အခန်း ၁၈

567 31 8
                                    

Page 369-373

Page-369

အခန်း (၁၈)

ဖုန်းကျိုမှာ နဂိုတည်းက အစီအစဉ်ရှိပြီသား..

Fanyin တောင်ကြားကထွက်တာနဲ့ သူမပထမဆုံးလုပ်ရမယ့်အလုပ်က သူမအဒေါ်ကိုဆီကိုသွားပြီး တောင်းပန်ဖို့ပဲ။ ဟိုတုန်းက သူမကို ကောင်းကင်ဘုံဆီခေါ်လာခဲ့တဲ့သူက သူမအဒေါ်ပဲလေ။ နောက်တော့ သီကျွင်းရဲ့ပြန်ပေးဆွဲမှုကိုခံရပြီး သူမတို့ အချိန်တော်ကြာ အဆက်အသွယ်ပြတ်သွားခဲ့တယ်။ ပုံမှန်အားဖြင့် ပိုင်မိသားစုဟာ သူတို့ရဲ့ကလေးတွေကို ချုပ်ချယ်တတ်ကြတဲ့သူမျိုးမဟုတ်ပေမယ့်လို့ သူမရဲ့အဒေါ် သူမကို အရမ်းစိတ်ပူနေမှာသေချာတယ်။ ဒါ့ကြောင့် အဒေါ်ဖြစ်သူဆီကို အရင်ဆုံး သူမသွားချော့ရမယ်။

နောက်ဒုတိယအလုပ်က Ye Qingti ကို ပြန်လည်ရှင်သန်အောင်လုပ်ဖို့ပဲ။ သူမကိုကယ်ဖို့အတွက် နတ်ဆိုးတစ်ကောင်ရဲ့ဓားနဲ့ အသတ်ခံလိုက်ရတဲ့အတွက်ကြောင့် သူ့ရဲ့ဝိဉာဉ်က နတ်ဆိုးစွမ်းအင်တွေ ကူးစက်သွားခဲ့တယ်။ ဘဝသစ်ဝင်စားခဲ့ရင်တောင် ဘဝတိုင်းဘဝတိုင်း နတ်ဆိုးတစ်ကောင်အနေနဲ့ပဲ မွေးဖွားလာနိုင်မယ်။ သူ့ကိုကယ်တင်နိုင်ဖို့ တစ်ခုသောနည်းလမ်းက သူ့ရဲ့ဝိဉာဉ်ကို သန့်စင်ပြီးသယ်ဆောင်ပေးနိုင်တဲ့ နတ်စွမ်းအင်ခန္ဓာကိုယ်တစ်ခုကို ဖန်တီးပြီး အဲ့ဒီခန္ဓာကိုယ်ကို ကျောက်စိမ်းရေကန်ဆီကိုယူလာပြီးတော့ အညစ်အကြေးတွေအားလုံးကို ဆေးကြောကာ မသေမျိုးတစ်ယောက်ဖြစ်စေခြင်းပဲ။ ဟိုအရင်တုန်းက သူမ သူ့ရဲ့ဝိဉာဉ်ကိုစုဆောင်းပြီး Xie Guchou ရဲ့နေရာမှာ သိမ်းဆည်းထားခဲ့တယ်။ Saha သီးကလဲ သေမျိုးအစေ့အိမ်မဟုတ်ဘဲ နတ်ဝိဉာဉ်အစေ့အိမ်ဖြစ်တဲ့ အဖြူရောင်အရိုးဝိဉာဉ်ကနေ သီးပွင့်လာတာမလို့၊ အခုသူမမှာလဲ ထို Saha သီးရှိနေပြီဆိုတော့ အလွယ်တကူ သူ့ကိုပြန်လည်နိုးထလာအောင်လုပ်လို့ရပြီလေ။ သူမရဲ့အဒေါ်ကိုတောင်းပန်ပြီး Xie Guchou ရဲ့နေရာဆီကိုသွားမယ်။ ပြီးတော့ သူ့ဆီက Ye Qingti ရဲ့ဝိဉာဉ်ကိုယူရမယ်။

Ye Qingti ရဲ့ဝိဉာဉ်ကိုရတာနဲ့ သူမရဲ့အဘွား Lady Fumi ဆီကိုလဲ သွားလည်ရအုန်းမယ်။ ဒါက သူမလုပ်ရမယ့်စာရင်းထဲက တတိယမြောက်တစ်ခုပဲ။ အခုဆို သူမနဲ့သီကျွင်းက လက်ထပ်ပြီးသွားကြပြီဆိုသော်ငြား မျက်မြင်သက်သေအဖြစ် မိသားစုတွေရှေ့မှာ မင်္ဂလာပွဲမဆင်နွှဲရသေးဘူး။ ဒီလိုအခမ်းအနားပွဲတွေက သီကျွင်းအတွက် ဘာမှအရေးမပါပေမယ့် ချင်းချူကလူကြီးတွေအတွက်တော့ အရမ်းကိုမှအရေးကြီးတယ်။ မင်္ဂလာပွဲအခမ်းအနားတစ်ခု မဖြစ်မနေလုပ်မှရမယ်။ ဒါပေမယ့် ခက်တာက.. တစ်အချက် သီကျွင်းက နောက်ခံကောင်းတဲ့မိသားစုကလာတာမဟုတ်ဘူး၊ နှစ်အချက် ဘာရာထူးအာဏာမှမရှိဘူး၊ အဆိုးဆုံးသုံးအချက်က သူက အပြစ်ပြောစရာမရှိအောင်ထူးချွန်ပြောင်မြောက်တဲ့ တိုက်ခိုက်ရေးသမားကောင်းတစ်ဦးဖြစ်တယ်။ ဒီတော့ သူမရဲ့အဘွားဆီက ခွင့်ပြုချက်ရဖို့ လွယ်မှာမဟုတ်ဘူး။ သီကျွင်းကိုရဖို့ ဒီလောက်ထိအပင်ပန်းခံကြိုးစားလာခဲ့ပြီးမှ အဘွားဖြစ်သူက သူမရဲ့မင်္ဂလာပွဲကို ကန့်ကွက်တာမျိုးမခံနိုင်ဘူး။ ဒါကြောင့် အဘွားဆီက ကောင်းချီးရအောင် သူမကိုသီးသန့်သွားတွေ့ရမယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now