Teaser

7.4K 1K 202
                                    

တောင်ပေါ်လေသည် တဖြူးဖြူးတိုက်ခတ်နေသည်။ တောင်စောင်းတစ်နေရာတွင် ကန်တော့ပုံခေါင်မိုးနှင့် ကျောက်အိမ်ငယ်လေးတစ်လုံး။ ကျောက်များကို အချပ်လိုက်ဖြစ်အောင် ခွဲကာ တစ်ခုပေါ်တစ်ခုထပ်လျက် စနစ်တကျဆောက်လုပ်ထားသည့် အိမ်ငယ်လေးဖြစ်သည်။ မီးခိုးတိုင်မှ အငွေ့များသည် တလူလူ ကောင်းကင်သို့ လွင့်ပျံနေသည်။

မြေခွက်ငယ်ကို လက်မှာကိုင်ထားသည့် လူငယ်တစ်ယောက်သည် အိမ်အပြင်နံရံကို မှီရပ်နေသည်။ ပူနွေးသော ရေနွေးငွေ့များသည် ခွက်ငယ်မှ လှိမ့်ထွက်နေသည်။ နှုတ်ခမ်းနားထိရောက်အောင် မယူပြီးမှ နှုတ်ခမ်းများကိုစုပြီး မှုတ်လိုက်သည်။ လူးလွင့်သွားသော အငွေ့များကြားတွင် တောတောင်ရှုခင်းများသည် ရှုမငြီးနိုင်အောင် လှပနေသည်။

စိမ်းလန်းသောတောတန်း၊ မြင့်မားသောတောင်တန်း၊ အ‌ေ၀းမှ လှမ်းမြင်နေရသော အဖြူရောင်ရေတံခွန်.. အရာရာသည် ငြိမ်းချမ်းသာယာမှုသရုပ်ဖော် ပန်းချီကားတစ်ချပ်လိုပင်။

"ဒန်နီ.. ထတော့လေဗျာ.."

အိမ်အတွင်းဖက်သို့ လှမ်းပြောလိုက်သည့် လူငယ်သည် မြေခွက်ငယ်မှ ရေ‌နွေးနွေးကို မော့သောက်လိုက်သည်။ ကာမိုမီလာ ပန်းပွင့်ငယ်များ လှုပ်ခတ်သွားကာ သင်းပျံ့ပျံ့မွှေးရနံ့သည် လန်းဆန်းသွားစေသည်။

အိမ်အတွင်းဖက်မှ ပြန်ဖြေသံ မကြားရ။ သားရေပြားချပ်ကို တံခါးအဖြစ်အသုံးပြုထားသည်ကို တွန်းဖယ်လိုက်ပြီး အိမ်အတွင်းသို့ ၀င်လာခဲ့သည်။ ထင်းမီးဖိုငယ်မှ တဖျစ်ဖျစ်တောက်လောင်သံ ထွက်ပေါ်နေသည်။ သင်းမွှေးသော ထင်းရှူးသားနံ့သည် အိမ်ခန်းကျဥ်းလေးတွင် မွှေးပျံ့နေသည်။ မည်သည့်အသုံးအဆောင်ပစ္စည်းမှ မည်မည်ရရမရှိ။ မရှိမဖြစ်အသုံးအဆောင်များဖြစ်သည့် လေးမြားလက်နက်တစ်ချို့နှင့် အိုးခွက်တစ်ချို့သာ။

အခန်းထောင့်တစ်နေရာရှိ ကောက်ရိုးအိပ်ရာထက် ကွေးအိပ်နေသော လူငယ်တစ်ယောက်။ သိုးမွှေးစောင်ကို ခြုံထားသည်။ ဒူးကိုကွေးကာ လက်တစ်ဖက်‌ပေါ်ခေါင်းတင်ပြီး နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ စင်းကျနေသော မျက်တောင်များနှင့် နှာတံစင်းစင်း။ ဖြူနုသောအသားအရောင်သည် တောင်ပေါ်နှင်းပန်းတစ်ပွင့်ပမာ။

Dark AngelWhere stories live. Discover now