အခန်း (၁၇) ချစ်ခွင့်ပန်ခြင်း အနုပညာ

748 90 11
                                    

အခန်း (၁၇)

🍀Saint တယောက် perthနှင့်ချိန်းထားသည့် မိမိတို့ ပထမဆုံး စတွေ့ခဲ့သော စားသောက်ဆိုင်လေးလို့ ထွက်လာခဲ့သည်
ဆိုင်သို့ ရောက်သောအခါ reception သို့သွားကာ နာမည်လေး ပြောလိုက်သည်

Rec: ဘိုကင်ကြိုယူပြီးသားလားရှင့်

Saint: ဟုတ်ကဲ့

Rec: နာမည်ဘယ်သူလဲရှင့်

Saint: Saint ပါ တယောက်နဲ့ချိနိးထားတာပါ သူရောက်နေပြီလား

Rec: သြော် ရောက်နေပြီရှင့် VVIP အခန်းထဲလိုက်ပို့ပေးပါ့မယ်

ပြောပြောဆိုဆို reception ကောင်မလေးက saint ကို ရှေ့က ဦးဆောင်ပြီး perth ရှိရာ VVIP အခန်းသို့ ခေါ်ဆောင်လာသည်

Rec: ဒီအခန်းပါပဲရှင့် ပျော်ရွှင်စရာအချိန်လေး ပိုင်ဆိုင်နိုင်ပါစေ နော်

Saint:Thanks

🍀Saint တယောက် အခန်းတံခါးလေးကို ဖွင့်ပြီး အခန်းထဲ လှမ်းဝင်လိုက်ရာ.....
Saint တယောက် မျက်လုံးလေး ပြူးပြီး အံ့အားသင့်သွားရသည်
Saint မြင်လိုက်ရသည်က.....
သူ့ဆီသို့ နှင်းဆီပန်းအဝါ တွေချည်း အလှဖော်စည်းထားသော ပန်းစည်းလေး ကမ်းပေးနေသော perth....
အခန်းတခုလုံးကိုလည်း အနီနှင့်အနက်ရောင် ဘောလုံးများနှင့် အလှဆင်ထားသည် စားပွဲပေါ်တွင် နှင်းဆီပန်းအတု အနီရောင်နှင့်အနက်ရောင်သာထိုးထားသော ပန်းအိုးလှလှလေး အနောက်တိုင်း ဆန်ဆန် ပြင်ဆင်ထားသော ညစာစားပွဲ အစားအသောက်များ.....
ပြီးတော့ လိုက်ကာလေး ကာထားသော နေရာတခု.......
Perth ပန်းစည်းလေးကို လှမ်းပေးသော်လည်း saint တယောက် ငေးမော အံ့အားသင့်နေသော်ကြောင့်

Perth: ကိုကို ကိုကို ကိုကို ခေါ်နေတာ ကြားလားလို့ ဒီမှာ ပန်းစည်း ယူဦးလေ ဒီက ပန်းဝတ်မှုံနဲ့မတည့်ဘူးလေ အကြာကြီး ကိုင်ထားစေချင်နေတာလား

Perth အသံကြားမှ saint သတိဝင်လာပြီး ပန်းစည်းကို လှမ်းယူလိုက်သည်.....

Saint: baby ရာ ပန်းဝတ်မှုံနဲ့မတည့်တာ ဘာလို့ ကိုင်ထားတာလဲ စိတ်ပူအောင် လုပ်ရလား
Perth: ရပါတယ် ကိုကိုရယ် ခဏပဲကို လာ ကိုကို ညစာ စားရအောင်လေ
Saint: baby က ကိုကို့ကို အာ့လောက်ထိ surprise လုပ်မယ် မထင်ထားဘူး
Perth: ဒါ surprise သေးသေးလေးပဲ ရှိသေးတယ် ကိုကိုရဲ့
Saint: ဟင် ကျန်သေးတာလား baby အာ့လိုလုပ်တတ်မှန်း ထင်တောင်မထင်ထားမိဘူး ဟုတ်ပါပြီ baby ရယ် လာ ညစာအရင်စားရအောင်လေ အာ့ဆို
Perth:ဟုတ် ကိုကို စားကြမယ်လေ လာ ထိုင်ကြစို့

ချစ်ခြင်းတရားသာ မှန်ခဲ့လျှင် (Completed)Where stories live. Discover now