'Bleeding Heart' flower
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ♥️
အကြောင်းပြချက်တွေ မပေးဘဲ တောင်းဆိုမှုလေးတစ်ခုရဲ့အလိုကျအတိုင်း အနှီကောင်လေး ရှောင်းကျန့် ကိုယ်ပိုင်အိမ်၌ စံမြန်းဖြစ်သွားသည်ပေါ့။
သာယာတဲ့ နံနက်ခင်းတွေမှာ မွှေးပျံ့သော စားဖွယ်တစ်စုံတစ်ရာက သူ့အား ကြိုဆိုသည်မှာ ထိုကလေးရောက်လာပြီးနောက် နေ့တိုင်း။
သန့်ရှင်းသပ်ရပ်လွန်လာသော တစ်ထပ်တိုက်ပုလေးနှင့် အရင်လို ဗရုတ်သုတ်ခမဖြစ်တော့တဲ့ Xiao Zhan ရဲ့ Schedule ၊ အဝတ်အစားမှအစ စီးတော်ဖိနပ်အဆုံးဟာ အဆင်သင့်ပြင်ဆင် စီစဉ်ထားပြီးသား။
ဤကောင်လေးအား သူ့အတွက် ဒုတိယ မန်နေဂျာဟုပင် ထင်မှတ်မိရသည်အထိ။Today menu အဖြစ် ထမင်းစားပွဲပေါ်၌ ဂင်ချီထမင်းကြော်နှင့် ပန်းသီးဖျော်ရည် ဆက်သထားလေရဲ့။
" ဒီနေ့လည်း ကော်ဖီမပါဘူးလား ရိပေါ်? "
လှန်ကြည့်လိုက်သော မျက်လုံးလေးက သူ စေစားလိုတဲ့ တခါတလေလို နူးညံ့မနေ။
" မပါဘူး! Ge ge က အစွဲတလမ်း သောက်လွန်းတယ်
ကျနော် အခု တိုက်လိုက်လည်း အပြင်မှာ တစ်နေကုန် သတိရတိုင်း သောက်နေဦးမှာပဲ
အဲ့တော့ အဲ့ဒါတွေနဲ့ ချေလိုက် "သောက်နေကျ ကဖင်းဓာတ်အား မက်မက်မောမော စွဲလမ်းနေသူ ရှောင်းကျန့်အား ဒီကောင်လေးက ဒီလိုလည်း စည်းကမ်းတင်းကြပ် ချုပ်ကိုင်လိုပါသေးတယ်။
" ယောက်ျားလေးဆိုပေမယ့် အိမ်မှုကိစ္စနိုင်တယ်နော် ရိပေါ်က . . .
အခုခေတ်လူငယ်တွေက ဒီလိုတွေ သိပ်မလုပ်တတ်ကြတော့ဘူး မဟုတ်လား? "Apron လေး ဝတ်ပြီး သွက်လက်စွာ သိမ်းဆည်း ဆေးကြောနေတဲ့ ဖြူလုံးလေးကို စကားဆိုမိသည်။ ရှောင်းကျန့်ဘက်က စမပြောလျင် သူက စကားပြောလေ့ရှိသူ မဟုတ်။
![](https://img.wattpad.com/cover/194358741-288-k328391.jpg)
YOU ARE READING
♡.
Romanceအစိမ်းရောင်နယ်မြို့လေးရယ် ကိုယ့်ရဲ့ ချစ်ခြင်းတွေရယ် နူးညံ့လှပတဲ့ မင်းရယ် 🍏 XiaoWang 🍒 ZhanYi 🍑 Zhan Shan Wei Wang〔zsww〕 [Unicode & Zawgyi ~ Both available] COMPLETED