464-473

409 54 3
                                    

Page 464-473

Page-464

ဖုန်းကျိုငယ်ငယ်က ထူးချွန်လိမ္မာတဲ့ကျောင်းသားတစ်ယောက်မဖြစ်ခဲ့ရုံသာမက ပြဿနာတိုင်းလိုလိုမှာပါလေ့ရှိတဲ့ တကယ့်ဂြိုလ်မွှေသူအကြီးစားတစ်ယောက်ဖြစ်ခဲ့သည်။ မကြာခဏဆိုသလို မီးခိုးရောင်ဝံပုလွေ didi ကိုလိုက်ဖမ်းနေရတာမလို့ သူတစ်ပါးအိမ်ကို ချိုးဖောက်ဝင်ရောက်ခြင်းက သူမနဲ့မစိမ်းတဲ့အကျင့်တစ်ခုဖြစ်ခဲ့၏။ ဒီလိုဆိုတောင်မှ တစ်နေ့မှာ သူမ ထိုက်ချန်နန်းတော်ထဲကို ချိုးဖောက်ဝင်ရလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။

သို့သော် ထိုက်ချန်နန်းတော်ဆိုတာက ချိုးဖောက်ဝင်လို့လွယ်တဲ့နေရာတစ်ခုမဟုတ်ဘူးလေ။ အထဲကိုဝင်ဖို့ နံရံကိုခုန်တက်လိုက်တာနဲ့တစ်ပြိုင်နက် များပြားလှတဲ့အစောင့်နတ်ငယ်လေးတွေ လေထဲမှာအလိုလိုထွက်ပေါ်လာခဲ့တယ်။ နတ်ငယ်လေးတွေလဲ သူတို့ရှေ့မှာရှိနေတဲ့ကျူးကျော်သူကိုမြင်တော့ ခဏမျှကြက်သေသေနေပြီး ချက်ချင်းပဲ လေးစားသမှုနဲ့ Yuhe ခန်းမထဲကိုဝင်ဖို့ ဖိတ်ကြားတာပေါ့။ ထို့နောက် သီကျွင်းကိုအသိပေးဖို့ အမှုထမ်းတစ်ယောက်ကိုလွှတ်ပြီး သူမအတွက် သစ်သီးတွေ၊ လက်ဖက်ရည်တွေယူလာခဲ့ဖို့ အစေခံတွေကို မှာကြားလေတယ်။ (ဖုန်းကျိုရယ်.. နင့်အတွက်ဆို ထိုက်ချန်နန်းတော်က တံခါးမရှိ ဓားမရှိအချိန်တိုင်းဝင်လို့ရပါတယ်..😢) ဖုန်းကျို အနည်းငယ်စိတ်အေးသွားတယ်။ ဒါပေမယ့် သူမလက်တွေ တုန်ယင်နေဆဲဖြစ်သလို သူမခေါင်းထဲမှာလဲ အတွေးတွေနဲ့ရှုပ်ထွေးနေတုန်းပဲ။

လက်ဖက်ရည်ခွက်တစ်ဝက်စာ ကုန်သွားတဲ့အချိန်အထိ သူမစောင့်နေခဲ့တယ်။ အဲ့ဒီနောက် အပြင်က ခြေသံတစ်ချို့ကိုကြားရတဲ့အချိန်မှာ သူမအမြန်ထရပ်လိုက်တယ်။ အထဲကိုဝင်လာသူကတော့ Xie Guchou နဲ့ Ye Qingti တို့ပါပဲ။ သူတို့ကိုလဲ အစောင့်တွေက အထဲကိုဝင်ဖို့ဖိတ်ကြားခဲ့ပြီး အစေခံလေးတွေကို လက်ဖက်ရည်နဲ့ဧည့်ခံစေလေတယ်။

သုံးယောက်သား တိတ်ဆိတ်စွာစောင့်နေခဲ့ကြတာ နောက်ထပ်လက်ဖက်ရည်ခွက်တစ်ဝက်စာ ကုန်တဲ့အချိန်ထိပါပဲ။ စောင့်လေစောင့်လေ ဖုန်းကျို ပိုပြီးစိတ်ပူလာလေလေဖြစ်လာခဲ့တယ်။ သီကျွင်းရဲ့အိပ်ခန်းကို သူမချိုးဖောက်ဝင်တော့မယ့်အချိန်မှာပဲ အဖြူရောင်ပုံရိပ်လေးတစ်ခု တံခါးဘေးကနေ ဖြတ်ပြီးဝင်လာတာကို မြင်လိုက်ရတယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now