🌳
ရိပေါ် ပြင်ထားတဲ့ နှစ်ယောက်စာ ထမင်းဝိုင်းဟာ သုံးယောက်စာဖြစ်လို့သွားတယ်။
Gege ရောက်မလာသေးတဲ့အတွက် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲ။လူကြီးလူကောင်းဆန်လှစွာပဲ Gege မေမေက Gege မရှိခင် ရိပေါ်ကို ဘာစကားနာမှ ထိုးမထားဘူး။
အိမ်ကို စေ့စေ့စပ်စပ်လိုက်ကြည့်ရင်း Gege လာတဲ့ အထိ ညစာ မသုံးဆောင်ဘဲ စောင့်နေတယ်။ဘာမှ အကဲခတ်လို့မရအောင် မျက်နှာအမူအယာ တည်ငြိမ်လွန်းနေတဲ့ အန်တီက သားဖြစ်သူကို အလွန်တန်ဖိုးထားတဲ့ မိခင်တစ်ယောက်မှန်း သိသာတယ်။
ရိပေါ်ကို အလွတ်ပေးထားပေမယ့် ဟင်းပွဲတွေကို သေချာအကဲခတ်နေတာကြောင့် ဒီနေ့ ညစာကို ဖွယ်ဖွယ်ရာရာ လောက်လောက်ငှငှ ပြင်ဆင်ထားမိတာ တော်ကာကျသွားသည်။
" ဆောရီး မေမေ.....ကျနော် ကပျာကယာ ရေချိုးလိုက်လို့ နည်းနည်းကြာသွားတာ "
ခေါင်းပေါ် တဘတ်တစ်ထည် တင်ရင်း ပြေးလာတဲ့ ရှောင်းကျန့်က တကယ့် အပေအတေလေး။
ရေခြောက်အောင် သုတ်ဖို့ အမြဲ ပျင်းနေတတ်တဲ့ Gege ရဲ့ ဆံနွယ်တွေက ရိပေါ်ရဲ့ တာဝန်တွေထဲက တစ်ခုပေမယ့် အခုတော့ အမြင်ကတ်ပုဒ်မကလေးပါ တပ်ပြီး ပေစောင်းစောင်း ကြည့်နေ လိုက်၏။' အချိန်ကြာနေမှာ အဟုတ် စိုးရိမ်လို့ပါကွာ ' ဆိုပြီး အဲ့ဒီ့ မျက်လုံးတောက်တောက်တွေနဲ့ ရှင်းပြနေသေး။
" မင်းက ယောကျာ်းလေးဖြစ်တဲ့အပြင် ဒီအရွယ်လေးနဲ့ အိမ်ထောင်မှုနိုင်နင်းတာ ချီးကျူးစရာပဲ "
ညစာ သုံးဆောင်နေတဲ့ အန်တီ့အသံကြားမှ နှစ်ဦးသား မျက်လုံးချင်းစကားပြောနေရာမှ ရပ်သည်။
" ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ် အန်တီ "
" အပြင်စာ စားရတာ သိပ်မကြိုက်တဲ့ ကျန့်အာ....အိမ်ကနေ ဟင်း လှမ်းမတောင်းတာကြာတော့ တယောက်ယောက် ရှိနေမယ်လို့ တွေးမိခဲ့တယ် "
" ဟုတ်ကဲ့ "
အိမ်က ဟင်းလာပို့ရမလား မေးတိုင်း အတင်းငြင်းနေခဲ့တဲ့ ရှောင်းကျန့် ပုံစံကို မြင်ယောင်မိတော့ သူ ပြုံးမိသွားတယ်။
![](https://img.wattpad.com/cover/194358741-288-k328391.jpg)
YOU ARE READING
♡.
Romanceအစိမ်းရောင်နယ်မြို့လေးရယ် ကိုယ့်ရဲ့ ချစ်ခြင်းတွေရယ် နူးညံ့လှပတဲ့ မင်းရယ် 🍏 XiaoWang 🍒 ZhanYi 🍑 Zhan Shan Wei Wang〔zsww〕 [Unicode & Zawgyi ~ Both available] COMPLETED