445-453

411 40 6
                                    

Page 445-453

Page-445

အခန်း (၂၁)

တစ်နေ့မှာ သူထာဝရရှင်သန်နိုင်စွမ်းကို ရလာလိမ့်မယ်လို့ Ye Qingti စိတ်ကူးထဲမှာတောင် မတွေးခဲ့ဖူးဘူး။ အခုသူလုပ်ဖို့လိုတာက ကျောက်စိမ်းရေကန်ရဲ့ အညစ်အကြေးတွေဆေးကြောခြင်းဓလေ့ထဲမှာပါဝင်ပြီး မသေမျိုးတစ်ယောက်မဖြစ်ခင် ကြီးကျယ်ခမ်းနားလှတဲ့ကောင်းကင်ဘုံက Qing Yun ခန်းမဆီကို သီကျွင်းကိုဂါရဝပြုဖို့ သွားရမှာပဲဖြစ်သည်။

Ye Qingti ရဲ့မှတ်ဉာဏ်ထဲမှာတော့ သူလူသားတစ်ယောက်အနေနဲ့ နောက်ဆုံးအသက်ရှင်ခဲ့တာက လွန်ခဲ့တဲ့နှစ် ၄၀၀ ကျော်လောက်ကဖြစ်မယ်။ သူဟာ Jin မင်းဆက်ခေတ်မှာ Yongning အထက်တန်းမှူးမတ်ရဲ့ အကြီးဆုံးသားအဖြစ် Ye မိသားစုမှာမွေးဖွားလာခဲ့သူတစ်ယောက်ဖြစ်တယ်။ စစ်တပ်ထဲမှာ အခြေခံအာဏာရလာပြီးကတည်းက Yongning မိသားစုဟာ သူ့ရဲ့အရှင်သခင်ဖြစ်သူကို စစ်ပွဲတွေနဲ့တိုက်ပွဲတွေမှာ အမြဲဆုံးရှုံးရလေ့ရှိတယ်။ သူ့ရဲ့အဖေဖြစ်သူဟာလဲ အသက် ၃၅ နှစ်မှာပဲ စစ်ပွဲမြေပြင်တစ်ခုမှာ သေဆုံးသွားခဲ့တာဖြစ်တယ်။ Yongning အထက်တန်းမှူးမတ်ရာထူးကို ဆက်ခံတဲ့အချိန်မှာ သူ့အသက်က ၁၇ နှစ်ပဲရှိသေးတယ်။

အဲ့အချိန်တုန်းက Jin မင်းဆက်ဟာ သူ့ရဲ့တန်ခိုးအာဏာ အထွန်းလင်းဆုံးအချိန်တွေပေါ့။ မင်းမျိုးမင်းဆက်တွေဟာလဲ မင်းကျင့်တရားဆယ်ပါးနဲ့အညီ အုပ်ချုပ်တဲ့သူတွေဖြစ်လေတယ်။ တစ်ဖက်မှာလဲ အနုပ်စုတ်ဂုတ်စုတ်အစေခံတွေနဲ့နှိုင်းယှဉ်ရင် Ye မိသားစုမှဆင်းသက်လာတဲ့သူတွေဟာ ထူးခြားတဲ့မင်းမှုထမ်းတွေဖြစ်ကြတယ်။ အဲ့ဒီထဲကမှ Ye Qingti က အထူးချွန်ဆုံးပေါ့။ ဒီလိုထူးချွန်ရတာလဲ အကြောင်းရှိပါတယ်။ ချောမောလှတဲ့သူ့ရဲ့ရုပ်သွင်ပြင်၊ စံနမူနာယူထိုက်လှတဲ့ သူ့ရဲ့အကျင့်စရိုက်၊ ပြီးတော့ အောင်မြင်ကျော်ကြားလှတဲ့ သူ့ရဲ့နောက်ခံအကြောင်းတို့ဟာ မြို့တော်တွင်းက အထက်တန်းမိသားစုတွေရဲ့ မျက်စိကျစရာသမက်လောင်းရာထူးနဲ့ ထိုက်တန်လှပေတယ်။ သို့ပေမယ့် နှမြောစရာကောင်းတာက Jin မင်းဆက်စတင်တည်ထောင်တည်းက Yongning မှူးမတ်တွေဟာ အမြဲမုဆိုးမတွေကိုသာချန်လေ့ရှိတဲ့သူတွေအဖြစ် ကျော်ကြားလှတာပါပဲ။ အထက်တန်းမိသားစုတွေလဲ သူတို့ရဲ့သမီးတွေကိုချစ်ခင်သနားမှုကြောင့် သူမတို့ကို Ye မိသားစုကယောကျာ်းတွေနဲ့ ဘယ်တော့မှလက်မထပ်ဖို့ တားမြစ်ကြတာပေါ့။ ဒါကြောင့်မို့ Yongning မှူးမတ်မျိုးဆက်တိုင်းဟာ သူတို့ရဲ့အိမ်ထောင်ဖက်ကိုရှာတဲ့နေရာမှာ အမြဲခက်ခဲမှုနဲ့ကြုံတွေ့ရလေ့ရှိတယ်။ ဘုရင်ရဲ့တော်ဝင်အမိန့်တော်ကသာ သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လေတယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now