454-459

388 48 5
                                    

Page 454-459

Page-454

သလင်းကျောက်မျှော်စင်ဆိုတာက ၃၆ ထပ်မြောက်ကောင်းကင်ဘုံက Qing Yun ခန်းမရဲ့ဘေးက အထပ်နှစ်ထပ်ရှိမျှော်စင်တစ်ခုဖြစ်လေတယ်။ သုံဟွာသီကျွင်း တစ်နှစ်မှာတစ်ခေါက် တရားစီရင်မှုကိုဦးဆောင်တဲ့နေရာဖြစ်ပြီး အချိန်ကတော့ Qing Yun ခန်းမထဲ၌ နတ်ငယ်အသစ်လေးတွေကို ဘွဲ့ရာထူးတွေချီးမြှင့်တဲ့အချိန် မေလရဲ့ ၅ ရက်မြောက်နေ့တိုင်းမှာပဲဖြစ်သည်။

အရင်နှစ်တွေကတော့ နတ်ငယ်လေးတွေဟာ သီကျွင်းကိုဂါရဝပြုပြီးရင် တစ်ခါတစ်ရံ ဤသလင်းကျောက်မျှော်စင်ဆီကို လာရောက်လည်ပတ်တတ်ကြတယ်။ သို့သော် ဒီနှစ်မှာတော့ မျှော်စင်ပေါ်သို့တက်လာတဲ့နတ်ငယ်လေးတွေ တစ်ဦးတစ်ယောက်မှ ဖုန်းကျိုမမြင်မိဘူး။ ဒုတိယထပ်မှာ လက်ဖက်ရည်သောက်နေရင်း ကြည့်ရတာ အောက်ထပ်မှာစောင့်ကြပ်နေတဲ့ ဇွဲကြီးလှတဲ့နတ်ငယ်လေးကြောင့်ထင်ပါရဲ့လို့ သူမကောက်ချက်ချနေမိတယ်။

ဒီနတ်ငယ်လေးရဲ့အမူအရာတွေဟာ ပုံစံတစ်ခုတည်းကထွက်လာတယ်လို့ထင်ရတဲ့ အခြားနတ်ငယ်လေးတွေလိုမျိုး ဣနြေ္ဒကြီးပြီး ရှက်ကြောက်တဲ့အမူအရာမျိုးကို မတွေ့ရဘူး။ သူမတို့လာရာလမ်းမှာလဲ တက်ကြွပေါ့ပါးနေကာ ငြိမ်ကုပ်ခြင်း၊ တာဝန်ကိုအထူးလေးစားခြင်းမျိုးမရှိဘဲ ဖျတ်လက်တက်ကြွနေခဲ့တယ် "အရှင်မကတော့ ကျွန်မကိုသိမှာမဟုတ်လောက်ပေမယ့် ကျွန်မကတော့ အရှင်မအကြောင်းကိုသိနေတာကြာပါပြီ ကျွန်မက Fanyin တောင်ကြားက မြေခွေးနတ်ငယ်လေးလေ လွန်ခဲ့တဲ့နှစ် ၂၀၀ လောက်က ကျွန်မကို အရှင်သီကျွင်းကပဲ ကယ်ပေးခဲ့ပြီး ကောင်းကင်ဘုံကို ခေါ်လာပေးခဲ့တာ အရှင်မလဲ Fanyin တောင်ကြားမှာနေခဲ့ဖူးတယ်လို့ ကျွန်မကြားဖူးတယ် ကျွန်မတို့တောင်ကြားက အရမ်းကိုလှတယ်နော်.. ဟုတ်တယ်မဟုတ်လား အရှင်မ?"

ကောင်းကင်ဘုံကနတ်ငယ်လေးတွေက အရမ်းဟိတ်ဟန်ကြီးလွန်းတယ်လို့ ဖုန်းကျိုထင်ခဲ့တာ။ ဒါပေမယ့် ဒီနတ်ငယ်လေးရဲ့ရင်နှီးဖော်ရွေမှုကတော့ သူမနဲ့အပြိုင်နီးပါးလောက်ပါပဲ။ သူမ 'ဟုတ်တယ်' လို့ပြန်ပြောလိုက်ပြီး ကောင်းကင်ဘုံက မကြာသေးခင်ကအဖြစ်အပျက်တွေကိုမေးဖို့ သူမကိုပြုံးပြလိုက်တယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now