♡
" သူ့ကို အရင် သွားသိပ်လိုက်ဦး Xiao Zhan "
" အင်း "
စုံစမ်းရေးလုပ်ဖူးသမျှတွင် သည်တစ်ခါ စိတ်အပျက်မိဆုံးဖြစ်သလို လမ်းအပျောက်ရဆုံးလည်း ဖြစ်သည်။
သတင်းအနံ့ခံရန်ကိုသာ စိတ်ဇောကြီးနေခဲ့ပြီး ကိုယ်တိုင်မျက်နှာပြ ပါဝင်ပတ်သက်ခဲ့မိသည်က ချင်လူကြီးမင်းအား ဖမ်းဆီးနိုင်သည်ဆိုစေဦးတော့ ရှောင်းကျန့်လည်း မစားသာတော့။
နှစ်ခြိုက်လှသော သူလျှိုအလုပ်ကို စွန့်လွှတ်ရပေလိမ့်မည်။" သူ့ကို ငါ တကယ်ပဲ အားနာလိုက်တာကွာ "
" ချင်ဖုန်းက သူ့ကို သိနေမယ်လို့ ဘယ်သူက စဉ်းစားမိမှာလဲ
မင်းအမှားမဟုတ်ပါဘူး "" SNS မှာ ကျော်ကြားနေပြီးသား လူကို သုံးမိတာရယ် မင်းမျက်နှာကို ထုတ်ပြလိုက်တာရယ်ကတော့ ငါတို့အမှားပဲ
ငါအပါအဝင် တုံးလိုက်ကြတာကွာ!!
ထုချေလွှာပြင်ထားတော့ ထိုက်ဟွမ် "ညည်းညည်းညူညူပြောသည့် ယွီပင်းအား ရန်သတ်နေကျ ထိုက်ဟွမ်ပင် တခွန်းပြန်မပက်နိုင်။
ဇောနောက် မဆင်မခြင်လိုက်မိသည့် နှစ်ကောင်သား၏မျက်နှာများကား မကြည်မသာ။
မနက်ဖြန် အဘယ်ကဲ့သို့ ကြုံရဦးမည်မသိရသည်ကိုရော ညစ်ညစ်ညမ်းညမ်း အပြောခံလိုက်ရသည့် ကောင်ငယ်လေးကလေးကိုရော တွေးမိသဖြင့် သူ့မျက်နှာလည်း ကြည့်ကောင်းနေမည်မဟုတ်။" အရှက်ကွဲလက်စနဲ့ ဒီကိစ္စကို တခါတည်း အဆုံးသတ်လိုက်ရင်ရော... "
" ဟုတ်သား! ဘယ်အချိန်ဘာဖြစ်မလဲမသိရတဲ့ Spyဘဝနဲ့လည်း မင်းကို မနေစေချင်တော့ဘူး "
" မင်းတို့ပြောတာက ဒီအမှုပြီးရင် ငါက မင်းတို့အဖွဲ့ထဲက သူလျှိုအဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ရမယ်ပေါ့ "
မှိုင်နေရာမှ ရုတ်ချည်း နားရွက်ထောင်လာသည့် နှစ်ကောင်က စိတ်အားတက်ကြွစွာ အမြီးနှံ့ပြလေရဲ့။
" ဆက်လုပ်မယ်ထားပါဦး ဘယ်လိုဆက်လုပ်မှာလဲ "
" ဟိုကလေးကို သူ မျက်စိကျနေတော့ ငါးစာချရင်ရော "
" တည်ကြက်ပါကွာ "
" အရူး အမဲသားကျွေးတာ "
![](https://img.wattpad.com/cover/194358741-288-k328391.jpg)
YOU ARE READING
♡.
Romanceအစိမ်းရောင်နယ်မြို့လေးရယ် ကိုယ့်ရဲ့ ချစ်ခြင်းတွေရယ် နူးညံ့လှပတဲ့ မင်းရယ် 🍏 XiaoWang 🍒 ZhanYi 🍑 Zhan Shan Wei Wang〔zsww〕 [Unicode & Zawgyi ~ Both available] COMPLETED