♥ Uninvited ♥

15.4K 1.4K 78
                                    

🍂

ကွန်ဒို၈လွှာပေါ်သို့ ယောက်ျားလေးတစ်ဦးအား ကျောပိုးသွားရသည်မှာ လွယ်သည့်အလုပ်မဟုတ်။ လုပ်ဖူးမှ သိနိုင်လိမ့်မည်။

ရှောင်းကျန့် အရင်ကလည်း ပါတီတွေမှာ ကွဲပြဲလာသော အငယ်လေးများကို ထမ်းသယ်ဖူးပါသည်။
သူ့ရဲ့ Xnine အဖွဲ့ဝင်များကတော့ ဒီကောင်လေးလို ကျောပေါ်တက်စီးသည် မဟုတ်။ ဘေးက တွဲပေးရုံသာ။
ဇာတ်လမ်းများတွင်လည်း မင်းသမီးအချို့အား ပွေ့ချီဖူးပါသည်။
ဒီလောက်တော့ အလေးချိန်မစီး။

အခန်းတံခါး lock ပွင့်သံကို ကြားရသည်မှာ သည်တစ်ခါ ကျက်သရေအရှိဆုံးဖြစ်လိမ့်မည်။
ကောင်လေးအား ဆိုဖာပေါ် ချပေးလိုက်ရင်း သူပါ လဲကျ ဟောဟဲလိုက်သွား၏။
အမူးသမားများ ကျေးဇူးကန်းလေသည်။
သူ့အား ကြမ်းပြင်ပေါ်သို့ တွန်းချကာ သက်တောင့်သက်သာဖြစ်လှစွာ ခြေဆန့်လက်ဆန့်လုပ်နေသော ရွှေရောင်ခွေးစုတ်ဖွားအား ရှောင်းကျန့် လက်ဖျားခါမိရသည်။

သူ ဘယ်လိုလုပ် ဒီလောက်အထိ စိတ်ချလက်ချ အိပ်နိုင်ရတာလဲဟင်။
နေရာဒေသမရွေး ကျောချတာနဲ့ အိပ်ပျော်တတ်တဲ့ လူမျိုးလား။
ကတ္တရာလမ်းဖြစ်ပါစေ ကျောခင်းလို့ရရင် ပြီးရောလား။

နေရာပြောင်း၊ အိပ်ရာပြောင်းတာနဲ့ ညလုံးပေါက်တတ်သော သူ့ဘဝကြီးအား သူ အတော်လေး သနားမိသွားသည်။
သူများတွေ ပေါ့ပေါ့ပါးပါးရှိပုံများ ဇိမ်ကျချက် .... ။

အမြင်ကတ်ဖွယ် ရွှေအိုဖျော့ဆံနွယ်များအား အသည်းအူယားလှစွာ ထိုးဖွပစ်လိုက်သည်။
မျက်မှောင်တွေကျုံ့ရင်းကနေ ရှောင်းကျန့်လက်ကို ဆွဲယူကာ သူ့ပါးလေးနှင့် ကပ်ပြီးပြန်အိပ်နေသည်မှာ ကြောင်လေးတစ်ကောင် ခေါင်းတိုးဝှေ့နေသလို။

နှစ်သက်ဖို့တော့ကောင်းသည်။ သဘောကျချင်စရာ။
အကယ်၍ သူသာ ကြောင်ကလေးတစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့။

အကောင်ပေါက်လေးမျက်နှာကို သေချာကြည့်မိတော့ ရှောင်းကျန့် နည်းနည်းမြင်ဖူးသလို ဖြစ်တော့ဖြစ်နေသည်။
ထို့ထက် စဉ်းစားလို့ကား မရတော့ချေ။

ဤအခြေအနေမှာ သူ့နံဘေးရှိနေသူမှာ ရှောင်းကျန့်ကဲ့သို့ ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးတစ်ဦးဖြစ်ခဲ့မည်ဆိုလျင်တောင် ထိုမိန်းကလေး၏ သိက္ခာအား ပူပန်စရာမလိုသည့် တည်ကြည်မှုက ကောင်လေးထံပါး လွှမ်းခြုံရစ်သိုင်းလို့နေသည်။

♡.Donde viven las historias. Descúbrelo ahora