Page 89-93
Page-89
အခန်း (၅)
လူမှားပြီး ပန်းတွေအတူကြည့်ခဲ့ပေမယ့် သူမရဲ့သရုပ်မှန်ပေါ်စေမယ့် မသင့်တော်စရာစကားတစ်ခွန်းမှ မပြောမိခဲ့တဲ့အတွက် ဖုန်းကျို ကိုယ့်ကိုကိုယ် တကယ်ဝမ်းသာမိတယ်။ ဒါတင်မကသေးဘူး Xize ဆီကနေ အတင်းစကားတစ်ချို့ကိုပါ တိုက်ရိုက်ကြားခဲ့ရသေးတယ်။ သူမ အရမ်းကံကောင်းတာပဲ။
အပေါ်ယံကြည့်ရင်တော့ အရှင် Xize က ခံစားချက်မရှိတဲ့ ရေခဲတုံးတစ်တုံးလို့ထင်ရပေမယ့် Juno အပေါ်သူ့ရဲ့ခံစားချက်တွေက အဲ့လောက်နက်နဲနေလိမ့်မယ်လို့ ဘယ်သူကထင်မိမှာလဲ? အလှတရားဆိုတာ ကြည့်တဲ့အပေါ်မှာပဲမူတည်တယ်ဆိုတဲ့ လူတွေပြောတဲ့စကားက တကယ်မှန်တယ်။
သို့သော်ငြား အဲ့ဒီညမှာ သူမ အိပ်ရာပေါ်ရောက်တော့ Xize အတွက် အနည်းငယ်တွေးပူမိတယ်။ Juno လိုလူဆီကနေ ပင်ကိုယ် စရိုက်စိတ်ထား ကောင်းမွန်မှု၊ အရည်အချင်းထက်မြက်မှုတွေကိုတောင် မြင်နိုင်စွမ်းရှိတယ်ဆိုတော့ သာမာန်စုံလုံးကန်းနေတာမျိုးမဟုတ်ဘူးပဲ။ ဒီလောက်ချောမောခန့်ညားလှတဲ့ ယောကျာ်းတစ်ယောက်က အဲ့လောက်တောင် ဆိုးဝါးတဲ့အမြင်ရှိတာလား? တကယ်နှမြောစရာကောင်းတာပဲ။
သူမသက်ပြင်းချပြီးနောက် အိပ်ပျော်သွားပါတော့တယ်။ သို့သော် မကြာပါဘူး ကြက်ဖတွေစောစောစီးစီး တွန်မြည်လာချိန်မှာပဲ သူမပြန်နိုးထလာခဲ့တယ်။
_________________
မနေ့ညက သူမ တစ်ကိုယ်ကောင်းဆန်စွာနဲ့ Su Moyeကို Changdiနဲ့ တစ်ယောက်တည်းထားခဲ့တယ်။ ထိုအခက်အခဲကို သူ ကောင်းကောင်းကိုင်တွယ်နိုင်ရဲ့လား သူမသိချင်မိတယ်။ ဒီမနက် သူ သူမကိုအပြစ်တင်ဖို့ ရောက်လာလေမလား? မနက်စောစောစီးစီး အသိတရားရှိစွာနဲ့ တကယ်ကိုအားနာမိသလို ပုံစံမျိုးပြရင် Su Moye သဘောထားကြီးစွာ သူမကိုခွင့်လွှတ်ပေးလောက်မှာပါ။
သူမ ထိုအတိုင်းတွေးတောပြီး ကိုယ်ကိုမတ်မတ်ထားကာ သင်္ဘောပေါ်က သူမရဲ့အခန်းငယ်လေးထဲမှာပဲ Su Moye ကို ထိုင်စောင့်နေခဲ့တယ်။
ကမ္ဘာမြေတစ်ခွင်ပေါ်ကို မနက်ခင်းလင်းရောင်ခြည်တွေ ဖြာကျလာတဲ့အချိန်ကျမှဘဲ Mo Shao တစ်ယောက် အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပုံစံနဲ့ ပေါ်လာလေတယ်။ သူရောက်လာကာစမှာတော့ သူမရဲ့ကျင့်ဝတ်ဖောက်ဖျက်မှုအကြောင်း ဘာတစ်ခွန်းမှမပြောသေးဘူး။ သူပြောတာက ညတုန်းက Changdi သူမနောက်ကို မင်းသား Qingက ထက်ကြပ်မကွာလိုက်နေလို့ Changdi တစ်ယောက် ငယ်သံပါအောင်အော်ရင်း တောအုပ်တွေကြားထဲထိ ပတ်ပြေးနေခဲ့တာတဲ့။ နောက်ဆုံးတော့ မင်းသား Qing သူမကိုမှီပြီး သူမရဲ့ကိုယ်ပေါ်ကိုရစ်ပတ်ခွေတက်ပြီးနောက် သင်္ဘောဆီသို့ ပြန်လာတဲ့လမ်းမှာတင် Changdi သတိမေ့လဲသွားတယ်တဲ့။ ပြီးတော့ ဒီသတင်းက အရမ်းကိုရုန်းရင်းဆန်ခတ်ဖြစ်လွန်းလို့ ဘုရင်နဲ့ဘုရင်မကြီးတို့နားအထိတောင် ပေါက်ကြားသွားခဲ့တယ်လို့ပြောတယ်။ သူ ထိုစကားတွေလည်း ပြောပြီးရော Changdi က ကိုင်တွယ်ရလွယ်တဲ့သူတစ်ယောက် မဟုတ်တဲ့အကြောင်း၊ သူမှန်းရသလောက် Changdi မကြာခင်မှာ သူမကို ပြန်လက်စားချေရင်ချေလိမ့်မယ်ဆိုတဲ့အကြောင်း သူမကိုသတိပေးပြောကြားလေတယ်။

YOU ARE READING
Eternal love of dream-Three lives Three World The pillow book 2-Unicode version
Romanceဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world the pillow book 2 Myanmar translation by three live three world: the pillow book-Myanmar translation 💖 ဖတ်ပီးရင် vote 💗 👈 ပေးခဲ့ဦးနော် ...