♥ Sincere you ♥

8.8K 1K 33
                                    

🌻🌻🌻🌻🌻

" ရိပေါ်. . .ကလေး "

မျက်နှာလေးပင် မပေါ်အောင် စောင်ကို အုပ်သိုင်းလွှမ်းခြုံပြီး ဝရန်တာမှာ မှီထိုင်နေသော ကောင်လေးက သူ ခေါ်သည်ကို ကြားဟန်မတူ။
ပခုံးလေးပေါ် လက်လှမ်းမိတော့ လန့်ပြီး တုန်သွားသည်မှာ သနားစဖွယ်။

ကောင်လေးက အတော်ထိတ်လန့်သွားသည့်ပုံမို့ ရှောင်းကျန့် စိုးရိမ်လာသည်။
ကိစ္စတွေပြီးသွားပြီး ဆေးရုံမှဆင်းလို့ရတော့ ကတိအတိုင်း အိမ်သို့ ခေါ်လာခဲ့ပေမယ့် ရောက်ကတည်းက ဝရန်တာဆီသွားပြီး ဤနှယ် တိတ်ဆိတ် ငြိမ်သက်နေလေ၏။

" ရေချိုးလိုက်ရင် လန်းသွားမယ်နဲ့တူတယ် ရိပေါ်
လာ .. ဒီမှာ ထိုင်မနေနဲ့ နှင်းကျတော့မယ် "

သူ့ကို စိတ်မဝင်စားလေသော ငေါင်နေသည့် ကောင်ကလေး။
မကျေနပ်လျင် နှုတ်ခမ်းဖိကိုက်တတ်သည့် အကျင့်ရှိသည် ထင်သည်။

ယောက်ျားလေးအများစု မပိုင်ဆိုင်သည့် ဖူးဖူးကြွကြွနှုတ်ခမ်းတစ်စုံက အတန်ကြာ ဖိကိုက်ထားခြင်းခံရသောကြောင့် ပန်းရင့်ရောင်သမ်းနေသည်။

ရှောင်းကျန့် မသိလိုက်ခင်မှာပဲ လက်မ အဖျားလေးက ကောင်လေးနှုတ်ခမ်းပေါ်ရောက်သွား၏။
အမျက်တော် ပြေစေလိုသော အကြောင်းတရားဖြင့်။

ယခုမှ သူ့ရဲ့တည်ရှိမှုကို အသိအမှတ်ပြုတဲ့ ကြောင်ဆိုးဆိုးလေးတစ်ကောင်လို ဖျတ်ခနဲ မော့ကြည့်လာသည်။

" ပြဿနာတွေ ပြီးသွားပြီနော်... ဒီလိုကိစ္စမျိုး ဘယ်တော့မှ ထပ်မဖြစ်တော့ဘူး.... ကိုယ် ကတိပေးတယ်......
ရေချိုးပြီး နားကြမယ်လေ ကိုယ်တို့......
နော် ခလေးလေး "

ဆံနွယ်များကို ထိုးဖွပွတ်သပ်ရင်း ချော့မော့ပြောလိုက်တော့ လေးတိလေးကန်ဖြင့် ရေချိုးခန်းထဲ ဝင်သွားသည်။

ဘယ်လောက်တောင် ရုန်းကန်ခဲ့ရသည်မသိ။
တစွန်းတစ မြင်လိုက်ရသော လက်ဖျားများတွင် လက်ရာအပြင် သွေးခြေပါဥနေသည်။

" အရှုပ်ထုတ်ထဲ ဆွဲခေါ်ခဲ့မိလို့ တကယ် တောင်းပန်ပါတယ် "

ရှောင်းကျန့် ခခယယ ပြောမိတော့ ခြေလှမ်းတုံ့သွားသော်ငြား စကားတော့ပြန်မဆို။
ဖြစ်သင့်ပါသည်။
ဤအခြေအနေမျိုးတွင် တခြားသူသာဆို သူတို့သုံးယောက်ကို ကွဲပြဲသွားအောင် ထိုးနှက်ရိုက်ပစ်ပြီးနေလောက်သည်။

♡.Where stories live. Discover now