page 5 &6

675 42 0
                                    

Page-5

ဝမ်းနည်းပက်လက်ဖြစ်နေကြတဲ့ နန်းတွင်းသူနန်းတွင်းသား လူအုပ်ကြီးထဲမှာ တော်တော်များများ အရှင်သီကျွင်းနဲ့ Jiheng တို့နဲ့ပတ်သက်ပြီး ကောလဟာလတစ်ချို့ကို ကြားဖူးကြတယ်။ အရင်က အရှင်နဲ့ ဒီဂီတပညာရှင်လေးကြားမှာ အမှန်တကယ်ပဲ မသိနိုင်တဲ့ဇာတ်လမ်းတစ်ခုခုရှိနေလားဆိုတာ သူတို့တွေသိချင်နေခဲ့ကြတာ။ အဲ့လိုဆိုရင် ဒီနေ့သူတို့မြင်လိုက်ရတဲ့ ့မြင်ကွင်းကဘာကြီးလဲ??

ဒါဟာ တကယ်ကိုသံသယဖြစ်စရာကောင်းတယ်။

ခဏတာမျှ အထိတ်တလန့်ရော သံသယရောဖြစ်ပြီးသွားချိန်မှာ နတ်သူငယ်လေးတွေဟာ ရုတ်တရက် ဉာဏ်အလင်းရသွားကြပြန်တယ်။

တစ်လောကလုံးမှာမှ အထက်မိုးကောင်းကြီးနဲ့သာ အရှင်မင်းမြတ်ရဲ့ ထင်ပေါ်ကျော်ဇောမှုကို နှိုင်းယှဉ်လို့ရတာ!! တစ်လောကလုံးမှာမှ နေမင်းနဲ့လမင်းနှစ်ခုပေါင်းရဲ့အလင်းရောင်ကသာ အရှင်းမင်းမြတ်ရဲ့ကျက်သရေလို ထွန်းတောက်နိုင်တာ!! ဒီလောက်တောင် မွန်မြတ်ပြီး သူတော်ကောင်းဆန်လှတဲ့သူတစ်ယောက်ကို ဒီလောကီအညစ်အကြေးလေးတွေက ဘယ်လိုများစွန်းထင်းစေနိုင်မှာလဲ?? Jiheng ရော ခုအန္တရာယ်ထဲကျရောက်နေတဲ့ မင်းသမီး Jiu'geရော သေချာပေါက် အရှင်မင်းမြတ်နဲ့ ပတ်သက်နေစရာအကြောင်းမရှိဘူး။ အရှင်းမင်းမြတ် မင်းသမီး Jiu'geကိုကယ်ဖို့ အရာအားလုံးပုံအောပြီး စွန့်စားနေတာဟာ သနားကရုဏာကြောင့်ပဲ..မြင့်မြတ်သူတစ်ယောက်ရဲ့ သနားကရုဏာကြောင့်..။

ဘယ်လိုများ သူတို့တွေ ဒီလိုမွန်မြတ်ပြီး သူတော်ကောင်းဆန်လှတဲ့အရှင်မင်းမြတ်ကို သူတို့ရဲ့အောက်တန်းကျတဲ့စိတ်တွေနဲ့ ညစ်ညမ်းအတွေးတွေ တွေးနိုင်ရတာလဲ?? သူတို့ကိုယ်သူတို့ အရမ်းရှက်ရွံ့သွားတယ်။ အရမ်းအရမ်းကိုရှက်ရွံ့သွားခဲ့တယ်။

တစ်ဖက်မှာ သူတို့ရဲ့အောက်တန်းကျမှုကို ပြန်လည်သုံးသပ်နေတုန်း တစ်ဖက်မှာလည်း အထဲမှာဘယ်လိုအန္တရာယ်မြန်း ရုတ်တရက်ပေါ်လာမလဲဆိုတာမြင်နိုင်ဖို့အတွက် အကာအကွယ်တံတိုင်းဆီကို ငေးကြည့်နေခဲ့ကြတယ်။ ချက်ချင်းပဲ..သူတို့မျက်လုံးကို သူတို့ပွတ်လိုက်တယ်။ စိုးရိမ်ဖွယ် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ စိတ်ထားမွန်မြတ်ပြီး ကရုဏာကြီးမားလှတဲ့ အရှင်မင်းမြတ်ဟာ ချက်ချင်းပဲ မင်းသမီး Jiu'geရဲ့မျက်နှာဆီကို လက်မြှောက်လိုက်တယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now