Part 17 (U&Z)

7.1K 992 19
                                    

ပုပ်ဟောင်သောအနံ့သည် နှာခေါင်းထဲမှ သွေးကြောမျှင်ငယ်များအားလုံးကို တွန်းပဲ့တိုက်စားနေသည်လား ထင်မှတ်မှားရသည်။ ထိုအနံ့ဆိုးကြီးသည် နှာခေါင်းတွင်းမှ တောက်လျှောက်တက်လာပြီး နဖူးလယ်တည့်တည့်သို့ရောက်ကာ မိမိဦးနှောက်များကို ဖောက်စားနေသလိုပင်။ မည်းမည်းမှောင်နေသောကြောင့် မျက်လုံးများသည် ကိုယ်ခန္ဓာအတွက် အပိုအင်္ဂါများဖြစ်နေသည်။ နှာခေါင်းကို ပိတ်ကာ ပုပ်ဟောင်သောအနံ့များမှ သက်သာလို ရလိုရငြား ကြိုးစားကြည့်သည်။ မအောင်မြင်။ မလှမ်းမကမ်းဆီမှ အသက်ရှူသံ၊ လှုပ်ရှားသံများကို ကြားလိုက်ရ၍ အားတက်သွားသည်။

"ဟေ့ကောင်တွေ.."

လေးဘက်ကုန်းထသည်။ ကြမ်းပြင်ပေါ်လက်ချမိသည့်ခဏ ချွဲကျိကျိအရည်များကို ကိုင်မိသောကြောင့် ဗုန်းခနဲ လဲပြိုသွားပြန်သည်။ မျက်နှာသည် စေးကပ်ကပ် အရာများပေါ် အပ်ကျကာ ပုပ်သဲ့သောအနံ့များ တိုး၀င်လာသည်။

"‌‌ေ၀ါ့.."

ဆိုးရွားလှသော အပုပ်နံ့များကြောင့် ထိုးအန်မိသည်။

"ဦးလေး.. ဦးလေးလား.."

လူငယ်လေးတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရ၍ ပြောမပြနိုင်လောက်အောင် ၀မ်းသာသွားသည်။

"ဟေ့.. ချီရိုလား.. ဟေ့ကောင်.. မင်း .. မင်း ချီရိုမဟုတ်လား။"

"ဟုတ်တယ် ဦးလေး။ ဦးလေး ဘယ်မှာလဲ။"

"ငါ လာခဲ့မယ်။ မင်း ငါ့ကို စကားဆက်ပြော။"

အသံကြားရာကို ခန့်မှန်းကာ လေးဘက်ထောက်ရင်း အမှောင်ထဲမှာ ကြိုးစားလျှောက်လာခဲ့သည်။ မိမိ၏ ခေါင်းပြောင်ပြောင်ပေါ်သို့ ချွဲကျိကျိအရည်များ တတောက်တောက်ကျနေသည်ကို ခံစားနေရသည်။ ပုပ်အဲ့နေသော အနံ့များကို ဂရုမစိုက်နိုင်တော့။ အဖော်ရှိရာသို့ ကြိုးစားလာခဲ့သည်။

သူ မှတ်မိနေသည်မှာ ဖလော်ရာ၏ လည်ပင်းကို သူ ဓါးနှင့်လှီးလိုက်သည်။ ထိုကောင်မ၏ ကြောက်လန့်တကြားအော်သံ။ ထို့နောက်မှာတော့ ပေါက်ကွဲသံ။ အလင်းတန်းများ။

Dark AngelWhere stories live. Discover now