Part 20 (U&Z)

6.9K 1K 11
                                    

"မင်း လုပ်ချင်တိုင်း လုပ်လို့မရဘူး အားလက်စ်။"

မမာထန်သည့် လေသံတွင် အမိန့်အာဏာသံသည် ကိန်း၀ပ်နေသည်။ အဖြူရောင်ပိုးသား၀တ်ရုံသည် ကြံ့ခိုင်သော ကိုယ်ခန္ဓာတွင် ပိရိသေသပ်စွာ။ အောက်ခြေနားမှ ရွှေချည်မျှင်များသည် အလင်းရောင်သိပ်မရှိသော ခန်းမကျယ်ထဲတွင် လင်းလက်နေသည်။ ကြည်လင်သော အသားအရေသည် နှင်းပွင့်ဖြူများအုပ်ဆိုင်းနေသည့် ပန်းတစ်ပွင့်လို။ အားလက်စ်သည် မိမိရှေ့တွင်ရပ်နေသူ၏ မျက်လုံးပြာများကို စူးစိုက်ကြည့်လိုက်သည်။ ဆူပွက်လာသော ဒေါသများကို လှောင်ရယ်သံအဖြစ် ဖြေဖျောက်နိုင်ရန် ကြိုးစားလိုက်သည်။

"ဆိုပါဦး နတ်ဘုရားတို့ရဲ့ အရှင်သခင် ဒန်နရယ်နတ်မင်းရ။ ခင်ဗျားဆုံးမတာကို ကြားချင်လွန်းလို့ပါ။"

"ငါ ထပ်ပြောမယ်။ မင်းတို့လုပ်ချင်တိုင်း လုပ်လို့မရဘူး။"

"ကျုပ်က ဘာလုပ်နေလို့လဲ။"

လှမ်းကြည့်သည့်အကြည့်က မိမိမေးခွန်းကို ဖြေစရာမလိုဆိုသည့်သဘော။ မိုးထိအောင်ခေါင်ခိုက်နေသော မာနကို အားလက်စ် သဘောကျသွားသည်။ ဒီလိုလူမျိုးမှသာ သူ့အတွက် ပိုပြီး အရသာရှိလိမ့်မည်။

"ကျုပ်နောက်လိုက်တွေက အပြင်ထွက်ပြီး အစာရှာမယ်ဆိုလို့ ခွင့်ပြုမလို့လေ။ ဘာြဖစ်လို့လဲ။"

"မင်းနောက်လိုက်တွေ.."

"ဟုတ်တယ်။ အခုအချိန်ကစပြီး ကျုပ်က သူတို့ခေါင်းဆောင်ပဲ။ ဘာလဲ။ ခင်ဗျားရဲ့တရား၀င်ခွင့်ပြုချက်ကို ကျုပ်တောင်းရဦးမှာလား။"

ဒန်နရယ်မဖြေ။ အားလက်စ်ရှိရာ တစ်ချက်လှမ်းကြည့်ပြီး အကြည့်လွှဲလိုက်သည်။

"မင်း ဘာြဖစ်ချင်လဲ အားလက်စ်။"

"ခင်ဗျားသိပြီးသားပဲ မဟုတ်လား။"

ဒန်နရယ်သည် မျက်လွှာချကာ မသိမသာခေါင်းကိုငုံ့လိုက်သည်။ တော်တော်နှင့်ပြန်မော့မကြည့်။ လရောင်သည် ခန်းမကျယ်အတွင်းသို့ အဖြူရောင်အငွေ့တစ်ခုနှယ် ပျော့ပျောင်းစွာ ကျဆင်းနေသည်။ လရိပ်ထင်နေသော ကြမ်းပြင်ကို ငေးကြည့်နေသဖြင့် လှုပ်ခတ်နေသော ဒန်နရယ်၏ ရွှေရောင်မျက်တောင်များကိုသာ မြင်နေရသည်။

Dark AngelTempat cerita menjadi hidup. Temukan sekarang