အခန်း ၁၀

363 23 0
                                    

Page 198-207

Page-198

အခန်း (၁၀)

လက်ကဒဏ်ရာသက်သာလာတော့ အဲ့ဒီနေ့မှာ ဖုန်းကျို အိုးတွေဒယ်တွေ စရွှေ့နိုင်လာပြီလေ။ သူမမှန်းရသလောက် Xize Shenjun တစ်ယောက် Qinan နန်းတော်ကိုပြန်ရောက်ရှိရော့မည်။

Shui’yue စိမ့်မြေမှာတုန်းက သူမက တော်ဖီလုပ်တဲ့နေရာမှာအရမ်းတော်တယ်ဆိုပြီး Xize ကိုကြွားခဲ့တယ်လေ။ ချင်းချူမှာရှိစဉ် သူမဂုဏ်အယူရဆုံးအရာက သူမရဲ့ဟင်းချက်လက်ရာပဲ။ ခုတော့လက်ကဒဏ်ရာကြောင့် သူမရဲ့စွမ်းရည်ကို ထုတ်ဖော်ပြခွင့်မရသေးတာ အရမ်းနှမြောစရာကောင်းတယ်။ သူမလက်ကိုမသုံးဘဲ နောက်တစ်ရက်လေးတောင် မစောင့်နိုင်တော့ဘူး။ လက်ကပတ်တီးကို သမားတော်ဖြည်ပေးပြီးပြီးချင်း ဖုန်းကျိုတစ်ယောက် လေပွေတစ်ခုလို မီးဖိုချောင်ဆီပြေးတော့တာပဲ။ ဒါပေမယ့် ဒီတော်ဖီတွေကို သူမ ဘယ်လိုပုံစံပြုလုပ်ရင်ကောင်းမလဲ?

ဒီကမ္ဘာပေါ်မှာ အရာအားလုံးသိတတ်နားလည်သူမှန်သမျှ မြွေခွေးလေးတွေကို သူတို့ရဲ့အချစ်တော်တိရစ္ဆာန်လေးတွေအဖြစ် ရွေးချယ်လေ့ရှိကြတယ်။ သူမစိတ်ထဲမှာ Xize ဟာ ဗဟုသုတကြွယ်တဲ့သူတစ်ယောက်လို့ ယူဆတယ်။ တစ်ချိန်တည်းမှာလဲ သူမရဲ့နဂိုမူလမြေခွေးပုံစံကို ယုံကြည်မူရှိတယ်။ ဒါကြောင့်မို့ ဒီတော်ဖီတွေကို သူမရဲ့မူလပုံစံသွင်ပြင်အတိုင်း လုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ သူမ အရင် သကြားခဲအရည်ပျော်အောင်စောင့်တယ်၊ အဲ့ဒီနောက် သီချင်းလေးတညည်းလုပ်ရင်း သကြားရည်တွေကို ပုံစံခွက်ထဲလောင်းထည့်တယ်။ သကြားရည်တွေခဲလာတဲ့အချိန်မှာ ချစ်စရာမြေခွေးပုံသဏ္ဍာန် တော်ဖီခဲလေးတွေရလာတာပေါ့။ ထို့နောက် လွယ်လွယ်ကူကူကိုင်စားလို့ရအောင် တော်ဖီတစ်ခုချင်းစီကို တုတ်နဲ့လိုက်ထိုးလိုက်တယ်။

စုစုပေါင်း တော်ဖီ ၁၀ ခုရတယ်။ ထိုတော်ဖီတွေကို သေချာစွာထုပ်ပိုးပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က သူမရဲ့လိမ်ဆင်ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကူညီပေးဖို့ Xize ဆီတောင်းဆိုရေးထားတဲ့စာနဲ့အတူ တွဲချည်လိုက်တယ်။ ပြီးတော့ Qinan နန်းတော်ကိုချက်ချင်းသွားပြီး Xize ဆီတိုက်ရိုက်ပို့ဖို့ Chacha ကိုအမိန့်ပေးလိုက်တယ် "တော်ဖီတွေထက် ဒီစာကပိုအရေးကြီးတယ် တစ်စုံတစ်ခုပြဿနာကြုံလာရင် တော်ဖီတွေကိုပစ်ပြီး စာကိုသေချာကာကွယ်ရမယ်နော်"

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now