💟
တိမ်တွေမှာ ရင်ခွင် မရှိတတ်ကြဘူးတဲ့
ကြီးမြတ်လှတဲ့ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား တစ်စုံတစ်ယောက်ထံ လက်ဆောင်ပေးလိုက်တယ်ဆိုတဲ့ အနာဂတ်မှာ ကျွန်တော် အကြိမ်ကြိမ် သေဆုံးရပါတယ်။
ခင်ဗျားကို ငေးမောခွင့်ရရုံသပ်သပ်နဲ့ ကျနော်က တိမ်ကလေး ဖြစ်ချင်မိသေးတာ
♡.
လူတွေ ပြောကြတဲ့ မနက်ခင်းရဲ့ကြည်နူးဖွယ်ဆိုသည်မှာ ဤသည်ကို ညွှန်းဆိုသည် ဖြစ်အံ့ဟု ရှောင်းကျန့် ထင်မိ၏။
ငိုထားသည့်ပုံပေါက်ပြီး ဘေးနား တအီအီလုပ်နေသော ကောင်လေးအား စိတ်ရှုပ်စရာဟု သူ မမြင်မိ။
တောင်းဆိုစရာမလိုဘဲ ဆက်သထားသော ကော်ဖီတစ်ခွက်က ကောင်လေး၏ စိတ်အခြေအနေ ညှိုးနွမ်းနေခြင်းကို ဖော်ညွှန်း၏။
ရှောင်းကျန့်အတွက် မနက်စာကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ပေးထားသော်ငြား သူကျ ဟုတ်တိပတ်တိ မစား။
ကြက်ဥအနှစ်ကို ခက်ရင်းနဲ့ထိုးဆွနေတဲ့ ကောင်လေးကို ပေါင်မုန့်မီးကင်ဖဲ့ကျွေးလိုက်တော့ တမြုံ့မြုံ့နှင့် မြုံ့နေသည်။ သွားမပေါက်သေးဘဲ ငါးစားချင်တဲ့ ကြောင်ဘေဘီလေး ကျလို့။" ကိုယ် သွားတော့မယ် ရိပေါ် "
သွားခါနီး ထမင်းဘူးလေးဆွဲလို့ အိမ်ဝအထိ လိုက်ပို့ပေးသည့် အကျင့်ကလေးကတော့ မပျောက်။
သူ့ထက် ခေါင်းတစ်လုံးစာလောက် နိမ့်သည့် အကွာအဝေးမှာ ကောင်လေးမျက်နှာရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီအား အသေးစိတ်မြင်နိုင်နေသည်။မျက်တောင်စိပ်စိပ်ကလေးများက တခုနှင့်တခု စေးကပ်ချင်ချင်ဖြစ်နေဆဲ။
မျက်ခမ်းစပ်တွေကလည်း ရဲလို့.....။
ခပ်ချွန်ချွန် နှာနုဖျားကလေးကတော့ သူ သဘောအကျမိဆုံး အစိတ်အပိုင်းဖြစ်မည်ထင်သည်။ငုံ့ထားဆဲ မျက်နှာနုသွေးအား လက်နှစ်ဖက်ဖြင့် အသာအယာ ပွေ့မ, ယူမိ၏။
![](https://img.wattpad.com/cover/194358741-288-k328391.jpg)
YOU ARE READING
♡.
Romanceအစိမ်းရောင်နယ်မြို့လေးရယ် ကိုယ့်ရဲ့ ချစ်ခြင်းတွေရယ် နူးညံ့လှပတဲ့ မင်းရယ် 🍏 XiaoWang 🍒 ZhanYi 🍑 Zhan Shan Wei Wang〔zsww〕 [Unicode & Zawgyi ~ Both available] COMPLETED