♥ Unexpected ♥

4.9K 559 20
                                        

Recommended Song for this part
♥ A Little Sweet ♥ by Silence Wang & BY2

🌲🌵🌴🌳🌱🍀🌿

ခင်ဗျားဆိုတဲ့ အရှိတရားက အကြောင်းရင်းတွေ မကောက်နုတ်ဘဲနဲ့ကို လိုလိုလားလား မြတ်နိုးပစ်လိုက်ချင်ရတာမျိုးပါပဲ

ခင်ဗျား သိလား
ခင်ဗျား ဘဝထဲကို စိတ်ပါလက်ပါ အတင်းတိုးဝင်ခဲ့ဖူးတဲ့ကောင်ကလေးက တစ်စုံတစ်ရာရဲ့ ပြန်ဆွဲထုတ်ခြင်းမှာ မကျေမနပ်နဲ့ ဒူးထောက်အရှုံးပေးလိုက်ရတာကို....

အချစ်ဆိုတာ တကယ် စိတ်ပျက်ဖို့ကောင်းတယ်။
တစ်ဖက်သတ်အချစ်မို့ ပူလောင်တယ်ဆိုသလို
နှစ်ဦးနှစ်ဖက် အပြန်အလှန် ချစ်မြတ်နိုးကြတဲ့အခါမှာလည်း ကဖျက်ကယက်လုပ်ဖို့ တတိယမြောက် တစ်စုံတစ်ရာက ရှိနေတုန်းပဲ။

ကျွန်တော့်ရဲ့ခင်ဗျားက အနှိုင်းမဲ့ခြင်းတွေ ကိန်းဝပ်နေတဲ့ ပင်လယ်ပြာလို လွင့်လွင့်လူးလူးလေး...

ငြိမ်သက်နေတဲ့ ပင်လယ်ရဲ့ဘဝမှာ ခဏတဖြုတ် ဝင်ရောက်လာတဲ့ မုန်တိုင်းငယ်တစ်ခုလို ဖျက်လိုဖျက်ဆီး လုပ်ခဲ့မိတယ်ဆိုရင် စိတ်မကောင်းပါဘူး။

ဟိုးအဝေး ​ချောင်တချောင်ကနေ ငေးကြည့်ပြီးပဲ ချစ်မနေနိုင်ခဲ့လို့လည်း တောင်းပန်ပါတယ်။
တိတ်တိတ်ဆိတ်ဆိတ်ကလေးပဲ ချစ်ပေးနေနိုင်တော့မယ့်တစ်နေ့ ရောက်လာရင်လည်း ကျနော့်ကို အပြစ်မတင်ပါနဲ့။

လောကမှာ မျက်နှာလွှဲလိုက်ရတဲ့ မတတ်နိုင်ခြင်း​တွေဟာ သိပ်များသတဲ့ ခင်ဗျားရယ်။





ကြွေသားဘေစင်ပေါ် တစက်စက်ကျနေတဲ့ အနီရင့်ရောင်တွေက သူ ဖွဲ့ဆိုနေတဲ့ ချစ်ခြင်းတရားကို မက်မက်စက်စက်ပဲ လှောင်ရယ်တယ်။

သွေးစက်တွေကို ရေဆေးမချခင် တဆစ်ဆစ်တက်လာတဲ့ ဒေါသတရားနဲ့ မိုက်မိုက်ကန်းကန်း ကြည့်မိတယ်။
ငါဟာ ငါနဲ့ ရန်ဖြစ်နေရသလိုပါပဲလား.....။

ရှောင်ရှောင်းကျန့်ကို အသွေးထဲအသားထဲက စိမ့်နေအောင် ချစ်ခင်မြတ်နိုး ခုံမင်နှစ်သက်နေရတဲ့ ငါနဲ့
လူ့လောကက လက်မခံချင်တော့လို့ ရောဂါတစ်ခု နာမည်တပ်ပြီး နှင်ထုတ်ခြင်းခံနေရတဲ့ ငါ။

♡.Tempat cerita menjadi hidup. Temukan sekarang