အခန်း ၁၇

407 25 0
                                    

Page 352-356

Page-352

အပိုင်း (၅) - လွဲမှားသောကံကြမ္မာ

အခန်း (၁၇)

အရှင်လန်ရှန်းဟာ တကယ်တော့ ဖြောင့်မတ်တဲ့မသေမျိုးတစ်ယောက်မဟုတ်ပါဘူး။ စိတ်မသန့်တဲ့အရာတွေကို မရှောင်ဘဲလုပ်လေ့ရှိသူတစ်ယောက်ဖြစ်တယ်။ ထိုသို့လုပ်ခြင်းက ပြဿနာရှိတယ်လို့မထင်တဲ့အတွက် အဲ့ဒီအတွက်လဲ ဘယ်တော့မှအပြစ်ရှိတယ်လို့ သူမခံစားရဘူး။ သူ့စကားအတိုင်းပြောမယ်ဆို ဒါကို တည်ငြိမ်အေးဆေးခြင်းလို့ခေါ်တယ်။ သူ့နှလုံးသားရဲ့ရမ္မက်မီးလျှံ ချန်းယွီရဲ့စကားတိုင်းပြောမယ်ဆို ဒါကို ယုတ်မာတဲ့တာဝန်မသိတတ်ခြင်းလို့ခေါ်တယ်။

အခုတော့ ထိုတာဝန်မသိတတ်တဲ့ အယုတ်တမာ အရှင်လန်ရှန်းဟာ အပြစ်ရှိသလိုခံစားရတဲ့အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်လို့နေတယ်။

လန်ရှန်းရဲ့စိတ်မကောင်းဖြစ်မှုအကြောင်း ပြောရမယ်ဆိုရင် သုံဟွာသီကျွင်းကစရမှာပဲ။

သုံးယောက်သား Aranya ရဲ့အိမ်မက်ကမ္ဘာထဲက ပြန်ရောက်လာတဲ့အချိန်မှာ ဉာဏ်ပြေးလှတဲ့ Biyiniao အစေခံလေးတွေဟာ တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ပြီး သခင်တွေအမိန့်ပေးလာတာကိုတောင် မစောင့်တော့ဘဲ အနီးဆုံးအဆောင်တွေမှာ သူတို့အတွက်နေရာပြင်ပေးလေတယ်။ အစေခံတွေလမ်းညွှန်ရာ အခန်းတွေထဲကမှတစ်ခုဆီသို့ သီကျွင်းဖုန်းကျိုကို အေးဆေးစွာခေါ်ဆောင်သွားတာမြင်တော့ လန်ရှန်းလဲ အစေခံလေးတွေကို အခန်းထဲထိလိုက်သွားစရာမလိုဘူးလို့ ပြောနေတုန်းမှာပဲ ခုနကအခန်းထဲသို့ဝင်သွားပြီဖြစ်တဲ့သီကျွင်း အခန်းတံခါးဝမှာပြန်ပေါ်လာတာကို ရုတ်တရက်မြင်လိုက်ရတယ် "ခဏလောက်အထဲဝင်ခဲ့အုန်း"

လန်ရှန်း နည်းနည်းမှင်တက်သွားတယ်။ ချစ်သူမောင်နှံနှစ်ယောက်ကို လွတ်လွတ်လပ်လပ် ကြင်ကြင်နာနာစကားတွေပြောလို့ရအောင် အခန်းတစ်ခုတည်းမှာ တမင်နေရာစီစဉ်ပေးထားခဲ့တာ။ ဘေးအန္တရာယ်တစ်ခုမှ ပူပူနွေးနွေးလွတ်မြောက်လာတဲ့ ပထမဆုံးအချိန်က နှစ်ယောက်သား ခံစားကိုယ်စီဝန်ခံလို့ကောင်းတဲ့အချိန်လေ။ မိန်းကလေးတစ်ယောက် ပုံမှန်ထက်ပျော့ညံ့နေတဲ့အချိန်ပေါ့။ ဒီလိုအချိန်မျိုးမှာ ယောကျာ်းတစ်ယောက်က အနည်းငယ်ကြင်နာပြရုံလေးနဲ့ သူမကိုအသာလေးသိမ်းပိုက်လို့ရတယ်။ ဒီလောက်အရေးကြီးလှတဲ့အချိန်မျိုးမှာ သီကျွင်း ဘယ်လိုများသူ့ကိုဝင်လာဖို့ပြောတာပါလိမ့်?
(ချစ်ရေးချစ်ရာနဲ့ပတ်သက်လာရင် ကျွမ်းကျင်လွန်းလှပါသောလန်ရှန်း😂)

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now