အခန်း ၁၆

394 20 0
                                    

Page 328-331

Page-328

အခန်း (၁၆)

Su မိသားစုရဲ့ဒုတိယမင်းသား Su Moye ဟာ သူ့ရဲ့ဘဝတစ်လျှောက်လုံး စိတ်ကူးယဉ်ဆန်လွန်းသူဆိုပြီး ကျော်ကြားခဲ့သူဖြစ်သည်။ Aranya ရဲ့ပုံပြင်ထဲမှာ သူစိတ်အတော်ထိခိုက်သွားခဲ့ပေမယ့် အနည်းဆုံးတော့ သူ့ရဲ့ဣနြေ္ဒတည်ငြိမ်မှုနဲ့ ခန့်ညားကျော့ရှင်းမှုတို့ကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ သူ့အဖြစ်က ဝမ်းနာစရာလဲကောင်းသလို သနားစရာလဲကောင်းလွန်းလို့ ဒီလိုရှားပါးတဲ့လူကြီးလူကောင်းဆန်မှုအတွက် တကယ်ကိုချီးကျူးထိုက်ပါပေတယ်။ Su Moye အမြဲထင်ခဲ့မိတာက Aranya ရဲ့အချစ်ဇာတ်လမ်းထဲမှာ သူဟာ ဘေးလူတစ်ယောက်၊ တစ်နည်းအားဖြင့်ပြောရင် အချစ်ကြောင့် ကံမကောင်းစွာ ထိခိုက်နာကျင်သွားရတဲ့ အခန်းကဏ္ဍသေးသေးလေးထဲမှာ ပါဝင်ခဲ့တဲ့သူတစ်ယောက်လို့ သူ့ကိုယ်သူအမြဲထင်ခဲ့မိတာ။ သို့ပေမယ့် Miaohua မှန်ကိုကြည့်ပြီးနောက်မှာတော့ အချစ်ကြောင့် အသည်းကွဲနာကျင်မှုကို ပြောကြစတမ်းဆိုရင် Chen Ye ကသာ ဇာတ်ဆောင်တစ်ယောက်အနေနဲ့ ဆုအားလုံးကို ခူးယူဆွတ်ခူးသွားလိမ့်မယ်။ ပြီးတော့ Chen Ye ရခဲ့တဲ့ဒဏ်ရာတွေတော်တော်များများကလဲ ဘေးလူတစ်ယောက်ဖြစ်တဲ့သူ့ကြောင့် ရခဲ့တာတွေချည်းပဲ။ ဒီအကြောင်းကို သူလုံးဝမထင်ထားခဲ့ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ ဒါအဖြေပဲ။ နှစ်၂၀၀လုံးလုံး သူလိုက်ရှာနေခဲ့တဲ့အမှန်တရားက လက်စသတ်တော့ ဒီလိုကိုး။ သူ့ရဲ့အချစ်တွေနဲ့ နာကျင်မှုတွေတောင် ဘယ်တုန်းကမှမရှိခဲ့တဲ့အတိုင်းပဲ။ နောက်ဆုံးတော့ ဒါဟာ အဖြေပဲကိုး။

ဒီတစ်လျှောက်လုံး မျက်စိပိတ်၊ နားပိတ်နေခဲ့တဲ့အတွက် Mo Shao ကိုယ့်ကိုကိုယ်အရမ်းရှက်မိတယ်။ Chen Ye နဲ့ Aranya တို့မှာ ဒီလောက်ထိလးနက်တဲ့အတိတ်မျိုးရှိခဲ့မယ်၊ Chen Ye ဟာ Aranya အတွက် ဒီလိုလက်တွေ့ဆန်တဲ့ ကမ္ဘာတစ်ခုဖန်တီးခဲ့မယ်လို့ သူတကယ်မမျှော်လင့်ခဲ့ဘူး။ အကြောင်းအရာနှစ်ခုလုံးက သူ့ကိုရှော့ရသွားအောင်လုပ်ဖို့ ကောင်းကောင်းလုံလောက်ပါတယ်။ အဲ့ဒီနောက် မျှော်လင့်မထားတဲ့ တတိယမြောက်အကြောင်းအရာ ပေါ်ပေါက်လာတဲ့အချိန်မှာတော့ သူရှော့ရသွားရုံတင်မကဘဲ လောကကြီးရဲ့မတရားမှုကိုပါ ခံစားလိုက်ရသလိုဖြစ်သွားခဲ့တယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now