♥ Harshness ♥

4.3K 526 37
                                    

🍑

ဘဝရဲ့ ပထမဆုံး နောင်တရခြင်းတွေက ကျနော့်နတ်ဘုရားကို ပင်ပန်းစေမိခြင်းကနေ စတယ်။

စီစဥ်ထားသလို မဖြစ်ပျက်တတ်တဲ့ လောကကြီးပေမယ့် တည်ငြိမ်ခန့်ညားတဲ့ နတ်ဘုရားက ပိုင်ဆိုင်လိုစိတ် ကြီးမားမယ်လို့တော့ မတွေးထင်ဝံ့ခဲ့ဘူး။

အရာရာ ရှုံးနိမ့်ပြီးသား ကောင်အတွက် နောက်ဆုံးအနေနဲ့  ဘုရားသခင်ရဲ့ ချွေးသိပ်ပေးခြင်းလား။
သူ့ရဲ့နတ်ဘုရားက အမှတ်မထင် ဝင်လာခဲ့မိတဲ့ သူ့ကို ပြန်လည်ထွက်ခွာခွင့် မပေးလိုတဲ့ အာဏာရှင်ဧကရာဇ်ဖြစ်နေခဲ့တယ်။

သိပ်ကို ချောမောနူးညံ့တဲ့ အချစ်က နည်းနည်းလေးထက်ပို ပိုင်စိုးပိုင်နင်း ဆန်တယ်။
အကြင်နာတွေ ယိုဖိတ်လျံမတတ် ပေးမယ်. . . . .
ရဲတိုက်ထဲကတော့ ထွက်မသွားနဲ့ဆိုတဲ့ ခြင်္သေ့ကြီးလိုမျိုး။

ဒါပေမယ့်လည်း ကျနော့် အချစ်ရယ်
ပြောဖူးပါသကော ~
ကျနော် မတတ်နိုင်ခြင်းတွေဟာ များပြားကြောင်း။
မိုးမိနေတဲ့ စွန်ကလေးဟာ ပိုင်ရှင်ထံ ပြန်လာခွင့်မရှိတော့ကြောင်း။
ငြိမ်သက်နေတဲ့ ကြောင်ကလေးဟာ ငိုကြွေးနေတဲ့ ပိုင်ရှင်ကို အရင်လို ခေါင်းလေးတိုးဝှေ့ နှစ်သိမ့်ပေးလို့ မရတော့ကြောင်း။

ကျနော်လေ ကြယ်တွေဆီ ရောက်ဖူးချင်ကြောင်း ဆုမတောင်းခဲ့ပေမယ့် ခင်ဗျားရဲ့ ပန်းချီရေးတတ်တဲ့ လက်ချောင်းတွေနဲ့ ပွေ့ဖက်ခွင့် ရချင်ခဲ့တာကို ၀န်ခံပါတယ်။

ကျနော်ရဲ့ Dark Side က ကြီးမားတယ် အချစ်ရဲ့။
အချစ်ဟာ ချစ်နေရရုံနဲ့ ကျေနပ်တယ်ဆိုတဲ့ လူတွေလို ခင်ဗျားရဲ့ကလေးလေးက မဖြူစင်ဘူး။

ခင်ဗျား ရင်ခွင်မှာ နွေးထွေးစွာ ခိုလှုံရင်း သနားစရာကောင်းအောင် နာကျင်နေရတဲ့ ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးကို ပြုံးပြ နှုတ်ဆက်သွားချင်သေးတာ။

လူတွေရဲ့ လောဘတွေကြောင့် တိရစ္ဆာန်လေးတွေ ဒုက္ခရောက်နေတာ မင်းရဲ့အမှား မဟုတ်ပါဘူးလို့ နှစ်သိမ့်ပေးသွားချင်သေးတာ။

🌵

🌵

🌵

Gege ရဲ့ မျက်နှာရိပ် မျက်နှာကဲ လိုက်ကြည့်ပြီး စကားပြောဖို့ ချောင်းနေရတာ မနက်ကတည်းက ဖြစ်သည်။
အိမ်ပြန်မှာလို့ ပူဆာမိတာ မျက်နှာကြီးက လငပုပ် ဖမ်းသွားတော့တာပဲ။
အန်တီကတော့ သူတို့ နှစ်ယောက်အဖြစ်ကို စနည်းနာရင်း ပြုံးတုံ့တုံ့ .... ။

♡.Where stories live. Discover now