♥ Yours Sincerely, ♥

6.9K 706 21
                                    

🌻

ခင်ဗျားကို ချစ်တယ်

မနက်လင်းတိုင်း ဦးဆုံးမော်ဖူးချင်တာ ခင်ဗျားမျက်နှာဖြစ်ပြီး
နေဝင်ချိန်တိုင်း ဘေးမှာ အတူရှိနေပေးမယ့်လူကို ခင်ဗျားဖြစ်နေစေချင်တာ.....။

ဒါကို ချစ်တယ်လို့ ရည်ညွှန်းကြတယ်ဆိုရင်
အင်း ဟုတ်တယ်
ခင်ဗျားကို ချစ်တယ်ပေါ့

ဘယ်လို ဥတုရာသီမျိုးမှာမဆို ခင်ဗျားကို အနူးတညံ့ ချစ်မြတ်နိုးရပါတယ်။

ကျနော့်ရဲ့ ကိုယ်ပိုင် ကမ္ဘာလေးမှာ ဘာသာတရားအဖြစ် ခင်ဗျားကိုပဲ ကိုးကွယ်ချင်တာမျိုး. . . .။

ကျနော်က စိတ်ကူးယဥ်ရတာကို နှစ်သက်လေ့ရှိတဲ့ ကောင်ကလေး .... ခင်ဗျားရဲ့။

စိတ်ကူးထဲက နတ်ဘုရားက သနားသောအားဖြင့် ကျနော့်ရှေ့မှောက် ​ကိုယ်ထင်ပြတဲ့အခါ . . .
ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံးက ကျနော်ဆိုတဲ့ ခင်ဗျားရဲ့ ကောင်ကလေးပေါ့။

ခင်ဗျားက ကျနော့်ရဲ့ မနက်ခင်း
နေ့လည်ခင်းကလည်း ခင်ဗျား
ညနေခင်းကလည်း ခင်ဗျားပဲပေါ့

ကျနော့်ရဲ့အသက်ဓာတ်ဟာ ခင်ဗျားရဲ့ ကြယ်စင်လို သက်ငြိမ်နူးညံ့တဲ့ မျက်ဝန်းတွေထဲမှာ တည်ကြောင်း . . . .
ကျနော် ပြောရင် ယုံ။

တစ်စုံတစ်ရာက ကြီးကျယ်မြင့်မြတ်တဲ့ခင်ဗျားကို သိမ်ငယ်စေတယ်လို့ တွေးထင်မိတဲ့အခါ ကျနော့် မျက်၀န်းတွေကို ပွေ့ဖက်ပါ။
ခင်ဗျားကို ခေတ်အဆက်ဆက် ကိုးကွယ်ယုံကြည်သူ တစ်ယောက် ရှိနေသေးကြောင်းပေါ့။

တစ်စုံတစ်ရာက ခင်ဗျားကို ဝမ်းနည်းစေတဲ့အခါ ကျွန်တော်ဆိုတဲ့ စာမျက်နှာလေးကို ဖတ်ပါ
အစိမ်းရောင်ကို မြတ်နိုးပါ
ကောင်းကင်ကျယ်ကို ငေးကြည့်ပါ
ပင်လယ်ပြာပြာဆီမှာ ခိုလှုံပါ
တောင်တန်းတွေဆီ ခရီးထွက်ပါ

ကျနော်ဟာ ခင်ဗျား မဖွင့်ရသေးတဲ့ ပြတင်းပေါက်လေးတစ်ခုပေါ့ကွယ်။
နာကျင်စရာ လောကဓံတွေ မရှိစေရဘူးလို့ ကတိမပြုနိုင်ပေမယ့် အတူမျှဝေ ခံစား​ပေးနိုင်တယ်လို့ ထာဝရ ကတိပေးပါတယ်။

'ဥတုရာသီ တောကို မှီ၏'တဲ့
ခင်ဗျားက ကျနော့်ရဲ့ လည်ပတ်နေတဲ့ ရာသီစက်ဝန်းလေးပေါ့

♡.Where stories live. Discover now