Page 460-463
Page-460
ဒီတစ်ခေါက်တော့ ဖုန်းကျို ချင်းချူဆီကိုမပြန်တော့ဘူး။ အဲ့ဒီအစား ဝိဉာဉ်လောကမှာပဲ Xie Guchou ဆီကနေ ဘေးခန်းမတစ်ခုကိုငှားပြီး ယာယီတည်းခိုခဲ့တယ်။
သူမ လူ့ပြည်ကိုထွက်သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်တုန်းက ပိုင်ဂွန်းဂွန်းလေးကို သူမဗိုက်ထဲမှာလွယ်ထားရပြီဆိုတာသာ သူမအဘိုးကိုပြောပြလိုက်ရင် သူမအဘိုးသူမကို ချင်းချူကနေတစ်ဖဝါးမှခွာခွင့်ပြုတော့မှာမဟုတ်ဘူးဆိုတာ သူမသိတယ်။ ဒါကြောင့်မို့ ကျီရန်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး လျှို့ဝှက်ထားပေးဖို့ တောင်းဆိုခဲ့တယ်။ နတ်မင်းကျီရန်လဲ သူမပိုင်ဂွန်းဂွန်းလေးကို မွေးမှာမဟုတ်လို့ ဒီလိုလျှို့ဝှက်ထားချင်တာဖြစ်မယ်လို့ ထင်မိတာပေါ့။ ဒါ့ကြောင့် သူမရဲ့ဦးလေးငယ်ကိုတောင် တစ်ခွန်းမှမပြောဘဲ သူတတ်နိုင်သမျှ ဖုံးကွယ်ပေးခဲ့တယ်။ စိတ်ချရတဲ့ကိုယ်ဝန်ဖျက်ဆေးတွေတစ်ပုံကြီးတောင် သူမဆီကို တိတ်တိတ်လေးပို့ပေးခဲ့သေးတယ်။ သူသီကျွင်းကို ဘယ်လောက်ထိ စိတ်ထဲကနေကျိတ်ပြီးမုန်းတီးနေလဲလို့တောင် တွေးစရာရှိပါတယ်။ (ဒီဖီးနစ်အိုကြီးကတော့..😆)
ဒီတစ်ခေါက် ပိုင်ဂွန်းဂွန်းလေးကိုပြန်ခေါ်သွားလို့ရှိရင် အကြီးအကဲတွေကိုရှင်းပြဖို့က တော်တော်လေးခက်ခဲမယ်ဆိုတာ သူမသိတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အကြံကို စဉ်းစားလို့မရသေးတာနဲ့ လောလောဆယ်တော့ ချင်းချူကိုမပြန်ဘဲ Xie Guchou ဆီမှာပဲ ခဏနေဖို့ဆုံးဖြတ်လိုက်တယ်။
ဝိဉာဉ်လောကမှာ နေရောင်ကိုမြင်ရဖို့ ခဲယဉ်းတယ်။ ပြီးတော့ ချင်းချူမှာလို အိမ်တံခါးကထွက်လိုက်တာနဲ့ အိပ်ပျော်စေနိုင်တဲ့ဆေးပင်တွေ၊ အမျိုးမျိုးကွဲပြားတဲ့သယံဇာတတွေ ဒီမှာမရှိဘူး။ အကယ်လို့ လူတစ်ယောက်က ကံမကောင်းလို့ အိပ်မပျော်တဲ့ရောဂါနဲ့ကြုံခဲ့မယ်ဆိုရင်တော့ တစ်ညလုံး မျက်လုံးကြီးပြူးပြီး နေထွက်တဲ့အချိန်အထိ ထိုင်စောင့်နေရမှာဖြစ်တယ်။
ဝိဉာဉ်လောကကိုရောက်ပြီး ဒုတိယနေ့မြောက်မှာ ကြောက်စရာကောင်းလောက်အောင်ညိုမဲနေရှာတဲ့ မျက်ကွင်းကြီးတွေနဲ့ ဖုန်းကျို Xie Guchou ကိုလာရှာလေတယ်။ Xie Guchou လဲ ခဏလောက်စဉ်းစားနေပြီးနောက် သူမအခန်းထဲကို ဝိုင်နှစ်အိုးပို့လိုက်တယ်။ အဲ့ဒီဝိုင်တွေက အကောင်းတကာ့အကောင်းဆုံးဝိုင်တွေလို့လဲ ပြောလိုက်သေးတယ်။ အိပ်ရာမဝင်ခင် အနဲငယ်လောက်သောက်ရင်ကိုပဲ အိပ်မပျော်နိုင်တဲ့ရောဂါကို ယူပစ်သလိုကုသပေးနိုင်တယ်တဲ့။

YOU ARE READING
Eternal love of dream-Three lives Three World The pillow book 2-Unicode version
Romanceဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world the pillow book 2 Myanmar translation by three live three world: the pillow book-Myanmar translation 💖 ဖတ်ပီးရင် vote 💗 👈 ပေးခဲ့ဦးနော် ...