အခန်း ၁၈ -၂

521 52 2
                                    

👉⭐ လေး ပေးခဲ့ပါဦးနော် 🙈

Page 391-341

Page-391

Bingcang အခမ်းအနားပွဲတွင် ဓားအိမ်သေတ္တာမှာ အခမ်းအနာရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ အထစ် ၁၀၀ ရှိပန်းလှေကားထစ်တွေမှတစ်ဆင့် အထွတ်အမြတ်တောင်ထိပ်ပေါ်သို့ တက်ရောက်တော့မည့်အချိန်တွင်မှ လိုအပ်တာဖြစ်သည်။ အကယ်၍ အသစ်တက်မည့်ဘုရင် သို့မဟုတ်
ဘုရင်မဟာ ဓားအရည်အသွေးကိုစမ်းသပ်သည့်ဝင်္ကပါကို မဖြတ်နိုင်ခဲ့ဖူးဆိုရင်တော့ ဓားအိမ်သေတ္တာဟာ အရိပ်အယောင်တောင် ပြခွင့်ရှိမှာမဟုတ်ပါဘူး။

ဖုန်းကျို ညင်သာစွာ သူမလက်ကိုမြှောက်လိုက်တယ်ဆိုရင်ပဲ လေထဲမှာချက်ချင်းပဲ ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး သူမရဲ့ရှေ့မှာ ရပ်တန့်နေလေတယ်။ ဟုတ်ပါတယ်.. ထိုအလင်းတန်းထဲမှာ ရှည်မျောမျောသေတ္တာလေးတစ်ခုပါပဲ။ Hexu ဓားဟာ ရုတ်တရက် ချွင်ခနဲသောအသံကို ခပ်ကျယ်ကျယ်ပေးလိုက်တဲ့အခါ သေတ္တာလေးဟာ သူ့အလိုလိုအဖုံးပွင့်လာပြီး အလျားသုံးပေလောက်ရှည်တဲ့ဓားသွားကို အထဲမှာချိတ်ပိတ်လိုက်ပါတော့တယ်။

ထိုစဉ် အခမ်းအနားပွဲစီစဉ်သူ Bai Yi လေးစားကြည်ညိုသမှုဖြင့် အထွတ်အမြတ်တောင်ထိပ်ဘက်သို့ မျက်နှာမူလျက် "Hexu ဓားကိုယူပြီး Tangting တောင်အတွင်းမှာ ကာကွယ်စောင့်ကြပ်ပေးပါ ထာဝရတည်တံ့ကာ အရှေ့ပိုင်းနယ်မြေကိုအမြဲစောင့်ရှောက်နိုင်ပါစေ"

ချီးကျူးသြဘာကောင်းချီးပေးသံတွေကြားမှ အခမ်းအနားပွဲကျင်းပတဲ့စင်ရှေ့က အထွတ်အမြတ်တောင်ထိပ်ကြီးဟာ ပွင့်ဟလာခဲ့တယ်။ အနီရောင်ဝတ်စုံနဲ့ဘုရင်မငယ်လေးဟာ ဓားအိမ်သေတ္တာကိုကိုင်ရင်း တည်ငြိမ်လေးနက်သောအမူအရာဖြင့် မြက်ခင်းလှေကားထိပ်ဆီသို့ တစ်လှမ်းချင်းပုံမှန်တက်လှမ်းလို့လာ၏။ သူမရဲ့တိုင်းသူပြည်သားများမှာလဲ တစ်ညီတစ်ညွတ်တည်း ဒူးထောက်ဂါရဝပြုရင်း ဆုတောင်းသံတွေဟာ မိုးထိတိုင်အောင် တချုန်းချုန်းညံလျက်ရှိတော့သည် "အကျွန်ုပ်တို့ရဲ့မြင့်မြတ်လှတဲ့ဘုရင်မဟာ မှော်လက်နက်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါပြီ Hexu ဓားကိုယူပြီး Tangting တောင်အတွင်းမှာ ကာကွယ်စောင့်ကြပ်ပေးပါ ထာဝရတည်တံ့ကာ အရှေ့ပိုင်းနယ်မြေကိုအမြဲစောင့်ရှောက်နိုင်ပါစေ"

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now