474-480

539 57 4
                                    

Page 474-480

Page-474

Ye Qingti မသေမျိုးတစ်ယောက်ဖြစ်လာတာ သိပ်မကြာသေးဘူးလေ။ ဒါကြောင့် နတ်ဘုရားတွေရဲ့တိုက်ပွဲကို ဘယ်လိုဆင်နွှဲရလဲ သူကောင်းကောင်းမသိသေးဘူး။ ပင်လယ်ပြာအပြင်ဘက်က ရွှံ့မြေတောဆီသို့ ဖုန်းကျိုတို့ရောက်တဲ့အချိန်မှာ သူရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် Ye Qingti အတော်လေးရှော့ရသွားတာအမှန်ပဲ။

ဖောက်ထွင်းမြင်နိုင်တဲ့ ငွေရောင်တံတိုင်းတစ်ခု ရွှံ့မြေတောရဲ့ဘေးပတ်ပတ်လည်မှာ မြေပြင်ပေါ်ကနေ ပေါ်ထွက်ဖြစ်တည်လို့နေတယ်။ မိုးကောင်းကင်က ကြယ်တွေဟာ ကြွေကျနေတဲ့ပန်းတွေလို အဆက်မပြတ်ကျလို့နေပြီး တံတိုင်းနံရံပေါ်ကို တင်ကပ်သွားပုံက မသိရင် ကြယ်တွေနဲ့လုပ်ထားတဲ့ အတားအဆီးတစ်ခုအလားပဲ။ နံရံအတွင်းထဲမှာတော့ ဧရာမရေပြာရောင်လှိုင်းလုံးကြီးတွေ အထက်ကိုမြင့်တက်လို့နေပြီး လှိုင်းလုံးကြီးတစ်ခုရဲ့ထိပ်မှာတော့ ဓားရှည်တစ်လက်ကိုင်စွဲထားတဲ့ ခရမ်းရောင်ဝတ်ရုံဝတ်နတ်မင်းတစ်ပါးဟာ သူမရဲ့အနီရောင်အင်္ကျီခါးစည်းကို လက်နက်သဖွယ်အသုံးပြုပြီးတိုက်ခိုက်နေတဲ့ နတ်ဆိုးမတစ်ဦးနဲ့ သူသေကိုယ်သေ အပြင်းအထန်တိုက်ခိုက်လို့နေတယ်။

နတ်ဆိုးမရဲ့နောက်က မကောင်းတဲ့အနက်ရောင်အငွေ့အသက်တွေဟာ ကိုယ်ပိုင်အသိနဲ့ပြုမူနိုင်စွမ်းရှိတဲ့ သားရဲတစ်ကောင်လို အမြီးသုံးချောင်းရှိ ဧရာမစပါးအုံမြွေကြီးအဖြစ်သို့ စုဝေးသွားလေတယ်။ မြွေကြီးဟာ ချုပ်လှောင်ထားမှုအတွင်းကနေလွတ်မြောက်ဖို့အတွက် နံရံကိုဖျက်စီးတိုက်ခိုက်ဖို့ရာအခွင့်အရေးကို ကမူးရှိုးထိုးရှာဖွေနေလေတယ်။ ထိုစဉ် ခရမ်းရောင်ဝတ်ရုံနဲ့နတ်မင်းနောက်က ငွေရောင်အလင်းတန်းဟာ တစ်ခါတစ်ရံ နဂါး၊ တစ်ခါတစ်ရံ ဖီးနစ်ငှက်၊ တစ်ခါတစ်ရံ သိန္နောမြင်းပျံ စသဖြင့်အမျိုးမျိုးပြောင်းလဲရင်း အမြီးသုံးချောင်းရှိစပါးအုံမြွေကြီးကို တိုက်ခိုက်လို့နေတယ်။

သားရဲကောင်ကြီးရဲ့ဒေါသတကြီးအော်သံတွေဟာ နံရံရဲ့နောက်ကနေ ဟိန်းထွက်လာတဲ့အချိန်မှာ မြေပြင်တစ်ခုလုံး ယိမ်းထိုးလှုပ်ရှားသွားပြီး ဧရာမလှိုင်းလုံးကြီးတွေဟာလဲ မိုးရေတွေအဖြစ်သို့ ဒလဟောရွာချလာခဲ့တယ်။ မုန်းတီးမှုတွေက အနီရောင်ဝတ်စုံနဲ့ နတ်ဆိုးမရဲ့မျက်လုံးတွေထဲမှာ ပိုပြီးတောက်လောင်လာတာပေါ့။ ခရမ်းရောင်ဝတ်ရုံနဲ့နတ်မင်းကတော့ သွေးမရှိသလိုဖြူလျော့နေပေမယ့် မရွေ့လျားတဲ့ထင်းရှူးပင်တစ်ပင်လို ရပ်နေဆဲပဲ။ Canghe ဓားဟာ ပိုပြီးအရှိန်မြန်လာသလို လှုပ်ရှားမှုနဲ့အမျှ ပိုပြီးကြောက်မက်ဖွယ်ကောင်းလာခဲ့တယ်။ တစ်ချိန်တည်းမှာ ငွေရောင်အလင်းတန်းကနေဖြစ်ပေါ်လာတဲ့ မြင့်မြတ်တဲ့သတ္တဝါကြီးဟာ မြွေကြီးရဲ့အသားထဲကို ၇ လက်မလောက်အထိ ကိုက်ထည့်ပစ်လိုက်လေတယ်။ မြွေကြီးလဲ နံရံကိုမဖျက်စီးနိုင်တဲ့အဆုံး ကြံရာမရဖြစ်ကာ မြင့်မြတ်တဲ့သတ္တဝါကို သူနဲ့အတူဆွဲချသွားပြီး နှစ်ကောင်စလုံး ရွှံ့မြေတောရဲ့ဘေးကတံတိုင်းကို ဝုန်းခနဲသွားတိုက်မိကြလေတယ်။ ချက်ချင်းပဲ မြေပြင်တစ်ခုလုံး ဟီးခနဲမြည်သွားကာ နတ်ဆိုးမနဲ့ ခရမ်းရောင်ဝတ်နတ်မင်းတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း သွေးအန်လာခဲ့တယ်။

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now