အခန်း (၄) ဗျူဟာပိုင်ရှင် မင်းသားလေး

900 88 11
                                    

အခန်း  (၄)

🍀 Saint တယောက် Perth အပေါ် စွဲလမ်းသွားမှု့က ဘယ်လောက်ထိဆိုးလဲ ဆိုရင် ကျောင်းပိတ်ထားသည့် တပတ်အတွင်း Perth နဲ့ပတ်သက်သမျှ အချက်အလက်အားလုံး ကို အကုန် စုဆောင်းခဲ့ပြီးဖြစ်သည်  ခုညကတည်းက စပြီး သူ့ရဲ့ ဗျူဟာကို စခင်းတဲ့ အနေနဲ့ Perth ဆီသို့ မက်ဆေ့ကရော Line ကရော တူညီတဲ့ မက်ဆေ့လေးကိုပဲ စတင်ပို့ခဲ့တာ ဖြစ်ပါတယ်
(နည်းတွေ စမှတ်ကြစို့ 😁)
"ကိုယ့်ရဲ့ ရင်ခုန်သံ မျက်ဝန်း ပိုင်ရှင်လေး goodnight ပါနော် 🖤"
ဖုန်း screen အပေါ် လက်ချောင်းဖြူဖြူလေးတွေ ပြေးလွှားရိုက်နေ ရင်းတောင် Saint တယောက် ရင်ခုန်နေမိတာ အရမ်းပါပဲ cele တယောက်အပေါ် ချစ်မိသွားရင် သာမာန်သူကို ချစ်မိတာထက် ပိုမိုခက်ခဲကြောင်း Saint တယောက် ပိုပြီးလည်း နားလည်သွားပါတယ်
မက်ဆေ့လေး sent ပြီးချိန်ထိ သူ ရင်ခုန်နေဆဲပါ Perth ဘက်က ပထမဆုံးအကြိမ်မှာ ဘာတုံ့ပြန်မှု့မှ ပြန်မလာနိုင်တာ သိပေမယ့် ဖုန်လေးကိုင်ပြီး ကြည့်နေမိတာ အမှန်ပဲ Saint တျောက် မနက်အတွက် စီစဉ်ထားသည်များကို မြင်လျှင် Perth တယောက် ဘယ်လို ဖြစ်နေမလဲ မြင်ယောင်နေမိတာကတော့
Saint pov
မင်းရဲ့ ညှို့အားပြင်းတဲ့ မျက်ဝန်း နက်ကလေးတွေ ငါ့ကို လက်ဆောင်လေးတွေ မြင်ရင် ပြုံးနေရင် တအားကို ချစ်ဖို့ကောင်းနေမှာပဲနော် တကယ်တော့ မင်းရဲ့ ဖုန်းနံပါတ်နဲ့ line ID ရလိုက်ခြင်းက ငါ့ အတွက် တကယ် အခွင့်အရေးကောင်းပါ

🍀Perth ဆီသို့ FG များသာမက သူ့ကို ပိုင်ဆိုင်ချင်လို့ အမျိုးမျိုး ပိုးပန်းနေကြသူတွေ ကို Perth ဘယ်လို ရှောင်နိုင်ခဲ့လဲ ဆိုတာ Saint တယောက် အသေအချာသိခဲ့ပြီးတာမို့ အသေအချာ စနစ်တကျ ကောင်လေး နှလုံးသား ရရန် သူစီစဉ်ထားတာပဲ ဖြစ်ပါတယ် သူ့ရဲ့ ခပ်ချေချေ မာနတရားတွေတောင် ပျောက်ကွယ်လု သွားမှန်းမသိအောင် ထိုကောင်လေးကို စွဲလမ်းသွားမိတာပါ

🍀Perth တယောက် သူပို့လိုက်တဲ့ မက်ဆေ့တွေကို ဖတ်ဖို့ကို ဆုတောင်းရင်း မနက်ဖြန်အတွက် Saint ရင်ခုန်နေမိပါတယ်
Saint တယောက် မိမိကိုယ်တိုင်က သူများအပေါ် ချစ်လာမိတာကို ခံစားရမှာ အရင်က သူ့အပေါ် crush လို့ လက်ဆောင်ပေးခဲ့သူတွေကို မာနမိုးထိပြီး ချေခဲ့တာတွေကို ကိုယ်ချင်းစာမိတာ အမှန်ပင်
(ဝဋ်လည်တာ ချိဖရေ😁)

ချစ်ခြင်းတရားသာ မှန်ခဲ့လျှင် (Completed)Where stories live. Discover now