4200 words (。'▽'。)
🌼
ကျနော်က ခင်ဗျားအပေါ် အတ္တသိပ်ကြီးတယ် ခင်ဗျားရဲ့ ~
ကျနော်အပါအ၀င် ဘယ်သူမှ ခင်ဗျားကို ပိုင်ဆိုင်ခွင့်မရစေချင်ဘူး။ကျနော့်အတွက် ခင်ဗျားက အဲ့သလောက်ကို ကြီးကျယ်ခမ်းနားတဲ့ ဖြစ်တည်မှုမျိုး။
ကိုယ် နှစ်သက်တဲ့အရာတွေကို လုံလုံခြုံခြုံ သိမ်းဝှက်ထားလို့ရတဲ့ နတ်သမီးတောင်ပံတစ်စုံ လိုချင်ပါရဲ့ကွယ်။
ကျနော် ချစ်မြတ်နိုးရတဲ့ ခင်ဗျားကို ~ ဟောဒီကမ္ဘာမြေကြီးပေါ်က ဘယ်လိုဖြစ်တည်မှုမျိုးကမှ နာကျင်အောင် မလုပ်နိုင်ဖို့ပေါ့။နွေဦးရာသီရဲ့ သမားရိုးကျတစ်ရက်မှာ တိမ်လွှာလိုဖြူစင်တဲ့ ခင်ဗျားကို ကောင်းကင်ပြာနဲ့အတူ တွေ့ခဲ့တယ်။ ကျနော့်ရဲ့ ထာ၀ရကိုးကွယ်ရာ ဖြစ်လာမယ့်် ရှောင်းကျန့် ဆိုတဲ့ ခင်ဗျားကိုပေါ့။
နှုတ်ခမ်းပါးလျလျတွေရဲ့ မှော်ပညာ အနက်ရောင် အစက်ငယ်ကလေးက ယောင်ယမ်းငေးကြည့်လိုက်မိတဲ့ သက်ရှိ သက်မဲ့တိုင်းကို ညှို့ယူပစ်လိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ ခင်ဗျားကတော့ ပြောမှာပေါ့ 'ကိုယ် ဘာမှမလုပ်ခဲ့ရပါဘူး' လို့.....။ ဒါပေမယ့် ဘယ်လိုလုပ်မလဲ။ ခင်ဗျားရဲ့ အမူအယာ အပြုအမူ တစ်ခုချင်းစီတိုင်းက မြတ်နိုးပစ်လိုက်ဖို့ သိပ်ကောင်းလွန်းနေတာကိုလေ။
အေးချမ်းတည်ကြည်ပြီး တချိန်တည်းမှာပဲ အပြုံးလှလှတွေနဲ့ မျက်နှာချိုတဲ့ ခင်ဗျားက ကျနော်နဲ့ ဆန့်ကျင်ဘက်လေး....။
အဝါရောင် ပန်းတွေကို သဘောတကျ ငေးနေတဲ့ ခင်ဗျားကို ဒီအတိုင်း ဖျပ်ခနဲ မြင်လိုက်ရတာဆိုပေမယ့် ကျနော့်ရဲ့ အနာဂတ်အစီအစဥ်တွေမှာ ခင်ဗျား ပိုင်စိုးပိုင်နင်း ပါဝင်လာတော့မယ်လို့တော့ မထင်ခဲ့မိဘူး။ဒယ်ဒီရဲ့ တားမြစ်သံကို လျစ်လျူရှုပြီး ခင်ဗျား ဘဝထဲ တိုးဝင်ဖို့ ကြိုးစားခဲ့မိတာ အမှားတစ်ခုလို့ ဝန်ခံနေတာ မဟုတ်ဘူးနော်။ တစ်ကိုယ်ကောင်းဆန်တယ်ပဲဆိုဆို တစ်သက်မှာတစ်ခါ ပေါ်ပေါက်လာတဲ့ ကျနော့်ရဲ့ အချစ်တွေကို မြေကြီးထဲက ကျနော်နဲ့အတူ အမေ့လျော့ခံ မဖြစ်စေချင်ခဲ့တာ။
![](https://img.wattpad.com/cover/194358741-288-k328391.jpg)
YOU ARE READING
♡.
Romanceအစိမ်းရောင်နယ်မြို့လေးရယ် ကိုယ့်ရဲ့ ချစ်ခြင်းတွေရယ် နူးညံ့လှပတဲ့ မင်းရယ် 🍏 XiaoWang 🍒 ZhanYi 🍑 Zhan Shan Wei Wang〔zsww〕 [Unicode & Zawgyi ~ Both available] COMPLETED