အခန်း ၁၄

412 17 1
                                    

Page 274-275

Page-274

အခန်း (၁၄)

နွေဦးရဲ့နှောင်းပိုင်းရက်တွေကို လူ့ပြည်ကကဗျာတစ်ပုဒ်မှာ ဤသို့စပ်ဆိုထားလေတယ် 'သစ်ပင်ပန်းမန်၊ ငှက်မျိုးစုံနှင့် ယစ်မူးနေသည် မကြာခင်မှာ နွေဦးချိန်ကုန်ခါ ကုန်တော့မည်ဆိုမှ နိုးထလာခဲ့လေသတည်း' ။ ဖုန်းကျို ဒီကဗျာကို စာပေဝါသနာရှင် သူမရဲ့ဖခင်ထံမှ ကြားဖူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တုန်းက စာပေအားနည်းတဲ့သူမ ထူးထူးဆန်းဆန်း ထိုကဗျာကိုတော့ ကောင်းကောင်းနားလည်ခဲ့တယ်။ လူတွေဟာ နွေဦးရာသီကို ဥတုရာသီလေးခုထဲမှာ အကောင်းဆုံးရာသီအဖြစ် ပူဆွေးတမ်းတလေ့ရှိကြတယ်။ အမျိုးအစားစုံလင်လှတဲ့ပန်းမန်တွေ၊ သာယာငြိမ့်ညောင်းလှတဲ့ ငှက်တို့ရဲ့တေးသီသံတွေ အစရှိသဖြင့် မြင်မြင်သမျှအရာအားလုံးက လှပကြည်နူးဖို့ကောင်းနေတော့ လူတွေဟာ ထိုအရာတွေမှာယစ်မူးပြီး အချိန်တွေကုန်ဆုံးသွားမှုကို သတိမထားမိကြဘူး။ သူတို့သတိရလို့ကြည့်ခါမှ ကုန်သွားတဲ့အချိန်တွေက တိုတောင်းလွန်းပါလားလို့ ညည်းညူတတ်ကြတယ်။ သူမဒီစကားတွေကိုပြောတော့ သူမအဖေ သူမကို စိတ်တူကိုယ်တူ ဝါသနာတူတစ်ယောက်ကို တွေ့လိုက်ရသလိုငေးကြည့်နေပြီး သူ့ရဲ့မျက်လုံးတွေထဲမှာ ယုံကြည်စိတ်ချမှုကဲ့သို့သော အရိပ်အယောင်တွေ ပြည့်နေရှာခဲ့တယ်။

ဒီနေ့ အရှင် Xize အိမ်တော်မှ တစ်ဖန်ထွက်သွားခဲ့တယ်။ ထွက်သွားတဲ့သူ့ရဲ့ကျောပြင်လေးကို ငေးကြည့်ရင်း ဝမ်းနည်းညှိုးငယ်လာသလို ခံစားရတဲ့အတွက် ဖုန်းကျို ဒီကဗျာလေးကို သတိရမိသွားခြင်းဖြစ်သည်။ သူမနိုးလာတဲ့အချိန်မှာ နွေဦးကကုန်ဆုံးသွားပြီကိုး။ တကယ်တော့ သူမနဲ့ Xize အတူတကွရှိခဲ့ကြတဲ့အချိန်က အဲ့လောက်တိုတောင်းလှတာတော့မဟုတ်ပေမယ့် တစ်ပတ်ဆိုတဲ့အချိန်က ယစ်မူးစေတတ်တဲ့နွေဦးလို အကုန်မြန်တာတော့အမှန်ပဲ။

သူမ Xize ကို ဒီ့ထက်ပိုကြာကြာနေစေချင်သေးတယ်။ ဒါပေမယ့် အဲ့လိုဆိုရင် Mo Shao အတွက် ရက်စက်ရာရောက်လိမ့်မယ်။ မနေ့က Mo Shao Xize ဆီကိုပို့တဲ့စာကို သူမ မတော်တဆမြင်သွားခဲ့တယ်။ သနားစရာကောင်းစွာနဲ့ သူ မှော်ပစ္စည်းကိုလုပ်နေတာ နောက်ဆုံးအဆင့်ရောက်နေပြီတဲ့။ အံ့မခန်းဖွယ်ရာမှော်ပစ္စည်းတစ်ခုဖြစ်တာကြောင့် နောက်ဆုံးအပြီးသတ်တဲ့အဆင့်မှာ အရမ်းကိုအန္တရာယ်များတယ်၊ မတော်တဆ အမှားလေးတစ်ခုဖြစ်သွားခဲ့ရင် ထိုအဆင့်ထိ ကြိုးစားခဲ့သမျှစွမ်းအင်တွေနဲ့ အားထုတ်မှုတွေကို ရလဒ်ပြောင်းပြန်လှန်ပစ်နိုင်တယ်၊ အခြေအနေက အရမ်းကိုအရေးကြီးနေတာမို့ အရှင်အမြန်ဆုံး ဗိမ္မာန်တော်ကိုပြန်လာခဲ့ပါဆိုပြီး ပြောထားခြင်းဖြစ်သည်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now