Page 7-13
Page-7
အရှင်မင်းမြတ်က အကာအကွယ်တံတိုင်းထဲမှာဆိုတော့ အပြင်မှာရှိနေကြသူအားလုံးထဲမှာ လန်ရှန်းက အလိုအလျောက် ရာထူးအမြင့်ဆုံးဖြစ်သွားတယ်။
Biyiniao ဘုရင်မကြီးနဲ့ မှူးမတ်တွေအားလုံး လန်ရှန်းရဲ့ဆုံးဖြတ်ချက်ကို စောင့်မျှော်လျက်ရှိသည်။ မင်းသား၃လည်း အချိန်ခဏလောက်စဉ်းစားပြီး လက်ဖဝါးကို ယပ်တောင်နဲ့ပုတ်လိုက်တယ် "အားလုံးပဲ ဒူးထောက်နေရတာကြာပြီဆိုတော့ ပင်ပန်းလောက်ရောပေါ့ အခုပြန်သွားနားကြပါလား ဒါပေမယ့်..ဒီနေ့ဘာမှမမြင်မကြားခဲ့ရဘူးလို့ပဲ သဘောထားလိုက်ကြပါ အကြောင်းတစ်ခုခုပြန်ပြောတာကြားရရင်တော့ အဲ့ဒီအတွက်အကျိုးဆက်ကို..." သူ မျက်ခုံးပင့်လိုက်တယ် "...မျိုးနွယ်စုတစ်ခုလုံး မခံစားနိုင်မှာစိုးရိမ်တယ်"
စကားတွေက သိမ်မွေ့ပုံရပေမယ့် ထိုသိမ်မွေ့မှုရဲ့နောက်ကွယ်မှာ ဓားသွားတွေကိုဖုံးကွယ်ထားတယ်ဆိုတာ သိသာပါတယ်။ ဒါ အရှင်လန်ရှန်းလုပ်နေကျပုံစံပဲလေ။ ဘုရင်မကြီးနဲ့ မှူးမတ်တွေအားလုံး အမိန့်ကိုနာခံတဲ့အနေနဲ့ ဦးညွတ်ဂါရဝပြုလိုက်တယ်။ အားလုံးထပြန်ကြတဲ့အချိန်မှာ ကြောက်ရွံ့တုန်လှုပ်စွာ ခြေထောက်တွေတုန်ရီလျက်ရှိတယ်။ ခပ်လှမ်းလှမ်းကိုရောက်သွားတဲ့အထိ တုန်ရီနေကြတာမရပ်နိုင်သေးဘူး။
အရှင်လန်ရှန်းက 'လူ့ပေါ်ကျော့'ဆိုတဲ့ ဂုဏ်သတင်းနဲ့ကျော်ကြားပြီး စိတ်မချရဘူးလို့ အထင်မှားကြပေမယ့် တကယ့်တကယ်မှာတော့ အရေးကြီးကိစ္စတွေပေါ်ပေါက်လာပြီဆိုရင် သူ့အဖေထက်တောင် အရှင်လန်ရှန်းက တိကျပြတ်သား ဆုံးဖြတ်ချက်မြန်တယ်ဆိုတာ နတ်မင်းကြီးတွေအားလုံးသိတယ်။
ကောင်းကင်မင်းကြီးရဲ့သား ၃ ယောက်ထဲမှာ မင်းသား၂ ဆန်းဂျီက အထက်မြက်ဆုံး ပါရမီအရှိဆုံးလို့ လူသိများလှတယ်။ ဘာလို့လဲဆိုရင် သူမွေးဖွားစဉ်က Junjiတောင်မှ ၃၆ ကောင်သော ငါးရောင်စုံငှက်တွေဟာ မိဖုရားကြီးရဲ့အိပ်ဆောင်တော်ထက်ယံမှာ ရက်ပေါင်း ၈၁ရက်တိုင်တိုင် ဝဲပျံနေခဲ့တာလေ။
ဒါပေမယ့် အရှင်လန်ရှန်းကိုထောက်ခံအားပေးသူတွေကတော့ မင်းသား၃ရဲ့ဉာဏ်ထက်မြက်မှုက မင်းသား၂ထက် ပိုသာတယ်လို့ပြောကြတယ်။ မင်းသား၃ကို ပင်လယ်အောက်မှာမွေးဖွားခဲ့လို့သာ သူ့ရဲ့မင်္ဂလာအတိတ်နိမိတ်က ကောင်းကင်မှာပျံတဲ့ငှက်တွေထက် ရေထဲမှကူးတဲ့ငါးတွေဖြစ်နေခဲ့တာ။ ဒါတင်ဘယ်ကမလဲ မင်းသား၃မွေးဖွားလာတော့ ကောင်းကင်မင်းကြီးကို အတော်ခေါင်းစားစေတဲ့ အကြီးအကျယ်ရေကြီးမှုကိစ္စကြီးက ရုတ်တရက်ရပ်စဲသွားခဲ့သေးတယ်လေ။ ဒါဟာဆိုရင် မင်းသား၃မွေးဖွားမှုရဲ့ အံ့သြဘနန်းဘုန်းကျက်သရေပဲပေါ့။ မင်းသား၃က ဒုတိယမင်းသားလောက် ထင်ပေါ်ကျော်ဇောမှုမရှိသော်ငြား ဒါကလည်း အရှင်မင်းသားက ကိုယ့်ကိုကိုယ်နှိမ့်ချပြီး အကိုဖြစ်သူနဲ့ အရေမရအဖတ်မရကျော်ဇော်မှုအပေါ်မှာ မယှဉ်ပြိုင်ချင်လို့ပါပဲ။

YOU ARE READING
Eternal love of dream-Three lives Three World The pillow book 2-Unicode version
Romanceဒုတိယတွဲ (Unicode version ) သုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story line 💗💗💗 three lives three world the pillow book 2 Myanmar translation by three live three world: the pillow book-Myanmar translation 💖 ဖတ်ပီးရင် vote 💗 👈 ပေးခဲ့ဦးနော် ...