အပိုင်း (၁၈) ပထမဆုံး ဒိတ်

807 88 9
                                    

အပိုင်း (၁၈)

🍀Saint တယောက် ခုနေ့က ကျောင်းလည်းပိတ်သည့်အပြင် ညကလည်း ရင်ခုန်ပြီး အိပ်မပျော်သောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်
ဖုန်း ringtone လေး မြည်သံကြောင့် saint ဖုန်းလေးကို လှမ်းကိုင်လိုက်ရာ မားဆီမှ ဆက်လာသော ဖုန်းဖြစ်နေသည်

Saint: ဟဲလို မား
Nuk: အယ် သားစိမ့်လေး အိပ်နေတုန်းလား
Saint: ဟုတ် မား ညက နည်းနည်း အိပ်တာ နောက်ကျသွားလို့
Nuk: သားလေးက ဘာတွေလုပ်နေလို့လဲ စာတွေအရမ်းခက် လို့လားဟင် အားဆေးလေးလည်း ပုံမှန်သောက်ဦး သား
Saint: ဟုတ် မား
Nuk: နောက်အပတ် မား မွေးနေ့ကို အိမ်မှာပဲ စားကြစို့သား အာ့ မားလှမ်းပြောတာ သားလည်း အိမ်ပြန်မလာတာ ကြာပြီလေ
Saint: ဟုတ် မား မားကို သားပြောစရာရှိတယ် သားမှာ ချစ်သူ ရှိနေပြီ အာ့ မားနဲ့မိတ်ဆက်ပေးမလို့
Nuk: အင်း သားကောင်မလေးကို မား မွေးနေ့ကြ တခါထဲ ဖိတ်ခဲ့ လေ
Saint: မား ကျွန်တော့ ချစ်သူက ကောင်မလေး မဟုတ်ဘူး ကောင်လေးပါ မား သားတို့ကို နားလည်ပေးပါ
Nuk: ဘယ်လို သား ကောင်လေး ဟုတ်လား
Saint: ဟုတ်ပါတယ် မား သားကို နားလည်ပေးပါ ခွင့်လွှတ်ပေးပါ နော် မား နော်
Nuk: အင်းပါ မားအတွက်ကတော့ သား စိတ်ချမ်းသာဖို့က အဓိကပါ
Saint: ကျေးဇူးတင်လိုက်တာ မားရယ် သားမွေးနေ့ကြ သားချစ်သူ ကို ခေါ်လာခဲ့မယ်နော် မား
Nuk: အိုကေ သား အာ့ဆို ဒါပဲနေိာ မား ဖုန်းချလိုက်တော့မယ်
Nuk တယောက် သားက ချစ်သူရလို့ ပျော်သွားချိန်တွင် ချစ်သူက ကောင်လေးဆိုသောကြောင့် နည်းနည်းတော့ စိတ်ထိခိုက်ရပေမယ့် သားဖြစ်သူ စိတ်ချမ်းသာမှု့သာ သူမဘဝမို့ သား ချစ်သူကသာ လူကောင်းဆိုလျှင် အားလုံး လက်ခံပေးရန် ဆုံးဖြတ်ထားလိုက်သည်
Saint တယောက် မားက ကြည်ကြည်ဖြူဖြူ လက်ခံလိုက် သောကြောင့် တအား ပျော်သွားမိသည်
Saint pov
တော်သေးတယ် မားက လက်ခံပေးလို့ အရမ်းကျေးဇူးတင်တယ် မားရယ် baby ကိုလည်း ပြောပြရမယ် ပျော်သွားအောင်

🍀Perth တယောက် ညက အိပ်ပျော်တာ ညနက်သောကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေသည် ခုနေ့ ကျောင်းတတ်စရာရော schedule ရော မရှိသောကြောင့် ဒီနေ့က perth ရဲ့ ကိုယ်ပိုင်အချိန်လည်း ဖြစ်ပါသည်
Saint တယောက်ကတော့ ခုနေ့ နှစ်ယောက်လုံး အားလပ်ရက် ဖြစ်သောကြောင့် ပထမဆုံး ဒိတ်အနေနဲ့ အပြင်လျှောက်လည်ရန် perth ကို ခေါ်ဖို့ ကြံစည်လိုက်သည် သူ အားလုံး ပြင်ဆင်ပြီးမှ perth ကိုနှိုးတော့မည်ဟု စဉ်းစားပြီး ရေမိုးချိုး ပြင်ဆင်ပြီးနောက် perth အိမ်ရဲ့ လူခေါ် ခေါင်းလောင်းလေး သွားတီးလိုက်သည်
တင်းတောင်..........တင်းတောင်.........
အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံကြောင့် perth တယောက် အိပ်ယာမှ ထလိုက်ပြီး တံခါးဆီသို့ လျှောက်သွားကာ ဖွင့်လိုက်သည် အပြင်မှာ သပ်ရပ်စွာဝတ်စားထားပြီး သူ့ကို ပြုံးပြုံးလေး ကြည့်နေ သော saint ကို မြင်လိုက်ရသည်
Saint: မောနင်းပါ အိပ်ပုပ်လေး ထတော့
Perth: အွန်း ကိုကို လာလေ အထဲဝင်ခဲ့
Saint: baby ထ ရေမိုးချိုး ပြင်ဆင်တော့ ခုနေ့ နှစ်ယောက်လုံး အားတယ် ပထမဆုံး ဒိတ်ကြစို့လေ
Perth: ကိုကို တကယ်ပြောတာလား အာ့ဆို baby ရေသွားချိုးပြီး ပြင်ဆင်လိုက်တော့မယ်
Saint: အိုကေ baby သွားတော့ ကိုကိုက baby ရှုပ်ပွထားတာ တွေရှင်းလိုက်ဦးမယ် မနက်စာတော့ စားသောက်ဆိုင်မှာပဲ စားကြမယ်လေ
Perth: ဟုတ်ကိုကို အိမ်ကမရှင်းပါနဲ့ ကိုကိုရဲ့ baby မန်နေဂျာက အိမ်ရှင်းတဲ့သူကို ၃ ရက်တခါလောက်လွှတ်ပေးတယ်
Saint: ကဲ သွားပါတော့ ရေချိုးတော့
Perth တယောက် ရေချိုးခန်းထဲ ပြေးဝင်သွားပြီး ပထမဆုံး ဒိတ်အတွက် ရင်ခုန်နေမိသည်
Saint ကတော့ perth ဖွထားသော ဗီဒိုထဲက အကျီလေးတွေကို ပြန်စီရင်း ခုနေ့ဝတ်ဖို့လေးပါ ထုတ်ထားပေးလိုက်သည်
Saint pov
ကြည့်ပါဦး cele တဲ့ ကလေးကြနေတာပဲ လုပ်ထားတာ အင်းပေါ့လေ သူ့ခဗျာ နေ့တိုင်း ကျောင်းနဲ့ ရူတင် ပြေးလွှားနေ ရတော့လည်း ဒီလောက်တော့ရှိမှာပေါ့

ချစ်ခြင်းတရားသာ မှန်ခဲ့လျှင် (Completed)Where stories live. Discover now