🖤
လပြည့်ညမို့ ကောင်းကင်တစ်ခွင် လင်းထိန်နေသည်။
အသွားအလာများသော ကားလမ်းမရှိ လမ်းမီးတိုင်များကြောင့် ညသည် ဇာပါးပါးတစ်ချပ် လွှားထားသကဲ့သို့ ဖြူလွနေ၏။လူကုံထံအသိုင်းအဝိုင်းမှ ဆယ်ကျော်သက်များ ကျက်စားမြူးပျော်ရာ Club တစ်ခုရှေ့တွင် ကားနက်တစ်စီး ထိုးရပ်လာသည်။
လူငယ်ပေါ်ကြော့များ၏ အရောင်စုံအသွေးစုံ ပြိုင်ကားများအကြား ကားပါကင်ထိုးရသည်မှာ ခက်ခက်ခဲခဲ။နာရီကိုတချက်ကြည့်ရင်း ချိန်းဆိုထားသည့် ၂မိနစ်အလိုတွင် ရှောင်းကျန့် Club အတွင်း ဝင်ရန်ပြင်လိုက်သည်။
Mask အနက်ရောင်တစ်ခုက အစဉ်အလာအတိုင်း မျက်နှာပေါ်တွင် နေရာယူရန် မပျက်မကွက်။
အနက်ရောင်လူသား သူ့အား ဤလူငယ်များ မမှတ်မိကြလောက်ဟု ကိုယ့်ကိုယ်ကိုယ် နှစ်ကြိမ်လောက် အားပေးလိုက်သည်။
ဒါက သူ၏တခြားသော ဝါသနာတခုအား ဖော်ဆောင်ရာ ဇာတ်ကွက်ဖြစ်သည်မို့။တဖျပ်ဖျပ်လက်နေသည့် မီးရောင်ပြောက်များအကြား လူရှာရသည်မှာ ခေါင်းမူးလှသည်။
လူများသည့်နေရာ၊ လူရှုပ်သည့်နေရာများအား မနှစ်မြို့တတ်သော သူ့အကျင့်အတွက် ဤနေရာကား အမှန်ပင် မူးနောက်စရာ။
ကြီးထွားဖွံ့ဖြိုးစ ဆယ်ကျော်သက်များအကြား ရှည်လျားထိုးထွက်နေသော ၆ပေစွန်းသည့် သူ့အရပ်အား ကျေးဇူးတင်ရသည်။
မဟုတ်ပါက အသက်ရှုကြပ်လွန်း၍ မေ့မျောသွားနိုင်သည်အထိ ဤနေရာကား လူသူထူထပ်များပြားလွန်းလှ၏။သွက်လက်တက်ကြွသည့် ကလေးအရွယ်များဖြစ်သည့်အပြင် စိတ်ထဲရှိသမျှ ဖွင့်အန်သွန်ထုတ်သောနေရာဖြစ်သည့်အားလျော်စွာ စိတ်လွတ်လက်လွတ် ထင်တိုင်းကြဲနေကြလျက်။
သို့သော် အနှီလူငယ်များအား အထင်သေး၍တော့မရ။
ပါရမီရှင်၊ အနုပညာရှင်၊ အားကစားသမားများမှအစ တီထွင်သူများပါမကျန် သည်နေရာ၌ မြူးပျော်ကြသောကြောင့်။
ကခုန် မူးယစ်နေသည့် တစ်ယောက်ချင်းစီတိုင်း၌ Talent မရှိဟု တထစ်ချ မပြောနိုင်။ထို့အပြင် ဤကလေးငယ်များ၏နေရာသည်ကား အခြားသောနေရာများထက် Privacy ပိုပေးနိုင်သေးသည်။
သူတို့ကိစ္စမဟုတ်လျင် စိတ်မဝင်စားကြ။ တခြားသူ ဘာပြောနေလဲ မစပ်စု။ သတင်းစကားမသယ်ဆောင်။ လွတ်လပ်ခြင်းနှင့်အတူ စည်းစနစ်ကျသည်ဟုပင် ဆိုနိုင်သည်။
သတင်းသမားများလည်း မဝင်နိုင်ကြ။
ခန့်အပ်ထားသည့် သက်တော်စောင့်များ၊ လုံခြုံရေးများသည်လည်း လူပုံကြည့်ရုံဖြင့် အကဲခတ်တော်လွန်းသေး၏။

KAMU SEDANG MEMBACA
♡.
Romansaအစိမ်းရောင်နယ်မြို့လေးရယ် ကိုယ့်ရဲ့ ချစ်ခြင်းတွေရယ် နူးညံ့လှပတဲ့ မင်းရယ် 🍏 XiaoWang 🍒 ZhanYi 🍑 Zhan Shan Wei Wang〔zsww〕 [Unicode & Zawgyi ~ Both available] COMPLETED