" ဘာလုပ်ဖို့လဲ ပြောလေ.. ဘာလုပ်မလို့လဲ ပြောရင် ကျွန်တော် ဖွင့်ပေးခဲ့မယ် "
" မင်းကလည်း ငါ တကယ် ဘာမှမလုပ်ပါဘူးဆိုမှ "
" မရဘူး "
ကိုကို့ ဘက်ကို လှည့်ပြီး မျက်လုံးထဲကို စိုက်ကြည့်ပစ်လိုက်တယ် ။
ကိုကိုက.. အရင်လို သော့ခတ် မထားခဲ့တော့ဖို့ ပူဆာနေတာ ။ကျန်တာတွေ အပြည့်အဝ ယုံကြည်ပေမယ့် ကိုကို ထွက်သွားမှာကိုတော့ နည်းနည်းလေးတောင် မယုံပေးနိုင်ဘူး။ အဲ့ဒီ ကိစ္စမှာတော့ သူက ဒဏ်ရာ ရထားတဲ့ ကျားနာလေးလိုပဲ ။
ဆေးဖြတ်ပြီးသွားတဲ့ ကိုကိုက ပါးတွေ ပြန်ဖောင်းမလာသေးပေမယ့်
နှုတ်ခမ်းတွေကတော့ ရဲစိုနေခဲ့ပြီ။မရဲလို့လည်း ရမှ မရတာ..
နှုတ်ခမ်းတွေ ခြောက်နေတယ်နော် ဆိုပြီး သူက နေ့တိုင်း အားအားရှိ နမ်းနေတာမို့.. ။ပြောလေ ဆိုတဲ့ သဘောနဲ့ သူ မျက်ခုံးပင့်ပြလိုက်တော့ ကိုကို့ဆီက ထစ်ထစ်အအ နဲ့ အသံထွက်လာတယ်..
" နောက်တစ်ပတ်ဆို တိုကျိုပြန်တော့မှာမလား
အဲ့ဒါ.. အိမ်ပြန်ပြီး ဓာတ်..ဓာတ်ပုံတွေ သွားယူမလို့ "ဘယ်လို ?
ဓာတ်ပုံ? ကိုကို့ ကင်မရာ ထဲက ပုံတွေလား.. ?ဘုရားရေ။ သူတစ်ယောက်တည်း သိမ်းထားတယ် ထင်နေတာ
သူ့ရင်ထဲ အပူလှိုင်းလေး ဖြတ်စီးသွားတယ် ။ ကိုယ့်ကိုကိုယ်တောင် လူမှန်းမသိတဲ့ အခြေအနေမှာ ကိုကိုက ဒီဓာတ်ပုံတွေကို သိမ်းထားနိုင်ခဲ့သေးတယ်လား ။
ကိုကို့ တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ပြီး ဆံပင်တွေကြားထဲ မျက်နှာအပ်လို့ ရှန်ပူနံ့ကို တစ်ဝကြီး ရှူရှိုက်လိုက်တယ်..
" ကျွန်တော် ကိုကို့ကို ယုံလို့ တံခါးဖွင့်ထားပေးခဲ့မယ်နော်..
ဒီတစ်ခေါက် ထပ်ထားသွားခဲ့ရင် ကျွန်တော့်အလောင်းပဲ ပြန်တွေ့ရတော့မှာ သိတယ်မလား.. "သူ့အသံတိုးတိုးရဲ့အဆုံးမှာ..
ကိုကိုက ရင်ခွင်ထဲက ထွက်ပြီး သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်လာတယ်..
![](https://img.wattpad.com/cover/203931950-288-k986118.jpg)