အပိုင်း (၁၁) အချစ
🍀Saint တယောက် Perth ကို လက်ဆောင်ပေးပြီးပြီးချင်ပင် show ပွဲက ထထွက်လာခဲ့ပြီး သူငယ်ချင်းတွေနှင့် dinner စားရန်ချိန်းထားငေါ နေရာသို့အရင်သွားလိုက်သည်
Saint နောက်ကို လိုက်လာတာက Mark ပါ Saint ပွဲထဲမှာ လုပ်သွားတာကို Mark က သေချာစောင့်ကြည့်နေခဲ့သောကြောင့် ခုလည်း နောက်ယောင်ခံပြိး saint ကားလေးနောက်လိုက်လာခဲ့ရာ saint တယောက် စားသောက်ဆိုင်ရှိ အခန်းတခုထဲ ဝင်သွားသောကြောင့် သူက ဘေးအခန်းကို သက်သက် ဝင်ပြီး နေရာယူလိုက်သည်
Perth ကတော့ သူ့ကို စင်ပေါ်မှာ ပဟေဌိဆန်ဆန် တတ်လာပြီး ရင်ထိုးထိုးပေးပြီး ချက်ချင်းပင်ပွဲထဲက ထွက်သွားသောကြောင့် စိတ်ထဲမကျေမနပ်ကျန်ခဲ့သည် ပိုပြီး မကျေနပ်သည်က မျက်နှာဖုံးအောင်က ပြုံးပြနေသလို ဆွဲဆောင်သွားတဲ့ မျက်ဝန်းနက်နက်လေးရယ် ပန်းရောင်သန်းနေတဲ့ နှုတ်ခမ်း လေးရယ် ရင်ထိုးထိုးပေးခဲ့တဲ့ သွေးကြောစိမ်းလေးတွေ ယှက်နေတဲ့ လက်ဖြူဖြူနုနုလေးရယ် ဒါတွေက သူ့ခေါင်းထဲရော နှလုံးသားထဲရော ရောက်သွားပြီလို့ ခံစားလိုက်ရတာကြောင့်လည်း ဖြစ်သည်🍀Saint တယောက် show ပွဲပြီးပါက Perth တယောက် သူ့ဆီဖုန်းဆက်လာရန် မျှော်လင့်နေသည် အဘယ်ကြောင့်ဆိုသော် သူ Perth ရဲ့စိတ်ကလေးကို ဆွပေးပြီး ချက်ချင်း ပြန်ထွက်လာခဲ့သောကြောင့် ဖြစ်သည်
ဖုန်း Ringtone မှမြည်သံကြောင့် Saint လှမ်းကိုင်လိုက်ရာ plan ဖြစ်နေပါသည်
Plan: ငါတို့ show ပွဲပြီးပြီ လာနေပြီနော်
Saint: အေးအေး ငါစောင့်နေတယ်
Saint ဖုန်းချပြီး Perth နှင့်သာပြောရန် ဆင်တူဝယ်ထားသော ဖုန်းလေးကို စားပွဲပေါ်တင်ပြီး အရှေ့မှ အအေးကို သောက်ရင်း ကြည့်နေမိသည်
သူငယ်ချင်းတွေ ရောက်လာလို့ စားသောက်ပြီး တဝက်တောင်ရောင်နေသော်လည်း Perth ဖုန်းမဆက်သေးသောကြောင့် Saint မရိုးမရွတွေ ဖြစ်လာပါသည်🍀Perth တယောက် ဒင်နာတွင် တွေ့မည်ဟု မျှော်လင့်ထားသော်လည်း အရိပ်အယောင်တောင် ထပ်မတွေ့ခဲ့ရသော Saint ကို ဒေါသပဲထွက်သလိုလို ဝမ်းပဲနည်းလာသလိုလို ခံစားလာရသည် ဒါကြောင့်လည်း ဒင်နာပြီးပြီးချင်း အိမ်ပြန်လာပြီး လမ်းပေါ်မှာတင်မနေနိုင်တော့ သောကြောင့် saint ပေးထားသည့် ဖုန်းလေးကို ထုတ်ကာ saint ဆီသို့ လှမ်းဆက်လိုက်သည်