အခန်း ၂

730 38 1
                                    

Page 17-21

Page-17

အခန်း (၂)

သူမဘယ်လောက်ကြာအောင်အိပ်ပျော်သွားလဲ ဖုန်းကျိုမသိတော့ဘူး။

သူမ အစဉ်အမြဲခေါင်းတွေမူးနောက်နေခဲ့ပြီး ဘာတွေဖြစ်နေတာလဲမသိပေမယ့် တစ်ခါတစ်ခါ သူမတစ်ခုခုကိုခံစားမိတယ်။ သူမကို တစ်စုံတစ်ယောက်ကပွေ့ချီထားသလိုပဲ။

သူမကိုပွေ့ချီထားတဲ့သူကိုလည်း သူမသိသလိုခံစားရတယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ ထိုသူရဲ့နာမ်မည်ကို သူမ လုံးဝစဉ်းစားလို့မရဘူး။ ပြီးတော့ ရီဝေဝေစန္ဒာကူးနံ့လေးကိုလည်း ဝိုတဝါးရနေတယ်။ သူမ ဒီရနံ့ကိုရင်းနှီးနေသလိုပဲ။ ဒါပေမယ့် ထိုရင်းနှီးမှုကို စဉ်းစားရင်းစဉ်းစားရင်း ပိုမိုဝေးလံသွားခဲ့ပြီး သူမခေါင်းကိုက်လာတော့တယ်။

အချိန်အတော်ကြာ ပွေ့ချီထားမှုကိုခံရပြီးနောက် နူးညံ့တဲ့မျက်နှာပြင်တစ်ခုပေါ်ကို သူမရောက်သွားလေတယ်။ ပိုပြီးသက်သောင့်သက်သာရှိသွားတာကြောင့် သူမကိုပွေ့ချီထားတဲ့လက်မောင်းလေးတွေကို ဖြည်းဖြည်းချင်းဖြေလျော့ပေးလိုက်တယ်။

သူမ အပြည့်အဝသတိမရသေးသလို သူမကိုယ်ကလည်း အချိန်တိုင်းလိုလို စူးရှနာကျင်နေတာမို့ သူမအရမ်းပင်ပန်းနေပါပြီ။ ခုလိုမျိုးလှဲနေရတာကို သူမကြိုက်တယ်။ ပိုပြီး သက်သောင့်သက်တာဖြစ်တယ်လေ။

နာကျင်မှုက အမြဲအလည်လာနေတဲ့ဧည့်သည်တစ်ယောက်လိုပါပဲ။ သို့သော် သူမ နာကျင်မှုကိုသည်းခံတဲ့နေရာမှာ မတော်လှဘူး။ ထိုသို့သည်းမခံနိုင်တော့တဲ့အချိန်တိုင်း ညည်းသံ၁ခု၂ခုလောက်တော့ သူမပြုလုပ်မိတယ်ထင်တယ်။ ဆိုးဝါးလှတဲ့နာကျင်မှုကြီးတစ်ခု သူမတစ်ကိုယ်လုံးကိုပျံ့နှံ့သွားတိုင်း လက်တစ်စုံက သူမကိုနီးကပ်စွာထွေးပွေ့ပေးထားတယ်။ ပြီးတော့ ထိုလက်တစ်စုံက အရည်လိုအရာတစ်ခုကို သူမကို တစ်ဇွန်းပြီးတစ်ဇွန်းတိုက်ကျွေးသေးတယ်။ အနံ့က သွေးညှီနံ့လိုပြင်းထန်ပြီး အရသာလည်းလုံးဝမကောင်းဘူး။ သို့သော် ထိုအရည်တစ်ဇွန်း သူမလည်ချောင်းထဲကိုရောက်သွားတိုင်း စူးရှနာကျင်မှုက အတော်လေးသက်သက်သွားတယ်။ အစွမ်းထက်တဲ့ ဆေးကောင်းတစ်လက်ပဲ ဖြစ်ရမယ်။ (နင့်ကို သုံဟွာ သူ့သွေးတွေတိုက်နေတာလေ ဖုန်းကျိုရဲ့😢)

Eternal love of dream-Three lives Three World The pillow book 2-Unicode versionWhere stories live. Discover now