408-413

529 51 2
                                    

Page 408-413

Page-408

လွန်ခဲ့တဲ့ရက်အနည်းငယ်လုံးလုံး ဖုန်းကျိုရဲ့မိဘတွေ မင်္ဂလာပွဲကိစ္စနဲ့ ဗျာများအလုပ်ရှုပ်နေကြသော်လဲ ဖုန်းကျိုတို့နှစ်ယောက်ကတော့ ပင်လယ်ပြာမှာ အသားကုန်လွတ်လပ်ပျော်ပါးနေကြလေရဲ့။

Bingcang အခမ်းအနားပွဲနေ့တုန်းက သီကျွင်းသူမအတွက် စင်ပေါ်ကိုတက်လာတဲ့အချိန်မှာ သူမပထဆုံးလုပ်တဲ့အလုပ်က စင်အောက်မှာရှိနေတဲ့ ပရိတ်သတ်တွေရဲ့အခြေအနေကို လေ့လာခြင်းပဲဖြစ်သည်။ ထိုနေ့က သူမရဲ့မျက်နှာက ချင်းချူရဲ့မျက်နှာကိုကိုယ်စားပြုတာလေ။ ဘယ်လိုအကြောင်းပဲရှိရှိ သူမအတတ်နိုင်ဆုံးတည်ငြိမ်နေရမယ်။ တကယ်လဲ တည်ငြိမ်ခဲ့ပါတယ်။ သို့ပေမယ့်လဲ သူမရဲ့ခေါင်းထဲမှာတော့ အင်မတန်မှအန္တရာယ်များလှတဲ့မိုင်းတွင်းထဲကိုရောက်နေသလို ဗုံးတစ်လုံးက ပေါက်ကွဲနှင့်နေလေပြီ။ ဒီလိုအချိန်မှာ မိန်းကလေးတစ်ယောက်က ရှက်သွေးဖြာရင်ဖြာ၊ မဖြာရင်လဲ စိတ်လှုပ်ရှားနေရမှာ။ သူမကတော့ ထိုနှစ်ခုလုံး တစ်ခုမှမဖြစ်ခဲ့ဘူး။ အဲ့ဒီအစား သူမခေါင်းထဲမှာရှိနေတာက 'ဘုရားရေ.. ကျွန်မကိုကယ်ပါ သီကျွင်းနဲ့တိတ်တဆိတ်လက်ထပ်ထားတာ အားလုံးသိကုန်ပြီ ဘယ်လိုလုပ်ရပါ့!' ဆိုတဲ့အတွေးပဲ ရှိနေခဲ့တာဖြစ်သည်။ ဒီကိစ္စကို နောက်မှဖြေးဖြေးချင်း အကြီးအကဲတွေကိုပြောမယ်လို့ ရည်ရွယ်ထားခဲ့ပေမယ့် Nie Chuyin မတရားဗိုလ်ကျနေလွန်းနေတဲ့အတွက် သီကျွင်းကလဲထွက်ပေါ်လာရခဲ့တာဖြစ်၏။ ဒါပေမယ့် သူမအဖိုးသူမတို့ကို ချင်းချူကနေ နှင်ထုတ်ကောင်းနှင်ထုတ်နိုင်တယ်လေ။

တစ်မနက်လုံး ထိုကိစ္စနဲ့ပဲခေါင်းပူနေခဲ့တာ နောက်ဆုံး သူမတို့ အဖိုးဖြစ်သူရဲ့မြေခွေးဂူကနေ ထွက်လာတဲ့အထိပါပဲ။ သီကျွင်းပြောပြတာတော့ သူမအဖိုး သူမတို့ရဲ့မင်္ဂလာပွဲကို မကန့်ကွက်ပါဘူးတဲ့။ ဒီတိုင်း မင်္ဂလာသတင်းကြောင့်ပျော်နေတာပါတဲ့။ သူတို့နှစ်ယောက်အတွက် ဧည့်သည်တွေကိုတောင် ကြိုဆိုလက်ခံပေးဖို့တာဝန်ယူမယ်လို့တောင် ပြောလိုက်ပါသေးတယ်လို့ ပြောလေတယ်။ မင်္ဂလာပွဲနဲ့ပတ်သက်တာတွေအားလုံးကိုလဲ သူပဲစီစဉ်ပေးမယ်ဆိုတဲ့အကြောင်း၊ ဒါ့အပြင် ခုတလော သူမအခမ်းအနားပွဲအတွက်ကြိုးစားနေခဲ့ရလို့ အတော်ပင်ပန်းနေရှာမှာဖြစ်တဲ့အတွက် သူမကိုပြန်ပြီးလန်းဆန်းသွားအောင် တစ်နေရာရာကိုခေါ်သွားပေးဖို့ကိုလဲ သူ့ကိုအထူးတောင်းဆိုခဲ့သေးတယ်ဆိုတဲ့အကြောင်း ပြောပြလေတယ်။ (သီကျွင်းရယ်.. ဒီလိုခွင့်ပြုပေးဖို့ နင်ဘယ်လောက်ကျိုးနွံလိုက်ရလဲဆိုတာပါ ထည့်ပြောအုန်းလေ😆)

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now