❣
တိမ်တွေက သိပ်လှတယ်
ဒါပေမဲ့ ငေးမောရရုံပါပဲကျွန်တော်ဟာ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းမခံရတဲ့ လူတစ်ယောက်မှန်း သိခဲ့ရပြီး နောက်ပိုင်းကာလတွေမှာ
ခင်ဗျားကိုပဲ မျှော်ငေးနေခဲ့ပါတယ်လရောင်ကတောင် ကျွန်တော့်အတွက် သနားခြင်းအားဖြင့် တခြမ်းပဲ့ ဖြာလင်းလို့။
မိုးတွေ သည်းသည်းမည်းမည်း ရွာတဲ့အခါ ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးနေတယ်လို့ မှတ်ယူပေးပါ။ကံကောင်းခြင်းတွေ ကျွန်တော့်ဆီ အလည်မလာခဲ့တာ ကြာပြီ။
ဒဏ်ရာတွေက ခံနိုင်ရည်ထက် အမြဲ ပိုလွန်းပါတယ်။
မျှော်လင့်ခြင်းတွေ ဆိတ်သုဥ်းပြီးတဲ့နောက် ကျွန်တော်ဟာ လိုတာထက် ပို တိတ်ဆိတ်သွားခဲ့တယ်။ကျွန်တော် ပြောပါတယ်
ခင်ဗျားကို ငေးမောခွင့်ရရုံသပ်သပ်အတွက်ကို ကျွန်တော်က တိမ်ကလေး ဖြစ်ချင်မိသေးတာ။❣ ❣ ❣ ❣ ❣
ခြံဝင်းထဲ ဝင်လာတဲ့ ကားသံကြောင့် အိမ်အပေါ်ထပ်ကနေ သူ ဆင်းလာခဲ့တယ်။ စိတ်ဆောင်တိုင်း မပါတဲ့ကိုယ်ဟာ ခြေတစ်လှမ်း လှမ်းတိုင်း ခွေယိုင်လဲလုလု။
အိမ်ပြန်လာသူကို ရင်ဖွင့်ကြိုဆိုခဲ့ချင်ပေမယ့် သူ့ခန္ဓာကိုယ်သာ အရင် အမြတ်တနိုး ထွေးပွေ့ခံလိုက်ရတယ်။ သင်းမြတဲ့ ရင်ခွင်ကျယ်က ဘယ်အချိန်မဆိုတိုင်း သူ့ကို နွေးထွေး လုံခြုံစေတဲ့ စိတ်ခံစားမှုကို ပေးစွမ်းတယ်။
" ဖြူဖျော့နေတာပဲ ကလေးလေးရယ် "
ပါးပေါ် ရောက်လာတဲ့ လက်ဖဝါးတွေကြား သူ့မျက်နှာ မော့မော့ငေးငေးလေး။
ဒီလူသားရဲ့ မျက်နှာတော်ကို အခုလို မော်ဖူးခွင့်ရဖို့ သူ ဘဝဆက်တိုင်း ပါရမီ ဖြည့်နိုင်ပါရဲ့။" Ge ge "
စကားခွန်းချို ဆက်သချင်ခဲ့သော်လည်း အသံက ကျယ်ကျယ် မထွက်။
အမြင်ကတ်ဖွယ်ကောင်းလောက်အောင် အရမ်း ပျော့ညံ့နေတော့တာပဲ။" အင်း ... ဟန်နီ ပြော
ကိုယ် ချီသွားမယ် "သူ ခေါင်းခါပြလိုက်ပြီး လည်တိုင်ကျော့ကျော့ထံ နှာဖျားလေး တိုးအပ်လိုက်တယ်။
ခင်ဗျား ရှိနေရင် ရပြီ။
ခင်ဗျား ရှင်သန်နေရင်ပေါ့ . . .
. . . . . . . . . . . . . . . . . . ကျွန်တော် အခုလို အတူ ရှိမပေးနိုင်တော့ရင်လည်း။
![](https://img.wattpad.com/cover/194358741-288-k328391.jpg)
YOU ARE READING
♡.
Romanceအစိမ်းရောင်နယ်မြို့လေးရယ် ကိုယ့်ရဲ့ ချစ်ခြင်းတွေရယ် နူးညံ့လှပတဲ့ မင်းရယ် 🍏 XiaoWang 🍒 ZhanYi 🍑 Zhan Shan Wei Wang〔zsww〕 [Unicode & Zawgyi ~ Both available] COMPLETED