ ထထွက်လာခဲ့ပြီး အိမ်တံခါးကို ဖွင့်လိုက်ရာ အပြင်မှာ တွေ့လိုက်တာက ကျောင်းဝတ်စုံနဲ့ ခန့်ညားနေသော ကျောင်းသားလေး Saint.......
Saint: baby ဒိနေ့ ကျောင်းစတတ်ရမှာ မလား အာ့ကြောင့် ကိုယ်လာကူပေးတာ ပြီးတော့ ကိုယ့်ကားနဲ့ပဲ တူတူသွားကြမယ်လေ ကိုယ်လည်း ဒီနေ့ welcome မှာ မိန့်ခွန်းပြောရမှာ
Perth pov
ကိုကိုပါဆို ဟိုလူကြီး ငါ့ကျခေါ်ခိုင်းတယ် ရတယ် ဟင်းဟင်း
Perth: ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်တော်လည်း ခုမှ စတတ်ရမှာဆိုတော့ ဘယ်ကစပြင်ရမလဲ သိပ်မသိဘူး မားကလည်း အလုပ်အရမ်းအရေးကြိးတော့ နိုင်ငံခြားရောက်နေတာ တခြားသူပြင်တာလည်း ကျွန်တော်က မကြိုက်ဘူးလေ ကူညီပေးမယ်ဆိုရင် ကျေးဇူးတင်ပါတယ်.....
Saint: အိုကေပါကွာ baby အတွက်လိုအပ်တာ မှန်သမျှ ကိုယ်ပြင်ပေးပြီးသားပါ ခုက baby အဝတ်အစားတွေ အသုံးအဆောင်တွေ လာစီစဉ်ပေးတာ
(ငါ ကျောင်းတတ်ရင်လည်း လာကူကြပါဦးဟာ)

Saint တယောက် ပြောပြောဆိုဆိုပဲ Perth အတွက် လိုအပ်တာတွေ လုပ်ပေးရန် အခန်းတွင်း ဝင်လိုက်သွားသည်
Perth မှာ Saint လုပ်နေသည်ကို သေချာထိုင်ကြည့်ပြီး
Perth pov
ဒီ ကိုကို ချောချောလေးဟာ အရမ်းချစ်စရာကောင်းယုံတင် မဟုတ်ဘူး ခုလိုလည်း အသန့်ကြိုက်ပြီး အရမ်း သပ်ရပ်တာပဲလား ငါကတော့ မန်နေဂျာတွေမှ မစီစဉ်ရင် တလွဲ 😁
Saint သူ့ကို သေချာ ထိုင်ကြည့်နေသော Perth ကြောင့် ရှက်လာသည် ထို့ကြောင့်ပင်
Saint: baby မနက်စာ စားပြီးပြီလား ကိုယ်ပြင်ပေးမယ်လေ စားရင်းစောင့်ပါလား baby စားတုန်း ဒါတွေ ပြန်လာပြီး လက်စသတ်လိုက်မယ်
Perth: မစားရသေးဘူး ကိုကိုက အစားအသောက်လည်း လုပ်တတ်တာလားဟင် တော်လိုက်တာနော်
Saint: ဒါပေါ့ လာ အာ့ဆို မီးဖိုထဲသွားရအောင် မင်းမှာ ဘာတွေရှိလဲ
Perth: ဟီး ဘာမှမရှိဘူး ကိုကို နွားနို့တော့ ရှိတယ်
Saint: ကိုယ် သိနေတယ် လေ နောက်နေ့ camp ကပြန်လာရင် ရေခဲသေတ္တာထဲလာ ဖြည့်ပေးမယ် အစားမှန်မှန်စားရမယ် မဖြစ်သေးပါဘူး ကိုယ်ပဲ စီစဉ်ပေးမယ် ခုကစပြီး ခု ခဏစောင့် ကိုယ့်အခန်း ပြန်ယူလိုက်ဦးမယ်
(ဟာ ဇွတ်ပါနော်)
Perth: ဟုတ် ကိုကို ဘာလုပ်ထားရဦးမလဲ ဒီမှာ
Saint: ဘာမှမလုပ်ပါနဲ့ baby ပြန်ဖွသလိုဖြစ်နေပါ့မယ်
Perth: ဟွန့်
Saint တယောက် အခန်းဆီသို့ ပြန်ကာ ကြက်ဥလေး ကြော် ပေါင်မုန့်မီးကင်ပြီး စတော်ဘယ်ရီယိုလေး သုတ်လိုက်သည် ပြီးတော့ လိမ္မော်သီးသဘာဝဖျော်ရည်လေး ဖျော်လိုက်သည်
Saint pov
အွန်း ဒီလောက်ဆို အဆင်ပြေပြီ နေ့လည်အတွက်တော့ ကျောင်းရောက်မှပဲ စိစဉ်ပေးရမယ် တကယ့်ခလေးလေး လူကသာ အောင်မြင်ကျော်ကြားနေတဲ့သူ

ချစ်ခြင်းတရားသာ မှန်ခဲ့လျှင် (Completed)Where stories live. Discover now