💕
ကြယ်တွေကို ချစ်တယ်
ကြွေကျလာဖို့တော့ မမျှော်လင့်ဘူး
မျှော်လင့်ခြင်းတွေက တစ်ချိန်ချိန်မှာ ပျောက်ဆုံးသွားတတ်ကြတာပဲ
ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေပေါ့
ငေးကြည့်ရုံသာ ထိုက်တန်မှုမျိုးကို ဖမ်းဆုပ်ချင်ခဲ့တာပါ
ကျနော်က ကောင်းကင်အကြွေကောက်တဲ့ လက်ရယ််လေ။ခင်ဗျားမှ မဟုတ်ရင် မျက်၀န်းတွေ အတည်တကျငေးဖို့ နေရာမရှိဘူး ပြောတဲ့အခါ တခါလောက် တိုးသဲ့သဲ့ ရယ်ရင်း ယုံကြည်ပေးပေါ့။
အစ်ကို့ရင်ခွင်မှ မဟုတ်ရင် ကျနော့်၀ိဉာဥ် မငြိမ်းချမ်းနိုင်တော့ကြောင်း ~
ကျနော်ဆိုတာ ခင်ဗျားရဲ့ပန်းချီကားတွေထဲမှာ ကမ္ဘာတည်တဲ့ ကြောင်ကလေး ခင်ဗျားရဲ့။
ဘယ်ဘုရားသခင်မှ အလိုတော် မကျရင်နေ ~🍂🌻🍂🌻🍂🌻🍂
ဒီရက်ပိုင်းအတွင်း ဘယ်အရာကိုမှ အလိုမကျတဲ့ အချစ်ရယ်၊ တောင်းပန်ပါတယ်ဆိုတဲ့ စကားကလွဲလို့ မဆက်သတတ်တော့တဲ့ သူရယ်၊ ခဏခဏအလည်လာပေးကြတဲ့ အစ်ကိုအရွယ် မိတ်ဆွေတွေရယ်နဲ့ပဲ ဆေးရုံ တက်ရက် တချို့ ကုန်ဆုံးသွားတယ်။ သူ့အခန်းတံခါးနားကို လာပြီး Gege ကို ချောင်းလေ့ရှိကြတဲ့ ကောင်မငယ်လေးတချို့တလေရယ်ပေါ့။
ဒီနေရာမှာ မိတ်ဆွေလို့ သုံးနှုန်းရခြင်းက အချစ်ရဲ့ သူငယ်ချင်းတွေအပြင် သူ့မှာ သိကျွမ်းဖူးတဲ့ ရွယ်တူသူငယ်ချင်းရယ်လို့မှ မရှိတာပဲ။ ဒီလိုပဲ အချစ်ရဲ့တည်ရှိမှုက သူ့အနားက ကွက်လပ်အများစုကို တိုက်ရိုက်တသွယ်၊ သွယ်၀ိုက်တလဲ ဖြည့်ဆည်းပေးနေတတ်တာ။
' အလှလေးရေ့ ..... အဖိုးကြီးတွေ လာတယ် '
ရွှင်ပြတဲ့အသံ မြောက်ကြွကြွ ခြေလှမ်းတွေနဲ့ ၀င်လာသူက ရိပေါ်ရဲ့ ထာ၀ရ အဆဲခံ ထိုက်ဟွမ်။ သူ့နောက်က ယွီပင်းကော။ အင်း ... စူပုပ်ကောက်ချိတ်နေတဲ့ နတ်ဘုရားကတော့ သူ့ဆီ လာရာလမ်းမှာ မျက်စိလည်နေတယ် ထင်ပါရဲ့။
' ဘာဘီ အသားတွေ ပိုဖြူလာတယ်ယော '
ပါးစပ် မအားတာကြောင့် လက်ထဲက စပျစ်သီးတစ်လုံးနဲ့ ကောက်ပေါက်လိုက်တယ်။ မိအောင် ဖမ်းစားပြီး *ငါတော်တယ်* လုပ်နေတဲ့ ထိုက်ဟွမ်က ဘယ်တော့မှ ကျပ်ပြည့်လာမှာ မဟုတ်လောက်ဘူး။ အင်း ... သူ မရှိတော့မယ့် နောက်ပိုင်းမှာရောပေါ့။ ယွီကောကလည်း အမြဲ ပြုံးနေဦးမှာပဲ။ အစ်ကိုဆယ်ဟွန်းကလည်း စကားနည်းနေဦးမှာပဲ။ ရိပေါ်ရဲ့ နတ်ဘုရားကရော ဘယ်လိုနေလိမ့်ဦးမလဲ။ အခုလို ဒေါသ ကြီးနေတတ်ဦးမှာပဲလား။ သေချာတာကတော့ အမြဲတမ်း ခန့်ညားထည်၀ါနေဦးမှာပါပဲလေ။
![](https://img.wattpad.com/cover/194358741-288-k328391.jpg)
YOU ARE READING
♡.
Romanceအစိမ်းရောင်နယ်မြို့လေးရယ် ကိုယ့်ရဲ့ ချစ်ခြင်းတွေရယ် နူးညံ့လှပတဲ့ မင်းရယ် 🍏 XiaoWang 🍒 ZhanYi 🍑 Zhan Shan Wei Wang〔zsww〕 [Unicode & Zawgyi ~ Both available] COMPLETED