♥ Story in Yours ♥

4.7K 384 59
                                    

🌳

ပေါ့ပေါ့ပါးပါး ရှင်သန်ပါ
ချစ်ခြင်းမေတ္တာအကြောင်း အမှတ်တမဲ့ ပြောမိတဲ့အခါတိုင်း
ကျနော့်ကို သတိရပါ
ခင်ဗျားလက်ဖဝါးမှာ ခေါင်းလေးတိုးဝှေ့တတ်တဲ့ ကြောင်ကလေးတွေကို မြင်တိုင်း ကျနော့်ကို လွမ်းပါ
ခင်ဗျား ရင်ခွင်ထဲ ချွဲနွဲ့တတ်တဲ့ ကောင်​လေးတစ်ယောက် ရှိခဲ့ဖူးကြောင်း .. .. ..

အချစ်ဆိုတာ ချစ်နေရုံနဲ့ မပြီးဘူးတဲ့ ခင်ဗျားရဲ့!
တခါတရံ လက်လွှတ်ပေးလိုက်ရတာလည်း ချစ်ခြင်းမေတ္တာပါပဲ။

သေလွန်ပြီးသည့်နောက်တိုင် ချစ်ခြင်းတရားဟာ ခင်ဗျား ခြေတော်ရင်းမှာ .. .. ..
ဒီကမ္ဘာမြေပေါ်မှာ ကောင်လေးတယောက် ခင်ဗျား အလိုတော်ကျ ဖြစ်တည်နေခဲ့ဖူးသတဲ့

မယုံမရှိနဲ့ ~
ကျနော့်ရဲ့ Heaven ဟာ ခင်ဗျားဆိုတဲ့ ရှောင်းကျန့်ပါပဲ
ကျနော် စိတ်လိုလက်ရ ရှိတဲ့အခါ ဘုရားသခင်နဲ့ ငြင်းခုန်ပါဦးမယ်

အရာရာကို စတေးပြီး အဆုံးသတ်ခဲ့ရတဲ့ အိပ်မက်ဟာ ကိုယ့်အလိုမပါဘဲ နိုးထလာရတဲ့အခါ သိပ်ကို ကြေကွဲစရာကောင်းနေတယ်။ ဘယ်အရာကိုမှ မစတင်တော့ဘူး.....ဘယ်အခြင်းအရာကိုမှ မထိတ်သာမလန့်သာ တွေးကြောက်မနေတော့ဘူးလို့ လွတ်လပ်ပြီးခါမှ ဝုန်းဆို မလွတ်မြောက်သေးမှန်း သိလိုက်ရတဲ့ ခံစားချက်က ငရဲကျနေသလိုပဲ။

မျက်လုံးဖွင့်လိုက်တာနဲ့ ရုပ်ရှင်တွေထဲကလို မျက်နှာကျက်ဖြူဖြူက ဆီးကြိုတယ်။ မာကျူရီမီးရောင်ကြောင့် နေ့ဘက်မဟုတ်မှန်း ရိပေါ် သိလိုက်တယ်။ ထုတ်လွှတ်ထားတဲ့ အငွေ့လျလျတွေကို မြင်နေရခြင်းအားဖြင့် သေသွားရင်တောင် မရောက်ချင်ဆုံးနေရာဆီ သူ ရောက်နေခဲ့ပြန်ပြီပေါ့။

ဖွဖွကလေး ဆုပ်ကိုင်ခံထားရတယ်လို့ ခံစားသိမိတဲ့ ညာဘက်လက်ချောင်းတွေဆီ ငဲ့ကြည့်မိတော့ နတ်ဘုရားတစ်ပါး အိပ်စက်နေတယ်။ ရိပေါ် တစ်ဦးတည်းပိုင်ဆိုင်တဲ့...အိပ်ရာ၀င် ပုံပြင်တွေထဲက မဟုတ်တဲ့...ကမ္ဘာမြေပေါ်က သက်ရှိ နတ်ဘုရားလေး။

အရာရာပျက်သုဉ်းနေပြီးသားဖြစ်တဲ့ သူ့အတွက် ရှောင်းကျန့်က မျှော်လင့်ခြင်းဆန်တယ်။ ပျော်ရွှင်ခြင်းနှောင်ကြိုးလေးဖြစ်သလို အနားမှာ ထာ၀ရ အပိုင်သိမ်းထားချင်မိတဲ့ တည်ရှိမှုလေးလည်း ဖြစ်တယ်။

♡.Where stories live. Discover now