♥ My Religion ♥

7.8K 837 40
                                    

♥️♥️♥️

အမှတ်တရတွေဆိုတာ ပြန်ပြောတိုင်း လှတဲ့ ပုံပြင်လေးပါပဲ
ကောင်းကင်ကြီးကို မျှော်ငေးရတဲ့ ကလေးတစ်ယောက်ရဲ့ တသခြင်းမျိုးနဲ့ ခင်ဗျားကို ကျနော် မြတ်နိုးပါတယ်

ချစ်ခြင်းတွေ အတောမသတ်တဲ့အခါ ခင်ဗျားရှိရာ အရပ်ကို ကျနော် ရောက်ခဲ့တယ်။

ရင်ဖွင့်လို့လည်း မရ၊ မျိုသိပ်လို့လည်း မရတဲ့အခါ ထွက်ပေါက်က မူးယစ်ရီဝေမှုပေါ့။
ခဏလောက် မေ့ထားချင်စိတ်နဲ့ သောက်မိကာမှ စက္ကန့်တိုင်းကို သတိရနေရောပဲ။

ခင်ဗျားရဲ့ လွှမ်းမိုးမှုက အကြမ်းဖက်သမားတစ်ယောက်လို ပိုင်စိုးပိုင်နင်း ဆန်လွန်းတယ်။

ခင်ဗျားအနားကို ယုတ္တိမရှိစွာ တိုးကပ်သွားဖို့ ရဲဝံ့မှုက
“ Ehhh.... ” / “ Sorry နော် ” ဆိုတဲ့ သမားရိုးကျ လူမှုရေးဆန်မှုက စတယ်။

ခပ်ရိုးရိုး လူတွေ ပြောကြသလို အချစ်က ဆန်းကြယ်တယ်ဆိုတာ နည်းနည်းလောက်တော့ မှန်သလိုပဲ။
ကျနော့်အတွက်တော့ အချစ်က ဗရုတ်သုတ်ခ ကျတယ်။

အမည်မသိ ယောက်ျားလေးတစ်ယောက်ကို အိမ်ခေါ်သွားဝံ့တဲ့ ခင်ဗျားရဲ့ ရိုးရှင်းမှုကို ကျနော် ရိတ်သိမ်းပစ်ချင်လိုက်တာလေ။

ခင်ဗျား လက်ဖဝါးပေါ် ပါးအပ်မိတဲ့ အခိုက်အတန့် . . . ကျနော့် မာနတွေ ကျဆုံးသွားတယ်။
ဒါဟာ တစ်စုံတစ်ရာက မှားယွင်းနေခဲ့တာ ဝန်ခံတယ်လို့ မဆိုလိုဘူး။

- - - ♥ - - -

အချစ်က ဖန်သားပြင်ပေါ်မှာ မြင်နေကျ ချောမောမှုထက် ပိုတယ်။

ရက်ရက်ရောရော ပြုံးပြတတ်တဲ့ လိုက်ဖက်မှုတစ်စုံက ကဗျာတစ်ပုဒ်လိုပဲ။
မှဲ့နက်လေး နဲ့ နှုတ်ခမ်းပါးလျလျက ဘုရားသခင်ကောင်းချီးပေးတဲ့ လိုက်ဖက်မှုပေါ့ ။

ခင်ဗျား စွန့်ကြဲတဲ့ ပွေ့ဖက်မှုတစ်ခုအတွက် ကျနော် တိတ်တဆိတ်ပဲ သေဆုံးပစ်လိုက်ဖို့ လုံလောက်ခဲ့တယ်။

ကျနော် ဘယ်တုန်းကတည်းက လောဘတွေ ကင်းမဲ့သွားခဲ့သလဲ မသိတော့ဘူး။

နေသားကျမှုတွေနဲ့ တည်ငြိမ်နေတဲ့ လူတစ်ယောက်ရဲ့ ဘဝထဲ အခွင့်မရှိဘဲ ကျနော်တို့တွေ ဝင်ရောက်သင့်ပါရဲ့လား။

♡.Where stories live. Discover now