♥ When Angels smile ♥

7.9K 917 35
                                    

♥️

" ကျွန်တော့်ဘက်ကတော့ တကယ် သဘောကျတာမို့ . . . အင်း . . အေးဆေးဖြစ်နေဦးမယ်လို့ ထင်တယ် "

ခေါင်းလေးစောင်းကာ တွေးဆသလို ပြောနေသောကောင်လေးကို ရှောင်းကျန့် ဒီအတိုင်း ငေးကြည့်နေခဲ့သည်။
ဖူးဖူးရဲရဲ နှုတ်ခမ်းလွှာနှင့် ဂုတ်ထောက်စပြုနေသော ဆံနွယ်သားပျော့ပျော့တို့က ကောင်လေးအား နတ်သမီးဆန်နေစေ၏။

" ခစ်ခစ်ခစ် ~ ~ ဟုတ်တယ်လေ Gege ရဲ့
ကျနော်က gege fan boy ပဲဟာကို
တကယ် သဘောကျတာပေါ့ "

မှိတ်လုမှိတ်ခင် မျက်ဝန်းများက သူ့ကို ဝင့်ကြည့်လာရင်း
နီနီရဲရဲနှုတ်ခမ်းပါးလွှာအား လှပသွယ်ပျောင်းသည့် လက်ချောင်းများနှင့် ကာရံကာ ရယ်ရမ်းသွေးနေသည့်
ကောင်ကလေး......။

ယောက်ျားတစ်ယောက်ဟာ ဤမျှ လှပစရာ မလိုအပ်သော်လည်း ဒီကောင်လေးကတော့ လောက၏ပညတ်ချက်၊ ကန့်သတ်ချက်များကို လျစ်လျူရှုရင်း သူ ပျော်သလို လှပနေဦးမည်ထင်သည်။

ငေးကြည့်နေရရုံနှင့် ကြည်နူးစေနိုင်စွမ်းသည်ဟု ညွှန်းဆိုလေ့ရှိကြသော တစ်စုံတစ်ရာ၏ အဓိပ္ပာယ်ကို ရှောင်းကျန့် ယခုမှပင် သဘောပေါက်တော့သည်။

ချစ်ခင်မြတ်နိုးဖွယ်ရာကောင်းစွာ ပွင့်လန်းနေသည့် ပန်းကလေး . . . ။

မင်းရဲ့ လှပစွာ ကြီးပြင်းလာခြင်းကို စောင့်ရှောက်ကူညီပေးရတဲ့ ဥယျာဉ်မှုးတွေထဲကတစ်ယောက် ကိုယ် ဖြစ်ချင်လာမိပါရဲ့။

🌷🌱🌷🌱🌷

နံနက်စာ ထမင်းဝိုင်းသည် လိုအပ်တာထက်ပို တိတ်ဆိတ်နေ၏။

ဟုတ်သည်။ ရှောင်းကျန့် ဆန္ဒပြနေသည်။
ကော်ဖီ မသောက်ရသောကြောင့်. . .။

" စားလေ Ge ge! "

" .... "

" သွားရတော့မယ် မဟုတ်လား
မန်နေဂျာက ခြံရှေ့ရောက်တော့မယ် ဖုန်းဆက်ထားတယ်လေ "

" ..... "

" Ge ge ... တော်တော်ကို ဆိုးတာပဲ "

မစားပေမယ့် စေ့စေ့ကြည့်ခံနေရသော Sandwich လေးက သနားစဖွယ်။

ကောင်လေး စုတ်သပ်လိုက်သံကြားပေမယ့် ရှောင်းကျန့် မော့မကြည့်ဖြစ်။
ဒီနေ့တော့ ဘာဖြစ်ဖြစ် တင်းခံထားမှ ဖြစ်မယ်။
အဲ့ဒါအားလုံး အဲ့ကောင်လေး အမှားတွေချည်းပဲ။

♡.Where stories live. Discover now