အခန်း ၇

353 19 0
                                    

Page 137-142

Page-137

အပိုင်း (၄) - အရိပ်တွေရဲ့ဝိဉာဉ်

အခန်း (၇)

အသက်ဝင်လှပတဲ့ တောင်ပိုင်းနယ်ရဲ့ရှုခင်းတွေနဲ့ယှဉ်ရင် တော်ဝင်မြို့တော်ရဲ့နွေဦးချိန်ခါက နောက်ကျမှရောက်လေ့ရှိတယ်။ အပျော်စီးသင်္ဘောကြီးဟာ Guanchen နန်းတော်မှာ Camellias ပန်းတွေကြည့်ရှုပြီး ချယ်ရီတွေ၊ Magnolias ပန်းတွေပွင့်ချိန်အမှီမှာပဲ မြို့တော်ကိုပြန်ရောက်လာခဲ့တယ်။ မြို့တော်ရဲ့လမ်းတိုင်းမှာ နွေဦးရဲ့ပင်တိုင်စံပန်းတွေ ဖူးပွင့်ဝေဆာနေတာမို့ ကြည့်လေရာနေရာတိုင်း သာယာလှပတဲ့မြင်ကွင်းလေးတွေဖြစ်လို့နေတာပေါ့။

သို့သော် နွေဦးရဲ့ရှုခင်းတွေ ဘယ်လောက်ပဲလှပနေပါစ ဖုန်းကျိုရဲ့စိတ်ခံစားချက်တွေကတော့ စိတ်သဘောထားကြီးမှုအဖြစ်ကို လုံးဝမပြောင်းနိုင်ခဲ့ဘူး။ တော်ဝင်နန်းတော်ကိုပြန်ရောက်လာပြီးတည်းက ဖုန်းကျိုတစ်ယောက် အခန်းတံခါးကြီးပိတ်ပြီး Juno  နဲ့ Changdi တို့ အပြစ်တွင်းထဲကနေ ဘယ်လိုများပြန်တက်လာမလဲလို့ တစ်ယောက်တည်းစဉ်းစားနေလေ့ရှိတယ်။ Jiuqu လှောင်အိမ်ထဲမှာတုန်းက Changdi သူမကိုနှိပ်စက်ခဲ့ပြီးပြီ။ အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ သူမကိုနားခွင့်လေးတောင်မပေးဘဲ အချစ်ဆေးရည်ခတ်ဖို့ကြိုးစားပြန်တယ်။

သူမဘဝတစ်လျှောက်လုံး တစ်ခြားသူတစ်ယောက်ရဲ့ ထပ်ခါထပ်ခါအနိုင်ကျင့်ခြင်းခံရတာ ဒါပထမဆုံးအကြိမ်ပဲ။ ဒါပေါ့ သူမရဲ့မာနကို အနည်းငယ်တော့ထိခိုက်တာပေါ့။

မင်းသမီး၂ပါးကို အခန်းထဲမှာချုပ်ထားဖို့ ဘုရင်ကြီးအမိန့်ပေးခဲ့တာကြာပြီ။ သူတို့၂ယောက်ကို အပြစ်ပေးမယ်လို့လဲ သူဆက်ပြီးမပြောသလို မပေးဘူးလို့လဲပြောမလာသေးဘူး။ Changdi အပေါ် ဘုရင်ကြီးရဲ့ချစ်ခင်မြတ်နိုးမှုအရဆိုရင် ဒီကိစ္စက ရက်အနည်းငယ်အတွင်းမှာပဲ ပြေလည်သွားလိမ့်မယ်လို့ ဖုန်းကျိုထင်မိတယ်။ ဒါပေမယ့် သူမကတော့ ဒီကိစ္စကို ဘယ်ပြေလည်နိုင်ပါ့မလဲ။ ဒါကြောင့်မို့ သူတို့၂ယောက် လွတ်လာမယ့်အချိန်ကိုပဲ သူမစောင့်နေခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့တစ်နေ့ ထိုကိစ္စတစ်ခုပဲ သူမခေါင်းထဲမှာရှိနေခဲ့တယ်။ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးတိုင်း လက်ချိုးရေတွက်ရင်း သူမရဲ့စောင့်မျှော်မှုက အချည်နှီးဖြစ်မယ့်နေ့ကို ရောက်လာခဲ့လေတယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now