💟U💟
သက်သေချပြလို့မရတဲ့ တမ်းတမ်းတတ ရူးသွပ်ခြင်းတွေဟာ ခင်ဗျားကို ချစ်မြတ်နိုးခြင်းက စတယ် ဟန်နီ
ခင်ဗျားတစ်ယောက်တည်း ဖြစ်နေတယ်လို့ ခံစားရတဲ့အခါ ကြယ်တွေကို ကြည့်ရင်း စိတ်ကူးယဥ်ပါ
ကျွန်တော်တို့နှစ်ဦးသဘောတူ ချစ်ခင်ခဲ့ဖူးတဲ့ ကြောင်ကလေးကို ပွတ်သပ်ပါ
ချစ်ခြင်းမေတ္တာကို ယုံကြည်ပါ (အနည်းဆုံးတော့ ကျွန်တော် တစ်ဦးတစ်ယောက်တည်းရဲ့ ချစ်ခြင်းမေတ္တာကိုပေါ့)
ငိုချင်တဲ့အခါ ကျွန်တော့် ရင်ခွင်ထဲကို တိုးဝင်ပါလမ်းမှာတွေ့တဲ့ အိမ်ခြေမဲ့ကြောင်လေးတစ်ကောင်ကို ကရုဏာသက်သလိုမျိုး
ကျေးဇူးပြုပြီး ကျွန်တော့်ကို ချစ်ပါ
ခင်ဗျားမျက်နှာမူရာ .. ကျွန်တော် ရှိနေဖို့ ဝန်ခံကတိပြုပါတယ်ခင်ဗျားရဲ့အပြုံးတစ်ပွင့်နဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်တယ်လို့ ကျွန်တော်က ပြောရင် ယုံလိုက်ပါ။
ကျွန်တော်လား? ကျွန်တော် အဆင်ပြေပါတယ်
ကျွန်တော့်ရဲ့ အရာရာက ခင်ဗျားပါ
ပြီးတော့ ခင်ဗျား
နောက်ပြီးတော့လည်း ခင်ဗျားပဲပေါ့။ခင်ဗျားလက်နဲ့ဖိတိုင်း I love You လို့ အော်တတ်တဲ့ အခန်းထောင့်က ဝက်ဝံရုပ်ကလေးက ခင်ဗျားကို အချိန်တိုင်း ငေးကြည့်နေတယ်။
ကျွန်တော့်ရဲ့ ဟန်နီက နှုတ်ခမ်းအောက်မှာ မှဲ့လေးနဲ့ . . .
ပြီးတော့ သူက နှင်းတွေကိုလည်း သဘောကျတတ်သေးတယ်။
ကြောင်ကလေးတစ်ကောင်၊ ကော်ဖီတစ်ခွက်နဲ့ စာအုပ်တစ်အုပ် ရှိနေမယ်ဆိုရင် လောကကြီးကို မေ့နေတတ်တဲ့ လူသားလေးပေါ့။♥️
♥️
♥️
ရင်ခွင်ထဲသို့ တွန်းတွန်းတိုက်တိုက် တိုး၀င်လာမှုလေးကြောင့် ရှောင်းကျန့် လန့်နိုးလာသည်။
လောကမှာ သွားရင်းလာရင်း ပခုံးချင်း တိုက်မိတဲ့ အဖြစ်အပျက်ပေါင်းများစွာ ရှိနိုင်ပေမယ့် ထိုမှ စ၍ ရင်ဘတ်တစ်ခြမ်းလုံးကို အပိုင်ပေးလိုက်ရသည်ကတော့ ရှားပါးလှသည့်အဖြစ်အပျက်ပင် ဖြစ်ပါလိမ့်မည်
![](https://img.wattpad.com/cover/194358741-288-k328391.jpg)
YOU ARE READING
♡.
Romanceအစိမ်းရောင်နယ်မြို့လေးရယ် ကိုယ့်ရဲ့ ချစ်ခြင်းတွေရယ် နူးညံ့လှပတဲ့ မင်းရယ် 🍏 XiaoWang 🍒 ZhanYi 🍑 Zhan Shan Wei Wang〔zsww〕 [Unicode & Zawgyi ~ Both available] COMPLETED