🌿
ခင်ဗျားကို မတွေ့ခင် အချိန်တွေတုန်းက ကြယ်တွေကို တိတ်တိတ်ဆိတ်ဆိတ် ငေးရတာကို ကျနော် သဘောကျခဲ့တယ်။ အခုတော့ ကျနော့်ကောင်းကင်ကြီးက ကျနော့်ကို စိတ်ကောက်လို့...။
လူတွေနဲ့ ဝင်ဆန့်တယ်ဆိုတာမျိုးက ကျနော့်အတွက် မဟုတ်ခဲ့ဖူးဘူး။
တနူးတညံ့ ချွဲတတ်တယ်....အချိန်တိုင်း ဂရုစိုက်ပေး ချင်ရလောက်အောင် ပျော့ညံ့တယ်ဆိုတာတွေက ခင်ဗျားနဲ့ တွေ့မှ ဖြစ်လာတာမျိုး။ဒီလို ကျနော့်ရဲ့ ပညတ်ချက်တွေကို ပြောင်းလဲစေနိုင်စွမ်းတဲ့ ခင်ဗျားက လမ်းဆုံနတ်ဆိုး စေလွှတ်လိုက်တဲ့ မကောင်းဆိုးဝါးလေး။
ကျနော့်ရဲ့ ဆယ်နှစ်သက်တမ်းကို မပေးလိုက်ရပေမယ့်လို့ပေါ့။ခရောင်လီ တကယ် တည်ရှိရင်ကောင်းမယ်
ကျနော်ချစ်တဲ့ ခင်ဗျားနဲ့ အနည်းဆုံး ၁၀နှစ် အတူနေနိုင်သေးဦးမှာ။ကျနော်က ပုံပြင်တွေထဲက ကလေးလေး ခင်ဗျားရဲ့။
လူတွေနဲ့ဝေးရာ ရဲတိုက်ကြီးထဲမှာ ခင်ဗျားနဲ့အတူ ထာဝရနေခွင့်ရချင်ပါတယ်။
Happily Ever After ပေါ့ကွယ်။💕
ညနတ်သမီး ကမ္ဘာမြေပေါ် ဆင်းသက်လို့လာပေမယ့်လည်း သူ့နတ်ဘုရားကတော့ သူ့အနား မခစားလာသေး။
အိမ်ပြန်ချိန်တွေ စည်းကမ်းပျက်လာတဲ့ ရှောင်းကျန့်ပါပဲ။မာမီ့ကိုတော့ အမှန်အတိုင်း ပြောပြထားသင့်တယ်ထင်မိတာမို့ ရင်ဖွင့်မိတော့ မာမီ့ရဲ့ သနားကရုဏာကို ရသည်။ ဗီလိန်ဆန်မိလို့ တောင်းပန်ပါတယ်ဆိုတဲ့ ညှာတာထောက်ထားခြင်းကို ရသည်။
ဘယ်သူ့ရဲ့ ပယောဂမှ မပါဘဲနဲ့ကို သူနဲ့ရှောင်းကျန့်ရဲ့ အချစ်က ဇာတ်သိမ်းနှင့်ပြီးသား။
အားလုံးက Plan B မရှိဘဲ စစ်ဆင်ရေးထွက်လာတဲ့ သူ့အပြစ်တွေ။
အစ်ကိုဆယ်ဟွန်းက အဆင်ပြေအောင် ပြောပေးထားတယ်ဆိုလို့ မဆိုစလောက် စိတ်သက်သာရာ ရရသည်။'ကျန့်အာက ရင့်ကျက်ပြီးသား ... စိတ်ပူစရာမလိုဘူး' လို့ ဖျောင်းဖျပေမယ့် ပြောမရတဲ့ သားငယ်လေးကို မာမီတစ်ယောက် လက်လျှော့လိုက်ပြီး အိပ်ခန်းထဲ ဝင်သွားပြီ။
သူ မအိပ်နိုင်သေးဘဲ ခြံတံခါးကို မြင်ရတဲ့ ဝရန်တာမှာ ခြေဆင်းထိုင်ပြီး မြေခွေးဆိုးလေး အိမ်ပြန်အလာကို စောင့်မျှော်မိသည်။
![](https://img.wattpad.com/cover/194358741-288-k328391.jpg)
YOU ARE READING
♡.
Romanceအစိမ်းရောင်နယ်မြို့လေးရယ် ကိုယ့်ရဲ့ ချစ်ခြင်းတွေရယ် နူးညံ့လှပတဲ့ မင်းရယ် 🍏 XiaoWang 🍒 ZhanYi 🍑 Zhan Shan Wei Wang〔zsww〕 [Unicode & Zawgyi ~ Both available] COMPLETED