437-440

415 55 5
                                    

Page 437-440

Page-437

ဒီလိုနဲ့ လောကကြီးအတိုင်းတော်တော်များများကိုမြင်ပြီးတဲ့နောက် ကြွယ်ဝချမ်းသာမှုတွေအောက်မှာ ဆက်ပြီးမနစ်မြောချင်တော့တာနဲ့ တစ်နှစ်မှာ ဤလူ့ကမ္ဘာလေးထဲကို ဖုန်းကျို ပြောင်းရွှေ့လာခဲ့တယ်။ ရိုးရှင်းတဲ့တစ်ကိုယ်တော်သမားဘဝကို ကျင့်သုံးကြည့်ဖို့ရည်ရွယ်ပြီး သူမသားပိုင်ဂွန်းဂွန်းလေးကိုခေါ်ကာ ဒီတောင်ချောင်လေးထဲကို ရောက်လာခဲ့တယ်။

ဆင်းရဲပုံရတဲ့ဒီတောင်ချောင်လေးဟာ တကယ်လဲ အတော့်ကိုဆင်းရဲပါတယ်။ သို့သော်ငြားလဲ သူ့ရဲ့နာမည်ကိုတော့ 'ပုန်းကွယ်နေတဲ့နဂါးချောင်'ဆိုပြီး အထင်ကြီးလောက်စရာနာမည်ကို ပေးထားလေတယ်။ ဒီတောင်ချောင်အတွင်းမှာရှိတာက ပုန်းကွယ်နေတဲ့နဂါးရွာလေးပေါ့။ ဒါပေါ့ ဒီရွာလေးကလဲ အရမ်းကိုဆင်းရဲတာပဲပေါ့။ ဒါပေမယ့် သတင်းကောင်းက အိမ်ခြေနှစ်ဆယ်နီးပါးလောက်ရှိတဲ့ အတန်အသင့်ကြီးတဲ့ရွာတစ်ရွာဖြစ်ပြီး ရွာသူရွာသားအားလုံး ဆင်းရဲကြသော်လဲပဲ ချိုးခြံချွေတာကာ ရွာစာသင်ကျောင်းကဆရာအတွက် တစ်နေ့ကို ကန်စွန်းဥတစ်လုံးလောက်တော့ ထောက်ပံ့နိုင်သေးပါတယ်။

ကျောင်းဆရာဖြစ်သူကလဲ တကယ်တော့ နန်းတွင်းစာမေးပွဲကို အထပ်ထပ်အခါခါကျနေတဲ့ ဆင်းရဲသားကျောင်းသားတစ်ယောက်ဖြစ်တယ်။ ဖြေရင်းဖြေရင်း အသက်ကြီးလာတဲ့အခါမှာ ဒီဘဝတော့ အရာရှိဖြစ်ဖို့ကံမပါဘူးဆိုတာ သူ့ကိုယ်သူနားလည်သွားပါတယ်။ အသက် ၆၀ အရောက်မှာ စားဝတ်နေရေးအတွက် အိမ်မှာစာစသင်ရာကစပြီး ရွာအစွန်တောင်ကုန်းပေါ်က ဖုန်းကျိုဆောက်ထားတဲ့သက်ငယ်အိမ်လေးနှစ်ခုဘက်ကိုမျက်နှာမူကာ ခပ်လှမ်းလှမ်းမှာ ကိုယ်ပိုင်စာသင်ကျောင်းတစ်ခုထောင်နိုင်ခဲ့တယ်။

နေ့တိုင်းနေ့တိုင်း ပိုင်ဂွန်းဂွန်းလေးဟာ မနက်နေထွက်တာနဲ့ အိမ်ကထွက်ရပြီး ညနေနေဝင်တော့မှသာ အိမ်ကိုပြန်လာရပါတယ်။ သူ့အမေ သူ့အတွက်ချုပ်လုပ်ပေးထားတဲ့ အိတ်ကလေးကိုလွယ်ပြီး သူ့ရဲ့တဲအိမ်လေးကနေ တောင်ကုန်းတစ်ဖက်မှာရှိတဲ့ ဆရာရဲ့တဲအိမ်ဆီသို့သွားကာ စာသင်ရတယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now