ဒီပုံပြင်ရဲ့ အရာရာဟာ Kurashiki မြို့ငယ်လေးရဲ့ မထင်မရှား အထက်တန်းကျောင်း တစ်ခုကနေ စတင်ခဲ့ပါတယ် ..
Kurashiki ဟာ တိုကျိုကနေ သုံးနာရီလောက် ကားမောင်းရုံနဲ့ ရောက်နိုင်တဲ့ မြို့လေး ..
Kurashiki ရဲ့ ဂုဏ်ပုဒ်တွေဟာ အေးချမ်းတယ်၊ ဆိတ်ငြိမ်တယ်၊ ဖော်ရွေတယ် .. ဒီလောက်ပဲ ။ သာမန် ကျေးလက်မြို့လေးတစ်မြို့ထက် ဘာမှမထူးခဲ့ဘူး .
Kurashiki လိုပဲ ဝမ်ယိပေါ်ရဲ့ ဘဝဟာလည်း ရိုးစင်းလွန်းနေခဲ့တယ်. မနက် ကျောင်းသွား၊ ညနေ ကျောင်းပြန်၊ သူငယ်ချင်းတွေနဲ့ ဝေးလားဝါးလားလုပ် ...
လူမျိုးစပ် ကလေးတွေ ဖြစ်လေ့ရှိတဲ့အတိုင်း ယိပေါ်မှာလည်း နာမည် နှစ်ခု ရှိတယ်. ကျောင်း နာမည်က Ren ...
Wang Yibo ဆိုတဲ့ နာမည်ကိုတော့ ရင်းနှီးတဲ့လူ တစ်ချို့ကလွဲလို့ သိတဲ့သူ အရှားသား ..
အဲဒီတော့ ယိပေါ် နာမည်ဟာ Ren ဖြစ်လိုက်၊ ဝမ်ယိပေါ် ဖြစ်လိုက် . သိတဲ့လူတိုင်းက ကြုံရင် ကြုံသလို ခေါ်တာပဲ ..
မာမားက တရုတ်လူမျိုး ဖြစ်နေလို့ တရုတ်နာမည် ရှိတာကလွဲရင် ယိပေါ်အတွက် ဘာမှ မခက်ခဲပါဘူး.
ငယ်ငယ်လေးတည်းက ဂျပန်မှာ မွေးခဲ့တာမို့ ဂျပန်စကားက ဒေသခံတွေထက်တောင် မွတ်နေပြီ ..
ဒီနေ့ဟာလည်း ပုံမှန် နေသာတဲ့ နေ့တစ်နေ့ ။
လူတိုင်းဟာ ပုံမှန် လည်ပတ်နေတယ် ..
နည်းနည်းလေး ထူးတာဆိုလို့ ပထဝီအချိန်မှာ အိပ်ငိုက်တာ မိသွားလို့ ယိပေါ် တစ်နာရီလုံးလုံး အတန်း ရှေ့ မတ်တပ်ရပ်နေခဲ့ရတာပဲ ရှိတယ် ..
_
" Ren .. ပြန်မယ်လေ .. "
Kenta က ယိပေါ်ကျောကို ဗုန်းခနဲ ရိုက်ပြီး လာခေါ်တယ် ..