အခန်း ၁၉

571 47 3
                                    

Page 402-407

Page-402

အခန်း (၁၉)

ချင်းချူက Bingcang အခမ်းအနားပွဲရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုက တော်တော်လေးကြီးပါတယ်။ အခမ်းအနားပွဲကို ကံကောင်းထောက်မစွာတက်ရောက်ခွင့်ရပြီးနောက် ချန်းယွီတစ်ယောက် ကောင်းကင်ဘုံသို့ပြန်ကာ ၃၃ ထပ်မြောက်ကောင်းကင်ဘုံမှာ ပုံပြောတဲ့ဟောခန်းတစ်ခုဖွင့်ပါလေတယ်။ Bingcang အခမ်းအနားပွဲနဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သမျှသတင်းစုံကိုပြန်လည်ပို့ချတဲ့ သူမရဲ့အတင်းတုပ်ပွဲတိုင်းဟာ လဝက်လောက်ကြာအောင် လက်မှတ်အားလုံးရောင်းထွက်ခဲ့ပါတယ်။ ထိုပွဲတွေဟာ မသေမျိုးတွေကြားထဲမှာ တကယ့်ကိုအောင်မြင်မှုကြီးတစ်ခုဆိုတာ ပြောစရာတောင်မလိုပါဘူး။ (မင်းသား ၃ စော်က ဉာဏ်ကောင်းတယ်ဟ😆)

ထိုထဲကမှ နတ်ငယ်လေးတွေအားလုံး ကြိုက်နှစ်သက်ဆုံးအခန်းက ဘုရင်မင်းမြတ်ဟာ Nie Chuyin ရဲ့လက်ထဲကဓားရှည်ကို ဓားရေးတစ်ကွက်ထဲနဲ့ အဝေးကိုလွင့်စင်သွားအောင်လုပ်ပစ်လိုက်တာပဲဖြစ်သည်။

ကောလဟာလတွေတောင် ရှိပါသေးတယ်.. Nie Chuyin ဟာ တစ်ဦးချင်းစိန်ခေါ်ယှဉ်ပြိုင်ပွဲ၌ ချင်းချူရဲ့ဘုရင်မငယ်လေးကို အနိုင်ကျင့်နေတဲ့အချိန်မှာ ဘုရင်မင်းမြတ်ဟာ ဘုရင်မငယ်လေးအတွက် စင်ပေါ်ကိုရောက်လာခဲ့တယ်တဲ့။ ဒီလိုနဲ့ Nie Chuyin ရဲ့တောင်စဉ်ရေမရစကားတွေကို သည်းမခံနိုင်တော့တဲ့အဆုံး ယဉ်ကျေးသမှုနဲ့ ဓားချက် ၃ ချက်လောက်အကျောပေးပြီး ဓားရေးတစ်ကွက်တည်းနဲ့တင် Nie Chuyin လက်ထဲကဓားရှည်ကို အဝေးကိုလွင့်စင်သွားအောင်လုပ်ပစ်ခဲ့သတဲ့။ ဓားရှည်မြေပေါ်သို့ သက်ဆင်းတာနဲ့တစ်ပြိုင်နက် ဘုရင်မင်းမြတ်ဟာ Canghe ဓားကိုကိုင်ပြီး တိုက်ခိုက်ချေမှုန်းလိုက်တာ မျက်စိတစ်မှိတ်အတွင်းမှာပဲ လေးလံရှည်လျားတဲ့ဓားဟာ ပုံမှန်အတိုင်းလေးပဲ အပိုင်း ၂ပိုင်းပြတ်သွားလိုက်တာဆိုတာ ဝါးမျှစ်တစ်ခုကို လှီးဖြတ်နေသလိုပါပဲတဲ့ဆို။ ပြီးတော့ သူ့ရဲ့ဓားရိုးနဲ့ ဓားပိုင်းနှစ်ခုကိုလွှဲရမ်းလိုက်တာ ဓားပိုင်း ၂ ခုဟာ လေထဲမှာတင် ချာလပတ်လည်ဖြစ်သွားခဲ့တယ်ဆိုပဲ။ အဲ့ဒီနောက် ဘုရင်မင်းမြတ်ရဲ့ Canghe ဓားဟာ Nie Chuyin ရဲ့ရင်ဘတ်ရှေ့တည့်တည့်မှာပဲ ရပ်သွားခဲ့တယ်တဲ့။ ဓားရေးတစ်ကွက်တည်းနဲ့ ဘယ်လိုအင်အားပဲသုံးသုံးအဆက်မပြတ်ပြောင်းလဲနေတဲ့ အံ့မခန်းဓားရေးကို ပြသလိုက်တာပါပဲ။ ပြောကြတာတော့ အဲ့ဒီအချိန်တုန်းက ကံကောင်းထောက်မစွာ အခမ်းအနားပွဲမှာရှိနေကြတဲ့နတ်ငယ်လေးတွေအားလုံး အသက်ရှူမှားပြီး ကြက်သေသေနေခဲ့တာတဲ့။  တစ်ဖက်မှာ သီကျွင်းရဲ့တည်ငြိမ်ခံ့ညားလှတဲ့ကျက်သရေကြောင့် ရင်သပ်ရှုမောဖြစ်ရသလို တစ်ဖက်မှာ ဟိုးအရင်ခေတ်နတ်ဘုရားတွေရဲ့ဓားရေးပညာနဲ့ယှဉ်ရင် သူတို့တွေဟာ အတော်လေးနှိုင်းရက်စရာမရှိလို့ ခံစားမိခဲ့ကြတယ်။ ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက် သူတို့ရဲ့ဓားရေးဟာ ဘယ်နေရာမှာမှ တိုးတက်မလာခဲ့ကြဘူး။ ကံကောင်းစွာနဲ့ နတ်ဆိုးမျိုးနွယ်တွေရဲ့မှော်ပညာကလဲ ထို့နည်းတူစွာ တိုးတက်ပုံမရဘူး။ နတ်ငယ်လေးတွေလဲ ဒီအချက်ကြောင့် အနည်းငယ်စိတ်သက်သာရာရသွားလေရဲ့။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now