♥ Plan B ♥

12.1K 1.3K 29
                                    

🍂

Club ကို ရောက်နေပြီး ကော့တေးဘားတွင် သုံးယောက် စုထိုင်နေရသည်။
စိတ်ပျက်လက်ပျက်ဖြစ်နေကြတဲ့ ပုံစံတွေကို ကြည့်ပြီး သူတို့နှင့် ၃ပေအကွာအထိ လဒဇုန်၊ အမှိုက်ပုံဟု သတ်မှတ်ထားကြသလား မသိ။
ည၏ ကြည်နူးဖွယ် အပြာရောင် Condition ပျက်သွားမည်စိုး၍ထင့် . . အလှလေးများ မကပ်ကြ။

ချင်အိမ်တော်သခင်အကြောင်း သတင်းပေးမျိုးစုံထံမှ ခက်ခက်ခဲခဲ စုံစမ်းပြီးနောက် သူ မွေ့လျော်တတ်သော ဤClubအား ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် လျှို့ဝှက်တတ်သော အကောင်ကြီးဖြစ်တဲ့ ထိုသူ ပျော်မြူးနေသော VIP class အား VIP card မရှိဘဲ ဝင်ခွင့်မရ။
ပိုက်ဆံသုံးလျှင်တောင် ယခုလုပ် ယခုရသော Card မဟုတ်၍ မလျှောက်လိုက်ရဘဲ ပျောက်သွားသော လမ်းအား နှမြောလှစွာ ခံပြင်းမိနေရ၏။

" Ge ge ... "

" ဟိုနေ့က ကလေးလေးပါလား ကျန့်ကျန့် "

ယွီပင်းအပြောကြောင့် နောက်လှည့်ဖို့ပြင်စဉ် ကျောပြင်ပေါ် ကျလာသော နွေးထွေးမှုနှင့် အစ်သွားသော လည်ပင်းကြောင့် မလှည့်လိုက်ရ။

" Xiao Zhan ge ge . . "

ပါးပြင်ကို ရှပ်ပြီး စူးခနဲ လွင့်လာသော ယမကာရနံ့က ခပ်ပြင်းပြင်း။
လည်တိုင်ကို သိုင်းဖက်ထားတဲ့ လက်တွေကလည်း လှုပ်မရအောင်ပင် တင်းတင်းကျပ်ကျပ်။

" ရိပေါ်? "

" အင်း "

" မင်း မူးနေပြန်ပြီ "

" အဲ ဟဲ "

ယွီပင်းနှင့်ထိုက်ဟွမ်ကို အကူအညီတောင်းကာ နောက်ကျော၌ ကပ်တင်နေသော ဖားပျံကို ခွာယူရသည်။
ထိုင်ခုံပေါ် တင်ပေးထားသည့်တိုင် ယမကာလုလင်က ယိုင်တိုင်တိုင်။

" ငါတို့ကျန့်ကျန့်နဲ့ တွေ့တိုင်း မင်းလေး မူးပြဲနေတာပဲနော်
အရွယ်လေးကြည့်တော့ အသက်မပြည့်ချင်တဲ့ပုံနဲ့ "

ဘမ်း...!!!

" အိုက်ယား...!! ခွေးကောင်စုတ်!!! "

♡.Where stories live. Discover now