♡ Lilac ♡

4.9K 510 27
                                    

It's purely bed scene. If you think you are innocent, just don't scroll down! :3

💚

နှာခေါင်းသွေးလျှံလာတာမို့ ရိပေါ် ရေချိုးခန်းထဲ အမြန်ပြေးဝင်လိုက်ရတယ်။ ရေနဲ့ ဆေးချအပြီး ထပ်မထွက်လာတော့၍ သက်ပြင်းချမိသည်။ နည်းနည်းလောက်ပါပဲ .... ကျနော့်ကို သနားသောအားဖြင့် သက်တမ်းလေး နည်းနည်း တိုးပြီး ရှင်သန်ခွင့်ပေးပါ။

သန့်စင်သွားအောင် ရေအမြန်ချိုးပြီး ပြန်ထွက်မယ်ပြင်တော့ bathrobe က ပါမလာ။ နတ်ဘုရားကို အော်ခေါ်ပြီး လှမ်း တောင်းရသည်။ ဘယ်လိုအတိုင်းအတာထိ ရင်းနှီးသည်ဖြစ်စေ ဒီအတိုင်း ထွက်သွားရအောင် သူ မရဲသေး။ နှာခေါင်းသွေး ထပ်မလျှံအောင် မျက်လုံး မှိတ်ကာ အပေါ်မော့ပြီး နှာတံကို ဖွဖွလေး ထိနေခိုက် တစ်ကိုယ်လုံး နွေးနွေးထွေးထွေးလေး ဖြစ်သွားသည်။

ရှက်သွေးဖြန်းကာ မျက်လုံးဖွင့်ကြည့်မိတော့ တဘက်ကို ခြုံပေးရင်း သိုင်းဖက်ထားကာ ပြုံးကြည့်နေသော သူ့ရဲ့ နတ်ဘုရား။ မှန်ထဲက ပုံရိပ်မှာပင် အရှက်ကြီးရှက်မိရသည်။ မျက်လုံး စုံမှိတ်ထားတဲ့ သူ့အဖြစ်ကို သဘောကျဟန် နတ်ဘုရားက တိုးသဲ့သဲ့ ရယ်တယ်။ နားသယ်စပ်လေးမှ လည်တိုင်ကျော့ကျော့သို့ စုန်ဆင်းသွားတဲ့ နှုတ်ခမ်းဖျားကြောင့် လက်သီးလေး ကျစ်ကျစ်ပါအောင် ဆုပ်မိလျက်။

လည်တိုင်တလျှောက် ဖွဖွယယလေး တို့လိုက် ထိလိုက် လုပ်နေရာကနေ စုပ်သပ်သမှု ပြုနေပြန်တော့ ခြေထောက်ပင် မတ်မတ် ရပ်နိုင်စွမ်းမရှိတော့။ ရှောင်းကျန့်က အပေါ်ပိုင်းတင် အငြိမ်မနေသည် မဟုတ်။ မွှေးပွတဘက်ပေါ်ကနေ တစ်ကိုယ်လုံးကို စုန်ဆန်ပွတ်သပ်နေလိုက်တာ ကြက်သီးတဖြန်းဖြန်း ​ဖြစ်ရသည်။

စတင်ခဲ့တာ ရိပေါ်ဆိုပေမယ့် ကရမယ့် ဇာတ်ညွှန်းကို မကောင်းဆိုးဝါးလေးက ရေးထားပြီးသား။

" ကိုယ့်ကို ကြည့် .. ဟန်နီ "

အခြေမခိုင်တော့တဲ့ ရိပေါ်ကို ခါးကနေ ပွေ့ဖက်ထိန်းထားပေးပြီး တိုးသပ်စွာ အမိန့်ပေးလေရဲ့။ ရှောင်းကျန့် ရင်ခွင်ထဲ တစ်ကိုယ်လုံး ပစ်မှီထားရတဲ့ သူက ဘာကို ငြင်းဆန်နိုင်စွမ်း ရှိဦးမလဲ။

♡.Where stories live. Discover now